twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ရန်ကုန်မြို့တွင်နေထိုင်သူတစ်ယောက်၏ ရန်ကုန်မြို့အပေါ်အမြင်

အမှန်တော့ ဒီတဂ်ကို ကိုကျော်ညိုသွေးက တဂ်ထားတာ ကြာလှပေါ့။ ကျွန်တော်လဲ သူပြောတုန်းကတော့ အားတက်သရော ရေးမယ် ဆိုပြီး အခု လုံးလုံးလျားလျား မေ့နေတာ။ ကျွန်တော်က ရန်ကုန်မှာ မွေးတယ်ဆိုတော့ ရန်ကုန်သား ပေါ့။ အဲ တစ်ခုတော့ ပြောချင်တယ်ဗျ တချို့တွေက နယ်မြေဒေသ အလိုက် ဒေသစွဲလေးတွေတော့ ရှိသဗျ။ ကျွန်တော့်မှာ အဲ့လို စိတ်ဓာတ်မျိုး မရှိဘူးဆိုတာ ကြိုပြောချင်ပါတယ်။ ကျွန်တော့် အမြင်ကတော့ ဘယ်ဒေသမှာ နေနေ တော်တယ်၊ ထက်တယ်၊ စိတ်ဓာတ်ကောင်းတယ် ရယ်လို့ တထစ်ချ ပြောလို့ မရပါဘူး။ ဒါဟာ ဒေသနဲ့လည်း မဆိုင်ပါဘူး လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ် အရည်အသွေးနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော် ရန်ကုန်မှာ အမေမွေးလို့ လူဖြစ်ပါတယ်။ တခြားမြို့မှာ မွေးရင်ကော တခြားမြို့သား ဖြစ်နေမှာပါပဲ။ အဓိကက ဘယ်နေရာမှာ ရောက်နေနေ၊ ဘယ်ဒေသက နေလာလာ ကျွန်တော်တို့ ရပ်တည်နေတဲ့ နေရာမှာ အကောင်းဆုံး နေထိုင် အသက်ရှင်ပြီး ရိုးသားကြိုးစား ဖို့သာ အရေးကြီးဆုံးပါ။

ကဲကဲ.. တခြားလေမရှည်ချင်တော့ဘူး။ ရန်ကုန်ပေါ် အမြင်တွေကို ပြောပြရရင်

(၁) နေထိုင်မှု


ကျွန်တော်တော့ ပျဉ်ထောင်အိမ်လေးနဲ့ နေထိုင်တယ်။ တချို့လူတွေက တိုက်ခန်းနဲ့ နေတယ်။ တချို့လူတွေကတော့ ခြံကျယ်ကျယ် တိုက်ကျယ်ကျယ်နဲ့။ အင်း ဘယ်လိုပြောရမလဲ တချို့ကတော့ လမ်းဘေးမှာ တင် ပုဆိုးခြုံကွေးတယ်။

(၂) စားသောက်မှု


အစား အသောက်ကတော့ ပိုက်ဆံရှိရင် သူငယ်ချင်းတွေနဲ့ ကောင်းကောင်း စားတယ်။ မရှိရင်တော့ ကြုံသလို စားလိုက်တာပါပဲ။ မရှိတဲ့ အချိန်တွေက ပိုများနေသလိုပါပဲ။ အင်း ရန်ကုန်မှာ ပိုက်ဆံ သိပ်မရှိလဲ ဖြစ်တယ် သူငယ်ချင်း ပေါရင် အနည်းဆုံးတော့ ထမင်းတနပ်စာ ပြီးတယ်။ မွေးနေ့ပွဲနဲ့ ကြုံရင် ဘီယာ အလကား လိုက်သောက်နိုင်တယ်။ ရန်ကုန်မှာ အပေါင်းအသင်း ၀င်ဆံ့ဖို့ သိပ်မခက်ဘူး။ ပိုက်ဆံများများ သုံးနိုင်ရင် ကောင်းကောင်း စားလို့ရမယ့် နေရာတွေ ပေါတယ်။

