twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မျှော်လင့်ရပါသည်


ဒီနေ့ ဆီးဂိမ်းပြိုင်ပွဲ မြန်မာ နဲ့ လာအိုပွဲ ကန်မယ်။ ဘယ်လိုင်းက လာမလဲတော့ မသိသေးဘူး။ သတင်း လိုက်ယူတဲ့ ထဲမှာတော့ ကျွန်တော်တို့ရဲ့ soccermyanmar နဲ့ MRTV4 တော့ ပါသွားတယ်လို့ သတင်းမှာ ဖတ်လိုက် ရတယ်။ မနေ့က အမျိုးသမီးပွဲကတော့ အိမ်ရှင် လာအိုကို သရေကျသွားတယ်တဲ့။ စလာပြီ ထင်တယ်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကြီးကတော့ ရွှေမှ ရွှေပဲလို့ ပြောနေတာပဲ။ ကျွန်တော်တော့ အများကြီး မမျှော်လင့်ရဲ ပါဘူး။ သိတဲ့အတိုင်း ခဏခဏ ရင်မောရလွန်းလို့။ အုပ်စုအဆင့်ကို ကျော်နိုင်ရင်ပဲ ဝမ်းသာလှပါပြီ။ မြန်မာ အသင်းက ပြီးခဲ့တဲ့ ၂၀၀၇ တုန်းကတော့ ငွေရထားတယ် ပြောတာပဲ။ သိတောင် မသိလိုက်ဘူး။ ကျွန်တော် ကြည့်မိတဲ့ တိုက်ဂါးဖလား ပွဲတွေမှာတော့ အဲဗား အနီတွေ အဝါတွေနဲ့ ဆွေမျိုးရင်းခြာ ဖြစ်နေတာချည်းပဲ တွေ့တယ်။



ဒီဆီးဂိမ်းကို လူငယ်တွေ များများ ပေါ်ထွက်အောင်ဆိုပြီး ၂၃ နှစ်အောက် လုပ်တာ ကောင်းပါရဲ့။ ဒါပေမယ့် မကောင်းတာက ကျွန်တော်သိသလောက် ကစားသမားတွေ ဘယ်သူမှ အသက်အမှန် မဟုတ်ကြဘူး။ (ဒီကောင် သိပြီးသား ကိစ္စကို ဖွပြန်ပြီ လို့ မထင်လိုက်ပါနဲ့) အထူးသဖြင့် ရာဇာဝင်းသိန်းတို့ မျိုးမင်းထွန်းတို့ဆို အသက်မှန်မယ်လို့ မထင်ဘူး။ အမှန်တော့ ကျွန်တော့် ဆန္ဒကတော့ ဆီးဂိမ်းကိုလဲ တိုက်ဂါးလို အလွတ်တန်း ပြိုင်ပွဲ လုပ်သင့်တယ် ထင်တာပဲ။ ဒေသတွင်းမှာဆို ကျွန်တော်တို့ နိုင်ငံက ပရိုလိဂ်စတာ ဘာမှ ကြာသေးတာ မဟုတ်ဘူး။ လူငယ်အသင်းဆိုတာ ကလဲ မနေ့ တနေ့ကမှ လုပ်တာ ဆိုတော့ မရှိရှိတဲ့သူ ထည့်ရတာပေါ့။ 

ဆိုတော့ အခုဆီးဂိမ်းမှာ ထုံးစံအတိုင်း ကျွန်တော်တို့ မြန်မာအသင်း အုပ်စုမှာ စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား ဆိုပြီး ပါပါတယ်။ ကျွန်တော်တို့ မြန်မာအသင်း အတွက် အဓိက အဟန့်အတားက စင်ကာပူနဲ့ အင်ဒိုပါပဲ။ လာအိုကလဲ အိမ်ရှင်ဆိုတော့ လျှော့တွက် ထားလို့တော့ မရပါဘူး။ ဒီနေ့ မြန်မာနဲ့ လာအိုပွဲရှိပါတယ်။ မြန်မာ နိုင်မယ်လို့ မျှော်လင့်ရတာပဲ။ စလောင်း ဘယ်လိုင်းတွေက လာတယ်ဆိုတာ  သိတဲ့သူများရှိရင် လက်တို့ပေးကြပါ။ ရှုံးရှုံးနိုင်နိုင် အမျိုးချစ်စိတ် လေးက ရှိနေသေးတော့ အမှတ်မရှိ အားပေးချင်သေးလို့ပါ ခင်ဗျ။ ဆီးဂိမ်း နောက်ဆုံးရ သတင်းများကို ကြည့်ချင်ရင်တော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။

Read Users' Comments (6)

6 Response to "မျှော်လင့်ရပါသည်"

  1. နေ့အိပ်မက် says:
    December 5, 2009 at 2:26 PM

    အသက်မမှန်တာ မြန်မာတစ်သင်းတည်းမှမဟုတ်တာ.. စလုံးတွေကတော့ မှန်မှာပေါ့.. တခြားအင်ဒိုတို့ မလေးတို့ထည့်မှာလည်း မမှန်တာတွေပါနေတာပဲ.. အလွတ်တန်းမလုပ်မချင်းတော့ ဒီကိစ္စတွေက ရှိနေမှာပဲ ဟိုစစ်တဲ့သူတွေကတောင် လက်ခံနေမှတော့ ပူမနေပါနဲ့ကွယ်.. :)

  2. ဘရာဗို says:
    December 6, 2009 at 2:00 PM

    ညတုန်းက နိင်နေရာကနေ လာအိုကို သရေ ကျတွားတယ်
    အဟင့်

  3. နေ့အိပ်မက် says:
    December 7, 2009 at 9:16 PM

    ဒီနေ့လည်း ရှုံးပြန်ပြီ.. အဟင့်

  4. မင်းယွန်းသစ် Says:
    December 8, 2009 at 5:32 PM

    ဟုတ်ပဗျာ... ချိတ်ညစ်ဖို့ ကောင်းတယ်...။ ချာတူးလန်ပဲ။

  5. ဘရာဗို says:
    December 11, 2009 at 1:32 PM

    လုပ် ပွဲ
    ရက်စက်တယ်.....
    ငုတ်တုတ် ပဲ.........ပြန်ခဲ့ပါပြီ အမိမြေဆီ

  6. မင်းယွန်းသစ် Says:
    December 11, 2009 at 2:11 PM

    မနေ့ကမှ လွှတ်ကောင်း ပြနေတယ်။ အဲ့လို ခြေစွမ်းမျိုးနဲ့ဆို စင်ကာပူနဲ့ လာအိုကို အေးဆေးပဲ...။ လေတယ်..