twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ပြန်လမ်း

လမ်းမကြီးက တမျှော်တခေါ်ကြီး ရှည်ရှည်လျားလျား
အဲ့ဒိက ပြန်လာတုန်းမှာ ကျွန်တော့် ဘဝထဲက
ပစ္စည်းပစ္စယာ တချို့ ကျကျန်ခဲ့သလိုပဲ..
အသက်ရှူမဝလို့ သံပတ်ပေးထားတဲ့ နာရီချွတ်ပြီး
အိပ်ကပ် အဟောင်းကြီးထဲ ထိုးသိပ်ထည့်ပစ်တယ်
တွဲလိတွဲလျ ဓာတ်ကြိုးတွေ ဓာတ်မီးတိုင်ရဲ့ လည်ပင်းကနေ
ပြေလျော့ ကျတော့ မလိုနဲ့...
ဟား.....
ဒုက္ခအဟောင်းတွေကို မှုတ်ထုတ်လိုက်ပြီး
ဒုက္ခအသစ်တွေကို ပြန်လည် ရှူရှိုက်လိုက်တယ်
သားရဲကောင်တွေ ငုတ်တုတ်ထိုင်သလိုမျိုးနဲ့
မှတ်တိုင်ရဲ့ အာခံတွင်းထဲ ဘယ်သူမှ မစေခိုင်းပဲ
ငါဝင်ထိုင်တယ်
လူအသိုးတွေ၊ ကားအသိုးတွေ၊ တိုက်အသိုးတွေ၊ စာအုပ်အသိုးတွေ
သီချင်းအသိုးတွေ၊ ရည်းစား အသိုးတွေ၊ တရားအသိုးတွေ
အားလုံး.. အားလုံး အသိုးတွေ....
(ဝေါ့....)
ဘူတာထဲ ရှောရှောရူရူ ဝင်သွားတဲ့
ရထားတစင်းလို ကိုယ့်ကိုကိုယ် နားချရင်း
ခေါက်ရိုးတွေ ချိုး... ချိုး..ချ
ကြေးစား လိပ်ပြာတစ်ကောင်ရဲ့ ကျိန်စာရွတ်သံတဲ့
ငါ့ဂစ်တာ သံတောင် ငါ မကြားရတော့ ပြန်ဘူး
ကိုယ့်ကိုကိုယ် သေချာတဲ့ ကိုယ့်ကိုကိုယ် မသေချာတဲ့
အရေပြားတွေကို တူးဆွပြီး ဂျစ်ပဆီ တစ်ယောက်လို
လွတ်လပ်ခြင်းတွေကို ပေါင်းဖက်မိရဲ့
မူကွဲရှိတဲ့ သမိုင်းတွေမှာ မိရိုးဖလာတွေကို
လွှင့်ပစ်လိုက်တယ်
သတ်သတ်လွတ်မစားတဲ့ ထိုသားရဲတွေဆိုတာ
စာအုပ်တွေထဲက ဇာတ်ကောင်တွေလို ပါပဲ
ဘာမှ မသိလိုက်ခင်မှာပဲ...
မြို့ပြက ငါ့ကို ကျောသပ်သွားခဲ့
ဘဝဆိုတာ ခြေအိတ်ထဲက လက်ဆောင် တစ်ခုလို
မှန်းဆရခက်တယ်
အဲ့ဒိနေ့ကပေါ့ ကျွန်တော်က ကျွန်တော့်ကို သိမ်းထုပ်ပြီး
ဈာပနလုပ်ပစ်ခဲ့ရတယ်။

Read Users' Comments (4)

4 Response to "ပြန်လမ်း"

  1. သျှင် says:
    December 9, 2009 at 11:18 PM

    ခံစားချက်အပြည့်ပဲနော်....ပျော်ရွှင်ချမ်းမြေ့ပါစေ

  2. Anonymous Says:
    December 16, 2009 at 1:18 PM

    nyi yay, d kabyar lay ka nay pee
    nout sone tin htar tae. kabyar hti, 2 pote lone minn yay htar tae style mite tae kwar...they are more like prose poetry and beautifully written!!!

  3. မင်းယွန်းသစ် Says:
    December 16, 2009 at 6:06 PM

    ဟုတ်ကဲ့ ကိုသိုးထိန်းရေ.. ရှားရှားပါးပါး ကောမန့် ပေးသွားလို့ အရမ်း ၀မ်းသာမိပါတယ်။ ကျေးဇူး.. ဦးဦး။ :) အဲ့.. သျှင့်ကို လဲ ကျေးဇူး တင်ပါတယ်နော်။ :)

  4. Unknown says:
    December 18, 2009 at 1:41 PM

    တော် တီး တီး တော်ပဲ...အမှန် impressed ဖစ်ကြောင်းးးးးးးးးး