twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မုတ်သုံမြို့ရဲ့သတို့သမီးကဗျာရွတ်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

ပြီးခဲ့သော သောကြာနေ့က ကျွန်တော်တို့ အွန်လိုင်းမှာ ကဗျာချစ်သူတွေ စုပေါင်းပြီး ပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် ကဗျာရွတ်ပွဲလေးကို သင်္ကန်းကျွန်းမြို့နယ်၊ ဘုရားလမ်းအနီးက လပ်ကီးစတား လက်ဘက်ရည်ဆိုင်လေးမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ကဗျာဆရာ ကိုမြေမှုန်လွင် နှင့် ဆရာ လွန်းဆက်နိုးမြတ် အပါအ၀င် တခြားကဗျာ ဆရာတချို့လဲ တက်ရောက် အားပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဒီတခေါက် ခပ်မြန်မြန် စီစဉ်လိုက်ရတော့ နေရာအခက်အခဲ လေး ဖြစ်သွားတာကလွဲလို့ အားလုံး အဆင်ပြေခဲ့ပါတယ်။ နောက်များမှ ပြင်ပက ဆရာတွေကို ပါ ဖိတ်ပြီး သပ်သပ်ရပ်ရပ်လေး စီစဉ်ဖို့ ကြံရွယ်ထားပါတယ်။ တက်ရောက် ရွတ်ဆိုသွားတဲ့ ကဗျာဆရာတွေကော၊ လာရောက်ပေးကြတဲ့ ကဗျာဆရာတွေကော အားလုံးကို MOWA ကိုယ်စား ကျေးဇူး အထူးတင်ရှိပါတယ်။ ကဗျာရွတ်ပွဲက ကဗျာလေးတွေကို ebook အနေနဲ့ ပြန်တင်ပေးဖို့ လုပ်နေပါတယ်။ နောက်များမှာလဲ ကဗျာချစ်တဲ့ သူတွေ အကုန် လာနိုင်ကြပါတယ် လို့ ဖိတ်ခေါ်ပါရစေ။




ကဗျာရွတ်ပွဲတက်ရောက် လာကြတဲ့ သူတွေပေါ့

ကဗျာဆရာ သူရဿဝါ

ကျွန်တော် ရွတ်ဆိုနေတာပါ။

ကဗျာဆရာ မိုးပျံငှက် ရွတ်ဆိုနေတာပါ။
ကျွန်တော့် ကင်မရာလေး ရိုက်ရင်း ဓာတ်ခဲကုန်သွားလို့ တခြားဆရာတွေရဲ့ ပုံတွေ မပါလာတာကို နားလည် ခွင့်လွှတ်ပေးကြပါနော်။

Read Users' Comments (2)

2 Response to "မုတ်သုံမြို့ရဲ့သတို့သမီးကဗျာရွတ်ပွဲ အောင်မြင်စွာကျင်းပပြီးစီး"

  1. Anonymous Says:
    September 5, 2009 at 2:43 AM

    ဓါတ်ပုံထဲက ဘာဖျော်ရည် ညာဖျော်ရည် ရေးထားတဲ့ စာသားတွေဘဲ ကြည့်သွားပါတယ်...
    ဂလုး)

    mie nge

  2. Minn Yoon Thit says:
    September 5, 2009 at 10:30 AM

    အဲဗျ.. ခုတ်ရာတခြား ရှရာ တလွဲဖြစ်နေပြီ။ :P