(၃) သွားလာမှု


ရန်ကုန်က ဘတ်စ်ကားတွေက ကျပ်ပါတယ် ဆိုတာ ရှေးရှေးတုန်း ကတည်းက လက်သုံး စကားပေါ့။ အခုတော့ အထူးကားတွေ ပေါ်လာပါပြီ။ ဒါပေမယ့် ကျပ်နေတုန်းပါပဲ။ အဲကွန်းမအေးပါဘူး။ တီဗီတွေ မကြည့်ချင်လဲ ကြည့်နေရပါတယ်။ မြန်မြန် ရောက်ချင်တယ်ဆိုရင် ဘီအမ်တွေ စီးပါ။ စပယ်ယာ အဟောက် မခံချင်ရင်တော့ အကြွေတွေ ဆောင်ထားပေါ့။ ကားစီးရင် မတွေးမငေးပါနဲ့။ တိုးဝှေ့တတ်ပါစေ။

(၄) ဆက်သွယ်မှု


ဟန်းဖုန်းနဲ့ စတိုင်ထုတ်ချင်ရင် ရန်ကုန်မှာ ဟန်းဖုန်းကို ၁၅ သိန်းနဲ့ ၀ယ်မလား၊ ၂ သောင်းတန် ကဒ်ဖုန်း ၀ယ်မလား၊ တစ်လကို ၄သောင်းနဲ့ ဖုန်းငှားမလား စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ ဒီလိုမှ မဟုတ်ရင် ကြိုက်တဲ့ နေရာမှာဆက် ပီစီအို ဖုန်းရှိတယ်။ အင်တာနက်ကွန်နက်ရှင်လား အင်း သိတဲ့ အတိုင်းပေါ့။


(၅) ပညာရေး


အလွတ်ကျက်တဲ့ မိရိုးဖလာ ဓလေ့ကြီး မျိုးသုဉ်းသွားစေချင်တယ်။ ခဏခဏ သင်ရိုး ပြောင်းနေတာ မကောင်းဘူး။

(၆) ကျန်းမာရေး


လူတုပ်ကွေး တွေ တွေ့တာ များနေတယ်။ ကျွန်တော်တော့ ခဏခဏ နှာစီး နေတယ်။ တုပ်ကွေးတော့ မဟုတ်ပါဘူး ထိပ်ခပ်နာ ဖြစ်နေတာပါ။

(၇) လူမှုရေး စသည်တို့ အပေါ်သုံးသပ်ချက်များ ။


တချို့က ကြွားတယ်၊ တချို့က တတ်ယောင်ကား လုပ်တယ်၊ တချို့က ခင်ဖို့ ကောင်းတယ်၊ တချို့က သောက်ညင်ကပ်စရာ ကောင်းတယ်၊ တချို့ ကိုယ်ကျိုးသမားတွေပဲ၊ တချို့က အများအတွက် နှလုံးသားကြီးကြီး ပိုင်ဆိုင်တယ်၊ တချို့က ထိုင်ကန်တော့ ချင်လောက်အောင် တော်ကြတယ်၊ တချို့က အပေအတေ၊ ကျွန်တော်ကတော့ ခပ်ချာချာ ကောင်ပဲ။

အားလုံးကို ခြုံငုံသုံးသပ်ရရင် ရန်ကုန်မှာ နေရတာ မွေးရပ်မို့လား မသိ ပျော်တယ်။ ရန်ကုန်ကို ချစ်တယ်။ ရန်ကုန်ဟာ စာတတ်ပေတတ် ခေတ်မှီ အဖိုးကြီး တစ်ယောက်နဲ့ တူတယ်။ ကျွန်တော် ရေးတဲ့ “ကျွန်တော်တို့အားလုံးရဲ့မြို့တော်”ကို ဖတ်ကြည့်နိုင်ပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းယွန်းသစ်

Read Users' Comments (4)

4 Response to "ရန်ကုန်မြို့တွင်နေထိုင်သူတစ်ယောက်၏ ရန်ကုန်မြို့အပေါ်အမြင်"

  1. ခွန်မြလှိုင် says:
    August 22, 2009 at 10:52 PM

    ဟိ ပထမဆုံး ကောမန့် ဖြည့်စွက်သွားတယ်

    ရန်ကုန်မှာ

    ၁. နေထိုင်ရေး.. နွေဆို မီးလောင်တယ် မိုးဆို ရေကြီးတယ် ငါတို့ ရေအစုံ မီးအစုံနဲ့ နေတာ

    ၂. စားသောက်ရေး... -င်မနိုင်ရင် လမ်းဘေးစာ မစားနဲ့။ ကိုယ့်ဒေါသနဲ့ကိုယ် စားမိရင် မညည်းတွားနဲ့။

