twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ထွက်သက်ဝဠာ

နီညိုရောင် လွင်ပြင်တခုလုံး အပျက်အစီးများ မီးခိုးညှော်နံ့များဖြင့် ဖုံးလွှမ်းနေတော့သည်။ မကြာခင်ကမှ တ၀ုန်းတဒိုင်းဒိုင်း နှင့် ငရဲပွက်သံများသည် ယခုတော့ ထူးဆန်းစွာ ဆိတ်ညံနေ၏။ တိုးတက်မှု အပေါင်းတို့သည် ပြာအတိ ဖုံးကုန်လေပြီ။ မီးပူလောင်နေသော သံထည်များ မြေပြင်ပေါ်သို့ အိတွဲ ပျော်ကျနေသည်။ မြင်မကောင်းလောက်အောင် မြေပြင်ပေါ်တွင် အတုံးအရုန်း လဲနေကျသော ဇီဝလူသားများနှင့် သက်မဲ့ သံမဏိထည် စက်ရုပ် အပိုင်းအစများ ကား ဟိုတပိုင်း ဒီတစဖြင့် ပြန့်ကျဲနေသည်။ အနီးပတ်ဝန်းကျင်တွင်တော့ သက်ရှိအပင်များသည် အဆိပ်သင့်မှုကြောင့် လောင်ကျွမ်း ညှိုးခြောက်ကုန်၏။ နှလုံးသားရှိဇီဝ သက်ရှိလူသားများနှင့် နှလုံးသားမဲ့ စက်ရုပ်များ၏ တိုက်ပွဲကား သရေကျသွားခဲ့လေ၏။ မည်သူမှ အနိုင် မရှိပဲ နှစ်ဘက်စလုံး ဆိတ်သုဉ်းကုန်လေသည်။ အတတ်ဆန်းသော အတွေးအခေါ်များနှင့် ဆန်းစစ်မှု မပါသော ဆန်းသစ်မှု များပင်ဖြစ်တော့သည်။ ထက်ကောင်းကင် တခွင်လုံးတွင်လဲ အခိုးအငွေ့ စိမ်းဖန့်ဖန့်များသည် အုပ်ဆိုင်းနေသဖြင့် ၀န်းကျင်တခုလုံး ထုံမှိုင်းနေတော့သည်။ အပျက်အစီးများကြားမှ ရုတ်တရက် လှုပ်ရှားလာသည်ကို မြင်လိုက်ရသည်။ သူ့ကိုယ်ပေါ်က အပျက်အစီးများကို တွန်းဖယ်၍ အားယူ ထလိုက်သည်။ မတ်တပ်ထရပ် လိုက်တော့မှ သူခန္ဓာကိုယ်ကို သေချာမြင်လိုက်ရ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် သံမဏိ ချပ်ဝတ်တန်ဆာကြီး ၀တ်လျှက်..။ ထိုသူကား……….။

စူးစိုက်စွာကြည့်နေတဲ့
ရာစုနှစ်ပေါင်းများစွာက
သတ္တုစော်နံသော
ခန္ဓာကိုယ်ကို သိုင်းခြုံရစ်ဖွဲ့

လွန်ကဲတဲ့ သစ်ဆန်းမှုတွေက
ဝန်ကျင်ရဲ့ သဟဇာတကိုက်ညီမှုပေါ်
ဖီလာတယ်။
(ရိုးရာမကျဘူး)
ဆွေးမြေ့ခြင်းတွေကို
ဥပက္ခာပြုခဲ့ပြီး
ကြာတော့လဲ အသစ်တွေလို ပြန်ဖြစ်လာတယ်။

မျက်ရည်တွေခန်းကုန်တဲ့
ဒီလောကပေါ် ကပ်ဆိုးကြီးတွေ
ဖရိုဖရဲ ပြုတ်ကျလာမယ့်နေ့ကို
chip တွေထဲ ကြိုတင်ထည့်ခဲ့ပြီးသား

ကျိန်စာသင့် တွင်းနက်တွေမှာ
ခိုရာမဲ့ ၀ိဥာဉ်တစ်ချို့ တွဲလဲခိုလို့

ပင်လယ်တွေဆူပွက်... ပက်ကြားအက်မြေကြီးပေါ်
ဆန့်ကျင်ဘက် ရပ်နေသူ။

ပြုံးတော့ပြုံးပါရဲ့... အသက်မပါသလိုဖြစ်နေတယ်။

ပွက်လောညံနေတဲ့ အသံတွေကို
မကြားဟန်ပြုတာမဟုတ်ဘူး။
(သူ့) ကြောဘက်မှာ
ဝါယာ(၂)ချောင်းထွက်ပြီး ခေါင်းပေါ်မှာ circuit ကြီး
ငေါထွက်နေတဲ့ အဖြစ်
ကဲ...ကြည့်ကြပါဦး။

Read Users' Comments (1)comments

1 Response to "ထွက်သက်ဝဠာ"

  1. Yan says:
    February 23, 2008 at 11:28 AM

    ဂွတ်တယ်ကွာ.

    ကိုမင်းယွန်းကွ

း)