twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အလင်းပျိုးလက်များ ကဗျာရွတ်ပွဲအောင်မြင်စွာ ကျင်းပပြီးစီး

မနေ့က စိမ်းလန်းစိုပြည်ထဲမှာ ပြုလုပ်တဲ့ အလင်းပျိုးလက်များ ကဗျာရွတ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့လို့ ဝမ်းသာ ဂုဏ်ယူမိပါတယ်။ တက်ရောက်ခဲ့ပေးကြတဲ့ သူငယ်ချင်းများ၊ စာနယ်ဇင်းဆရာများအားလုံးကို ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့တွေ အပင်ပန်းခံ ကြိုးစား ထားသမျှလေး အောင်မြင်သွားလို့ အရမ်းပျော်မိပါတယ်။ မနေ့က ပွဲကို လူဦးရေ ၁၀၀ လောက် တက်ရောက်ခဲ့ကြလို့ ကျွန်တော်တို့ DOI ကဗျာကလပ် လုပ်ခဲ့သမျှ ပွဲတွေထဲမှာ ဒီပွဲက လူအများဆုံး ပါပဲ။ ပရဟိတပွဲလေးလဲ ဖြစ်လို့ ဧည့်သည်တွေ များများလာကြတာ ထင်ပါတယ်။ ပွဲကလေးကို အစက ကော်ဖီဆိုင်ထဲမှာ လုပ်မယ်ဆိုပြီးမှ ပွဲစရိတ်အတွက်ချည်းပဲ စရိတ်စက တွေများနေမှာစိုးလို့ ကျွန်တော်တို့ မြက်ခင်းပေါ်မှာပဲ လွတ်လွတ်လပ်လပ် လုပ်လိုက်ကြတယ်။ မထင်မှတ်ပဲ လုပ်လိုက်တဲ့ မြက်ခင်းပြင် ကဗျာရွတ်ပွဲလေးဟာ ကန်ရေပြင်ကို နောက်ခံပြုရင်း အရိပ်အာဝါသလေး အောက်မှာမို့ တော်တော်လေး လိုက်ဖက်ညီသွားတယ်လို့ ပြောလို့ရနိုင်တယ်။ (ကိုမိုးလှိုင် ကတော့ ကမ္ဘာပေါ်မှာ မြက်ခင်းစိမ်းတွေ ပျောက်သွားတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့မှာတော့ အခု ထိုင်စရာ မြက်ခင်းတွေ ရှိနေသေးလို့ ဂုဏ်ယူရပါတယ်လို့ ပြောသွားပါတယ်။)


ပွဲစတော့ အဖွင့်ရွတ်မယ့် မအိန္ဒြာကဗျာက ပရင့်ထုတ်ထားတဲ့ အထဲမပါလို့ လှည်းတန်းကို ပြေးရသေးတယ်။ ကျွန်တော် ပြန်ရောက်တော့ လူတွေက တော်တော်စုံနေပြီ။ အားလုံး မြက်ခင်းပေါ်မှာ ဝိုင်းထိုင်ပေးဖို့ သူရဿဝါက request လုပ်တော့ အားလုံး ထိုင်ပေးလိုက်တဲ့ အခါကျမှ လူတွေ တော်တော်များမှန်း သတိထားမိတော့တယ်။ အဲ့ဒိနောက် အခမ်းအနား အစဖွင့်ကို တို့ချစ်တဲ့ကမ္ဘာ သီချင်းလေးနဲ့ စဖွင့်ပါတယ်။ အဲ့ဒိနောက် ကဗျာများကို ရွတ်ဆိုကြတယ်။ မနေ့က ရွတ်တဲ့ ကဗျာတွေနဲ့ ကဗျာရွတ်ဆိုသွားသူတွေကတော့
သုခကြယ်- မင်းယွန်းသစ်
အနာဂတ်ရှိတယ်/ဖြစ်တယ် -ကိုဖုန်းမြင့်
အလင်းပျိုးလက်များ - သူရဿဝါ
ဆူလွယ်နပ်လွယ် သားကောင် - မိုးလှိုင်ည
လက်ကမ်းကြိုမယ် - နေနှင်းစက်
ဖြစ်ရပ်မှန် - လူလိန်
မြန်နှုန်းမြင့်စိတ်နဲ့ပဲ မေမေ့ကို ဆက်သွယ်လိုက်တော့မယ် - မင်းယွန်းသစ်
ငါတို့ရဲ့လက်တွေ - မေရာ
အနာဂတ်မဲ့ လက်များရဲ့ မနက်ဖြန် - ဆူးခက်မင်း
လင်းနေတဲ့ အပိုင်းဆို မင်းတို့ပဲ လုပ်ထားတာ မှောင်နေတဲ့ အပိုင်းတွေက ငါတို့ အပြစ် ရှိပါစေ- သူရဿဝါ
မှောင်နေတဲ့ အလင်း - မိုးလှိုင်ည
နတ်ဆိုးနမ်းသွားတဲ့ ပန်း- ကိုလင်းနစ်
မေမေ့ဆီရေးတဲ့ စာမျက်နှာမှာ ခြစ်ရာတွေ ဗရပွနဲ့ - မင်းယွန်းသစ်
တို့ဖြစ်ကြပါတယ်။

