ယိုးစွပ်ခံရတဲ့မုတ်သုံ
“...”
ခပ်သဲ့သဲ့လေး ကြားလိုက်ရ
ငါ့ပြတင်းတံခါး ဆွဲပွင့်သွားတယ်...
လက်ညှိုးငေါက်ငေါက်ထိုးနေတဲ့ လေနီတွေ
ငါ့ကို တွန်းတိုက်သွား...
ဝိရောဓိတွေ တခန်းလုံး ပေကျံလို့...
“...”
သဲ့သဲ့လေး ကြားရပြန်တယ်...
ဖြစ်တည်ခြင်းတွေ ဖရိုဖရဲ ဖြစ်သွား
တောင်းပန်စကားတွေတောင် မကြားလိုက်ကြဘူး။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
August 20, 2009 at 2:13 PM
ဒီကဗျာလေးက အခုချိန်မှာအဓိပ္ပါယ်သိပ်ရှိနေတယ်
တော်တယ်
August 20, 2009 at 5:14 PM
မိုက်ရက်လိုက်လေခြင်း .. =-) ဗိုက်ကြီးနဲ့မှ မလိုက် .. တော်တော်ကောင်းတာပဲ.. ဗိုက်တစ်လုံးနဲ့ ရေးတာမို့လား မသိဘူး .. စွဲစွဲလမ်းလမ်းလေးဖစ်သွားတယ်.. အာမွား သိပ်ချစ် =-)
August 21, 2009 at 3:20 PM
ရင်တွင်းဖြစ်လေးတွေ က ကောင်းမွန်တဲ့  ကဗျာတစ်ပုဒ်ကို ဖန်တီးနိုင်တယ် ဆို တော့  ဒါလဲ ရင်တွင်းဖြစ်လား
ကို တိုလီ
August 22, 2009 at 10:59 PM
နင့်ခွေးက ခွေးမစစ်ဘူးလို့ ပြောတိုင်း ခွေးက အတု ဖြစ်မသွားပါဘူးတဲ့ ရွှေဥမင် ဆရာတော်ကြီးက ဆုံးမခဲ့တယ် မုတ်သုံရယ် ဘယ်သူ ဘယ်လို ယိုးစွပ်စွပ် နင်က နွေဖြစ်သွားမှာမှ မဟုတ်တာ..