ဘလော့ရပ်ဝန်းအတွက် သီချင်းတစ်ပုဒ်...
ကျွန်တော် ဒီသီချင်းလေးနဲ့ ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ်။ ကျွန်တော် ဒီသီချင်းလေးကို ပထမဦးဆုံး အကြိမ်တင်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီသီချင်းကို လူတွေ သိပ်မသိလိုက်ကြပါဘူး။ ဆီမီနာ မလုပ်ခင်လေးမှာမှ ကျွန်တော် ရေးစပ်ဖြစ်ခဲ့တဲ့သီချင်းလေးပါ.။ ဒီသီချင်းလေးက ကျွန်တော်တို့ ဘလော့ဂါရပ်ဝန်းလေးကို ရည်ညွှန်းပြီး ရေးစပ်ထားတာပါ။ ကျွန်တော်တတ်စွမ်းတဲ့ မတတ်တခေါက် အနုပညာလေးနဲ့ ဖန်တီးသီကုံးထားတာပါ။ စတူဒီယို မှာသွင်းထားတာ မဟုတ်လို့ အသံပိုင်းဆိုင်ရာ အားနည်းချက်ရှိရင် သည်းခံပေးကြပါ။ (အဆင်ပြေရင် စတူဒီယိုမှာ သွင်းဖို့ အစီအစဉ်ရှိပါတယ်) ကဲ အားလုံးပဲ နားဆင်ပေးကြပါအုံးခင်ဗျာ။
တေးရေး/တေးဆို - မင်းယွန်းသစ်
V1. သူငယ်ချင်းစိတ်ညစ်မနေနဲ့ လာခဲ့ဒို့ရပ်ဝန်းထဲ ဟန်ဆောင်မှုကင်းတဲ့ ခိုင်မာတဲ့တွဲလက်ရှိကြတယ်
ယုံကြည်ချက်များနဲ့ ပုံဖော်လို့ ၀ိုင်းဝန်းသွန်းကြမယ်။
ဒို့ရပ်ဝန်း
တေးရေး/တေးဆို - မင်းယွန်းသစ်
V1. သူငယ်ချင်းစိတ်ညစ်မနေနဲ့ လာခဲ့ဒို့ရပ်ဝန်းထဲ ဟန်ဆောင်မှုကင်းတဲ့ ခိုင်မာတဲ့တွဲလက်ရှိကြတယ်
ယုံကြည်ချက်များနဲ့ ပုံဖော်လို့ ၀ိုင်းဝန်းသွန်းကြမယ်။
Cho: ( ပြောင်းလဲတတ်တဲ့ ဒီကမ္ဘာကြီးထဲ လောကသစ် ညီစွာဆောက်မယ်
ဒို့ရပ်ဝန်း ဒီမှာရှိတယ် နွေးထွေးမှုနဲ့ ကြိုဆိုပါတယ်
တိုးတက်တဲ့ လူ့အဖွဲ့အစည်းထဲ အားဖြည့်လို့ ကူညီလိုက်ကြမယ်...)
V2. သူငယ်ချင်း အသင့်ဖြစ်ပြီလား ဖန်တီးလိုက် မင်းမနက်ဖြန်များ ရှေ့ဆက်လို့သွားမယ် ခရီးဆုံးထိ ဒို့အတူလျှောက်ကြမယ်
နယ်မြေတွေခြားပါစေ တူညီတဲ့ အိပ်မက်ရှိကြတယ်..
Cho:
V1.
(ပြင်ဆင်ချက်။ ။ သီချင်းထဲမှ “ညီလေး”ဆိုသော နေရာများ၌ “သူငယ်ချင်း”ဟု ပြောင်းလဲရန်)



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
February 5, 2008 at 4:01 PM
သေချာ နားဆင် သွားပါတယ် ... ကောာင်းတယ် ဗျို့ ... MBS ကို ပြောပြီး သီချင်း အသံ သွင်းဖို့ လုပ်လေ ... မြှောက်ပေးတာ ... ဒရမ် တီးပေးမယ် :P
February 5, 2008 at 9:33 PM
သီချင်းကောင်းတယ် ကိုမင်းယွန်းသစ်ရေ။ အားပေးပါတယ်။ အဆင်ပြေရင်တော့သွင်းလိုက်ပါ။
February 14, 2008 at 11:31 AM
သံစဉ်ရော၊ စာသားလေးတွေရော၊ သီဆိုသူရဲ့ အသံလေးရော အားလုံးကောင်းတယ်ဗျာ. အားပေးနေမယ် ကိုမင်းယွန်းလေးရေ... အောင်မြင်ပါစေဗျာ...