ကဗျာတွေ ရွတ်ပြီးကြတော့ ပါဖောင့်မန့်အစီအစဉ် လေး တစ်ခု အဖြစ် သတင်းစာ ဂျာနယ်တွေ ထဲက ဖြတ်စတွေကို ဗီနိုင်း တစ်ခုပေါ်မှာ ဝိုင်းဝန်းကပ်ပြီး ကဗျာပါဖောင့်မန့်လေးကို စုပေါင်း လုပ်ဆောင် ကြပါတယ်။ ကိုယ်စိတ်ကူး တည့်ရာ စကားလုံးလေးတွေ တွဲပြီး ကဗျာစပ်ဆို နိုင်တဲ့ ဒီအစီအစဉ်လေးကိုတော့ တက်ရောက်လာကြတဲ့ သူတွေ တော်တော်များများ ပျော်ရွင်စွာ ဝိုင်းဝန်းကပ်ကြပါတယ်။ (တညလုံး ကျွန်တော်တို့အဖွဲ့ ဝိုင်းညှပ်ထားရ ကျိုးနပ်သွားပါတယ်)

အဲ့ဒါလေး ပြီးတော့ ကျွန်တော်တို့ ကို မြက်ခင်းပေါ်မှာ အိပ်စေပြီး HIV စကားလုံး သရုပ်ဖော်စေကာ ဓာတ်ပုံရိုက်ကြသေးတယ်။ ကြုံတုန်း ကိုညီလင်းဆက် ကလဲ ကျွန်တော်တို့ တတွေ လုပ်မယ့် Barcamp Yangon အကြောင်း ရှင်းပြ ပေးခဲ့ပါတယ်။ ပွဲက ပြီးနေပြီဖြစ်ပေမယ့် အသိတွေက များတော့ ဓာတ်ပုံတွေ စုရိုက်နေကြတာနဲ့ တော်တော် အချိန်များ သွားတယ်။း) အပိတ်သီချင်းအဖြစ် Sleeping Child သီချင်းကို သံပြိုင် ရွတ်ဆို ပေးခဲ့ကြပြီး အောင်မြင်စွာ ပြီးဆုံး ခဲ့ပါတယ်။ နောင်များမှာလဲ ဒီလို ကဗျာရွတ်ပွဲလေးတွေ လုပ်တဲ့အခါ မှာလဲ တက်ရောက်ပေးဖို့ ဖိတ်ကြား လိုပါတယ်။

Special Thanks to Ko Thoe Htane & Nang Nyi for photos.

အလင်းပျိုးလက်များ အင်္ကျီ


ကိုမိုးလှိုင်ညကဗျာရွတ်နေစဉ်


ကိုဖုန်းမြင့်ကဗျာကို ကျွန်တော် ရွတ်ဆိုနေတာပါ။

ကိုဖုန်းမြင့် ရွတ်ဆိုနေစဉ်

မမေရာ ရွတ်ဆိုနေစဉ်

စကားလုံးများဖြင့် ဝိုင်းဝန်း တည်ဆောက်နေကြသူများ


စုပေါင်း (Collage) ကဗျာ




HIV သရုပ်ဖော် စာလုံး

အပိတ် သီချင်း အဖြစ် Sleeping Child သီချင်းကို သံပြိုင်သီဆို ပေးနေကြစဉ်

ပွဲဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးကြတဲ့ သူငယ်ချင်းများနှင့် အမှတ်တရ
Thanks for reading.

Read Users' Comments (2)

2 Response to "အလင်းပျိုးလက်များ ကဗျာရွတ်ပွဲအောင်မြင်စွာ ကျင်းပပြီးစီး"

  1. နေ့အိပ်မက် says:
    December 21, 2009 at 8:52 PM

    ပျော်စရာကြီး.. အဟင့်.. နာလိုဘူး...

    ဒါနဲ့ စာရွက်ကိုင်ပြီး ကဗျာရွတ်နေတဲ့ပုံတွေကြည့်ပြီး တစ်ခုစဉ်းစားမိတယ်သိလား... ခုခေတ်ကဗျာရွတ်ပွဲမို့လို့ စာရွက်ကြည့်ရတာနော်... ရှေးခေတ်ကဗျာရွတ်ပွဲဆို အလွတ်ရကြမယ်ထင်တယ် ကဗျာတွေ (ဦးအောင်သင်းပြောသလို ကာရန်မပါတော့ အလွတ်ကျက်ရခက်တာကိုး)

  2. Unknown says:
    December 21, 2009 at 9:14 PM

    တကယ်ပြောစရာကြီးပဲဗျ။ ကိုယ်ပါဝင်နားမထောင်လိုက်ရပေမယ့် ၀င်ကြည်နူးသွားပါတယ်။