    ၃. သွားလာရေး... တန်းလေးတွေ ကိုင်ထားကြနော် ကွေ့မယ် ၀ိုက်မယ် လိုအပ်ရင် ဘရိတ်သုံးမယ် အကြွေလေးတွေ ဆောင်ထားကြ စိုက်ကြည့်ရင် အလိုက်သိပါ လက်တို့တောင်းရင် ရှက်ဖို့ ကောင်းတယ်နော

    ၄. ဆက်သွယ်ရေး... မိုးရွာရင် ဖုန်းဘောက်စ် ရေ၀င်လို့ လိုင်းပြတ်တတ်ပါတယ် နေပူရင် အုန်းလက်တို့ သစ်ကိုင်းတို့ ကြွေတတ်လို့ ဖုန်းကြိုးပေါ် ကျလို့ လိုင်းပြတ်တတ်ပါတယ်.. လာဘ်ငွေ ပေးဖို့ မလိုပါဘူးဗျာ.. လက်ဖက်ရည်ဖိုးလေး နှစ်ထောင် သုံးထောင်ဆို လောက်ပါတယ် (မှတ်ချက် ၂၀၀၂ ခုနှစ် ဈေးနှုံး)

    ၅. ပညာရေး... ဘာမှ ပြန်မမေးနဲ့ ပညာစမ်းတာလား ဘယ်ကျူရှင် အားကိုးနဲ့ ပြန်မေးတာလဲ ငါသင်တဲ့ အတိုင်း ဧ။်သည် မရွေးဘဲ

    ၆. ကျန်းမာရေး... ကိုယ်ခံအား ကောင်းအောင် အားကစားလိုက်စားပေါ့ကွယ်.. အားကစားကွင်းလား .. အင်းးးးး

    ၇. လူမှုရေး... မှန်တာပြောရင် ရွာပြင်ထုတ် ခံရတတ်တယ်တဲ့.. ခုတောင် တိုင်းပြည် အပြင်ရောက်နေပြီ ဟတ်ဟတ်

    ဘာရယ် မဟုတ်ပါဘူး ရန်ကုန်ကို ပြန်လွမ်းသွားလို့ မှတ်မိတာလေးတွေ ချ ရေးလိုက်တာ ပို့စ်တစ်ခု စာ ဖြစ်သွားတယ်
    လက်လွန်သွားတာ ဆောတိပါ တိုလီရေ :P

  2. Anonymous Says:
    August 22, 2009 at 11:42 PM

    ရန်ကုန်သူ ရန်ကုန်သား အချင်းချင်းမို့ ရန်ကုန်
    ရောက်ဖြစ်ရင် ဘီယာတိုက်ပါ့မယ်...ရန်ကုန်
    ဓါတ်ပုံလေးတွေသာမှန်မှန်တင်ပေးမယ် ဆိုရင်
    ကျေးဇူးအများကြီး တင်ပါ့မယ်...

    mie nge

  3. amk says:
    August 23, 2009 at 6:09 AM

    သွေးထွက်အောင် မှန်သဗျ မ mie nge ပြောသလို ၇န်ကုန်ပြန်ေ၇ာက်၇င် beer တိုက်ရအုံးမယ်

  4. သုဒြေ္န Says:
    August 23, 2009 at 8:49 AM

    သိပ်ပြည့် စုံတဲ့ ရန်ကုန်အချက်လက်တွေပါ ရန်ကုန်ကို လွမ်းလို့ ပြန်မယ်ဆိုရင် ဆောင်ရန်ရှောင်ရန် အတွက် လိုလိုမယ်မယ် ဖတ်ထားသင့် တယ် ရန်ကုန်သားရေး တဲ့ ရန်ကုန်အကြောင်း ခွန်မြလှိုင်ကောမန့် ရဲ့ ရန်ကုန် သိကောင်းစရာတွေ ကြိုဖတ်ထားမယ်ဆိုရင် ရန်ကုန် ပြန်မဲ့ သူတွေ အကျိုးပြုဖြစ်တာပေါ့  ဗဟုသုတလဲ ရစေမယ် ကျနော်ကတော့ ကျေးဇူးတင်တယ် ရန်ကုန် အကြောင်းသိရလို့ လေ ခင်တဲ့  သုဒြေ္န