ပြတင်းပေါက်မှ ငေးကြည့်ခြင်း

အလင်းမြစ်တွေ….
ဟိုမှာဘက်ဆီက စီးဆင်းလာကြရဲ့..
စိမ်းလန်းမှုတွေ ခင်းကျင်းပြထားတဲ့
နဖူးကမ်းပါးတွေက တိုက်စားမှုရဲ့
ခံနိုင်ရည်စွမ်းတွေ လျော့သွားတယ် မရှိဘူး။
နိမ့်ပါးတဲ့ ကျွန်တော့် ရင်ဘတ် မြေပြင်ဟာ
လှံစိုက်ရာ နေရာတစ်ခုပေါ့။
ဗလုံးဗထွေး ဒုက္ခတွေက ၀န်မပိပိအောင်
ကျွန်တော့် ပခုံးပေါ်ထမ်းပိုးထားကြတယ်။
ပြုတ်ထွက်မတတ် ဇီးကွက်မျက်လုံးတွေက
သရော်တော်တော် ပြူးပြူးပြကြတယ်
မယဉ်ကျေးသူ ကျွန်တော်က
သွေးစုပ်ကောင်ဆန်ဆန်
ရယ်ကျဲကျဲ မနေတတ်တော့ ခက်တယ်။
ဆာလောင်မှု ညှီနံ့ တွေကို ဖုံးကွယ်ထားတဲ့
ဝန်းကျင်ဆိုတာလဲ
တကယ်တော့ စက်ဆုပ်စရာပဲ…။
ဘယ်သူ့မှ ဘာမှလာပြီး
မဖေးမပါဘူး
သနားတယ် ဆိုတဲ့ စကားလုံးမျိုး
ပြောတတ်တဲ့
အဲဒိ ပါးစပ်တွေက တုံးအလွန်းတယ်။
တိုးတက်မှု မရှိတဲ့ အပြုအမူ၊
အတွေးအခေါ်၊ လမ်းဟောင်းတွေနဲ့
စကားလုံးအဟောင်းတွေ ထဲမှာပဲ..
စီးမျောနစ်ဝင် နေကြပေါ့
နှုတ်မဆက်ပဲ
ဟောဒိ လောကကြီးထဲ
ရှင်လျှက်နဲ့… (သူတို့)
သေနေကြတယ်….။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "ပြတင်းပေါက်မှ ငေးကြည့်ခြင်း"
Post a Comment