မေလ၏အတောင်ပံများဆီမှ ဆည်းပူးလေ့လာခြင်းဖြစ်သည်။
ဒီလိုဗျာ…
ကျွန်တော်တို့ တတွေ အရည်မရ အဖတ်မရတွေကို ဆက်လက်စားသုံးနေသ၍
စကားများကြတာပဲ အဖတ်တင်မယ်….
မိမိအတ္တ အစွန်းထွက်တွေ မပါတဲ့ ရောင်းတန်းဝင် လူကြိုက်များ
ဖက်ရှင်ထွင်လုံး သက်သက်တွေဆိုတာ .. တကယ်က သုံးစား မရဘူးဗျ
ဘယ်လိုပဲ ဗားရှင်းအသစ်ထွက်ထွက်.. မူလအပေါ် အခြေခံတဲ့ ညွှတ်ယိမ်းမှုတွေကို..
လက်ခံလိုက်ကြမယ်..
ပိုက်ကွန်ထဲက မြေခွေးတစ်ကောင်ရဲ့ အရိပ်လက္ခဏာမျိုးကို ရွေးချယ်မှာလား
တဝက်အောင်မြင်ခြင်းဆိုတာ. ဆန္ဒရှိသူရဲ့ မှန်ထဲက ဖျက်ဆီးနိုင်ခြင်း..တွေကိုပြောတာ..
ဖြောင့်ဖြောင့်တန်းတန်း သွားချင်သွားမည်။
သဘောတူညီမှု ရရှိပြီးသား ပိရမစ်တွေဟာ.. ရယ်မောသံများနှင့်အတူ
ကျွန်တော်တို့လိုပဲ… အချစ်နာကျ..နေကြ….
ကတိကဝတ်များသည် အလွန်ကျယ်လောင်သော မိုးခြိမ်းသံများလို/
စကားအလွန်များသော… မိန်းမကြီးများလို…..
Learn wisdom by the follies of others.
လက်အိတ်ဟာ ခြိမ်းခြောက်မှုတွေ ပြည့်နှက်နေတယ်
အို.. ဘုရားသခင်…
ငတ်မွတ်ခြင်းတွေကို… မဖြေသိမ့် နိုင်သေးသရွှေ့တော့.. ကျွန်တော်တို့
ခြေထောက်တွေက ရှက်နေလိမ့်မယ်…
ဆိုလိုတာက..
နတ်အလိုမလိုက်နိုင်သော လူ၏ အလိုကို ခုတုံးလုပ်ပြီး
ကျွန်တော်တို့ ပေတေခြင်း အမြှီးတွေကို ကျည်တောက်စွပ်ကြည့်ခြင်း သာဖြစ်ပါတယ်။
အသက်ရှူမဝသော လူငယ်များ၏ ဆန်းသစ်မှုများဆီက ရုန်းထွက်ပြေးဖို့ မဖြစ်နိုင်ပါ။
သီချင်းများ သံပြိုင်သီဆို ကြပြီး မျက်နှာမူ၍ နေထွက်လိုက်ကြ၏။
ဖယောင်းတိုင်များကို မီးမှုတ်ငြိမ်းသတ်ကာ သွေးထွက်သံယိုဖြစ်နိုင်သော ဓားရှည်ကို ထိန်းသိမ်းလိုက်ပါသည်။
သမိုင်း၏ နောင်တရမှုတွေဆီက ဆင်းသက်လာသောအခါ…
ကျွန်တော်တို့ ဖိနပ်တွေ စီးထားကြဖို့ လိုအပ်မည် ဖြစ်ကြောင်း…..။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
December 29, 2009 at 8:30 PM
ယခုထိတော့ ကျနော်တို့တတွေ
အရည်မရအဖတ်မရတွေကိုပဲ
ဆက်လက်စားသုံးနေ
ကျနော့်ခြေထောက်တွေရှက်
ကျနော့်ဦးနှောက်မှာအရှက်
ကျနော့်နှလုံးသားလည်း ....
ဆိုလိုတာက
ခြေထောက်မှာကျနော်တို့ ဖိနပ်စီးထားဖို့လိုအပ်သလို
မျက်လုံးမှာတပ်ထားတဲ့ မျက်မှန်အကန်းကိုလည်း ချွတ်ပစ်လိုက်ဖို့လိုအပ်
ဦးနှောက်ကိုဖုံးထားတဲ့ ဦးထုပ်အသစ်ကြီးကိုလည်း အဝေးဆုံးဝေးပစ်နိုင်ဖို့လိုအပ် ....
(ကိုမင်းယွန်းရေ .... လေးစားစွာ ကြိုက်နှစ်သက်စွာ ယခုကဗျာကို ကဗျာတစ်ပိုဒ်ဖြင့် ပြန်လည်မန့်ခဲ့ပါသည်)
:)
December 30, 2009 at 10:23 AM
သိုင့်စ်ညီရေ... တခုခုတော့ တခုခုပေါ့.. :)