twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဗဟိန္ဓများ၏ မအောင်မြင်သော ညနေ

ကျွန်တော် တူးဖော်ရရှိသော သောကြာနေ့များကို
တင်ဆက်ဖို့.. စင်မြင့်ပေါ်တက်လိုက်သည်။
နှုတ်ဆိတ်နေကြပြန်၏။ နှုတ်ပိတ်နေကြသည်။ (လက်ခုပ်သံများပင် မကြားရ)
မရှင်းလင်းသော အချက်အလက်များ အကြောင်း…
ဘူတာအိုလေးက ရှင်းလင်းနိုင်လိမ့်မည် ဖြစ်ပါသည်။
အလျှံတညီးညီးနှင့် ထိုလောင်မီးများသည်
ထို့ထက်ပို၍ လောင်ကျွမ်း လိမ့်မည်ဟု ယူဆရသည်။
ပြတင်းတံခါးများကို ပိတ်ပစ်ပါ…
(ပြင်ပ မြင်ကွင်းများ၏ အရောင်သွေး စုံလင်မှုကို မမြင်ချင် အဆုံး ဖြစ်၏)
သံကြိုးများ ခတ်ထားသော ရူးသွပ်မှုများသည်
စိတ်မလုံခြုံမှု၏ ပြတိုက်များ ဖြစ်သည်။
အနီရောင်ပန်းများ ဖြစ်သည်…
အနီရောင် ဝတ်ရုံများ ဖြစ်သည်…
အနီရောင် သွေးများ ဖြစ်၍
အနီရောင် အလံတော် ဖြစ်သည်….။
ဝိရောဓိများကို သော့ခတ် သိမ်းထားရန် မလိုအပ်ကြောင်း
ခြေရာအထပ်ထပ်များက သက်သေပြခဲ့ ပြီး၏။
အမှားနှင့် အမှန်.. အမှန်နှင့် အမှားဖြစ်သည်။
တနင်္လာနေ့ ဖြစ်သော်လည်း တနလာင်္နေ့ အသစ် ဖြစ်သည်။
နိဒါန်း ရှိသော်လည်း လက်မှတ် တခု မပါရှိသဖြင့် ..
၎င်းသည် မည်သည့် အရာဟု ကျွန်တော် တပ်အပ် မပြောနိုင်ပါ။

Read Users' Comments (2)

2 Response to "ဗဟိန္ဓများ၏ မအောင်မြင်သော ညနေ"

  1. ဇောင်း says:
    December 10, 2009 at 7:36 PM

    :::::: စာသားတွေကြိုက်၏ ကိုမင်းယွန်းသစ် ::::::

  2. Unknown says:
    December 18, 2009 at 1:29 PM

    အင်းးးးးးးးးးးးးးး မိုက်တယ်..သိပီးသား အရာတွေကို အာရုံထဲမှာမြင်ရပါတယ် :)