twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

နီးနီးလေးနဲ့ဝေးဝေးနေသော ဇာတ်လမ်းအမျိုးအစား

ဒီမှာ ဟန်နီ...
တပိုင်းတစ သီချင်းတွေနဲ့ ငါ မရောင့်ရဲ တတ်ခဲ့ဘူးဆိုတာ..
မင်းလေးက လွဲလို့ အားလုံး သိတယ်..။
ငါဟာ သားရဲတစ်ကောင် မဟုတ်ပေမယ့်
တောအုပ်တွေထဲ ရှင်သန်ခြင်းကိုမှ လိုက်ရှာနေတဲ့ကောင်။
ရွှေ့လျားနေသော ခရီးလမ်းတွေကိုမှ ငါက လိုက်ပါစီးနင်းမိတဲ့အခါ
ကျိုးပဲ့ကြွေ သွားတဲ့ မုန်းအီမှုတွေကိုပဲ ရလိုက်တယ်။
ဝင်လာခဲ့ပြီးမှ ပြန်ထွက်သွားတဲ့အခါ ငါ့စာမျက်နှာရွက်များ
အကူအပံ့မရှိ ကြမ်းပြင်ပေါ် လဲလျောင်း ကျဲပြန့်ကုန်တယ်။
ရိုမန်တစ် ဆန်ခြင်း/မဆန်ခြင်းတွေကို ငါငြင်းဆန်နေမှာ မဟုတ်ပါဘူး
ဒါပေမယ့် တမျှော်တခေါ် ပင်လယ်တစ်ခုလောက် ငါနာကျင်တတ်ခဲ့ခြင်းကိုတော့
ဘယ်သူ့မှ သိလိုက်လိမ့်မယ် မထင်ဘူးကွယ်
ဘွဲ့ထူးခံ ချီးကျူးမှုကို ငါမလိုအပ်ဘူး ... ရှစ်ဆယ့်ငါးရက်မြောက်
တနင်္ဂနွေတွေကို မုန်းတယ်။
လင်းသင့်လို့ လင်းခဲ့တဲ့ မနက်ခင်းကို ဘာအတွက်နဲ့မှ ဝိရောဓိတွေ
ချိတ်ဆွဲထားဖို့ မလိုအပ်ဘူးလို့ ငါထင်ပါတယ်။
အပြာရောင် အကျီတထည်နဲ့ အတူ ငါ့တည့်တည့်ကြီး လျှောက်လာခဲ့မယ်...။
ဒီမှာ... ဟန်နီ.. မနက်ဖြန် ကိုးနာရီ ငါလာခဲ့မယ်...။

Read Users' Comments (2)

2 Response to "နီးနီးလေးနဲ့ဝေးဝေးနေသော ဇာတ်လမ်းအမျိုးအစား"

  1. Unknown says:
    December 18, 2009 at 1:09 PM

    ဘယ်ကိုလာမှာလဲ မနက်ဖြန်ကိုးနာရီ.... :P

  2. ကျော်ညိုသွေး says:
    December 18, 2009 at 2:39 PM

    စနေနေ့ည ကိုးနာရီလား