ထမင်းလုံး တစ္ဆေ...
ချောက်ချက်...ချောက်ချက်
ဆိတ်ညံနေတဲ့ ညအချိန်ရဲ့ လမွန်းတည့်ချိန်....
နရီသံ စည်းချက်မှန်မှန်နဲ့
စက္ကန့်တွေက ခေါက်တုန့် ခေါက်ပြန်...
ကြံဖန်တဲ့ အတွေး တစ္ဆေက
ဝင်သက်နဲ့ ထွက်သက်ပြောင်းပြန်ဖြစ်နေ...
အခန်းပြင်ရဲ့ ဒေါင့်က မျက်လုံးတွေက
မသိမသာ ခိုးခိုးကြည့်နေကြ...
အငွေ့ အခိုးတွေ အခန်းထဲ ကျပ်သိပ်
ဝိဥာဉ်တစ်ကောင်ရဲ့ ကိုယ်တစ်ပိုင်းပုံရိပ်...က...
ဖြတ်ကနဲတွေ့လိုက်ရဲ့...
တဒိတ်ဒိတ်နဲ့ ခုန်နေတဲ့ နှလုံး နှင့်
သွေးစွန်းမယ့် မျက်နှာကြက်စွန်းတွေ ပြိုးပြိုးပျက်ပျက်နေရဲ့
ဝါဒက ငါ့ကို လက်ကိုင်ပြုတယ်၊ ကဗျာက ငါ့ကိုပြန်ရေးတယ်
အိပ်မက်က ငါ့ပြန်မက်တယ်။
အတိုဆုံးအပြုံးတွေ ကုပ်ကပ်ပြီး ထွက်လာတဲ့
သူ့မျက်နှာကြီးက ညှီစော်နံနေတယ်။
ကဲ...ရေးထားတဲ့...စာသားကလဲပျောက်
(ငါ့) စကားလုံးတွေ ကြောက်ကြောက်နေတယ်။
ဖိနပ်မစီးတတ်တဲ့ ကံကြမ္မာကြီးက
ငါ့နေ့တွေကို ဆွဲ....ဆွဲဆန့်တယ်..။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "ထမင်းလုံး တစ္ဆေ..."
Post a Comment