twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ထောင့်ချိုး

ဇာတ်သိမ်းခဲ့ပြီ...
ဘယ်သူက ဘယ်သူ့ကိုမှ မနိုင်လိုက်တဲ့ ဒီဇာတ်လမ်း..
မင်းတော်ပါတယ်...
ဒါပေမယ့် ငါတော်တော် ညံ့သွားလေရဲ့...
သစ်ရွက်တွေ ကြွေသွား...
ခပ်အေးအေး လေတွေ ဖြတ်တိုက်သွား...
အနမ်းတွေ... လွင့်ပါးသွား...
“ဆေးလိပ်တွေ အရမ်းမသောက်နဲ့နော်..”
ပြီးတော့ မဟော်ဂနီရောင် ဆံပင်ပျော့ပျော့လေးတွေ..
မဟာဗန္ဓုလလမ်း၊ Moon Bakery၊ သမ္မတရုပ်ရှင်ရုံ
ဆူးလေဘုရား..
“ကိုက လွဲလို့ ဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူး..”
ဟန်ကိုယ့်ခဲ့... တလောက လုံးမှာ ဘ၀င်အမြင့်ဆုံး ဖြစ်ခဲ့..
နှင်းဆီရဲရဲတွေ၊ ရေမွှေး အနံ့ပြင်းပြင်းတွေ...
“ကို မသိပါဘူးကွာ...”
ရန်ကုန်နေပူပူတွေ...၊ ကျားပေါက်သီချင်းတွေ၊
ထီးမရှိလို့ မိုးတွေစွတ်စိုခဲ့ရတာတွေ...
၎နာရီထိုးခဲ့တာတွေ…
ဝမ်းနည်းပါတယ်..
ဗေဒင်ဆရာကပြောတယ်..စိုင်းထီးဆိုင်သီချင်းက ပြောတယ်..
နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်တဲ့....။


Read Users' Comments (3)

3 Response to "ထောင့်ချိုး"

  1. Anonymous Says:
    January 19, 2009 at 11:08 AM

    ကျွန်ခံပြန်ပြီးလားဟ သဘောင်္နဲ့လည်းသွားမရဘူးပေါ့ ဒါဆို အဲ့ကျွန်းကို ရေတွေ မြန်၂တိုက်စားပါစေကွား)

  2. ပန်းခရေ says:
    January 19, 2009 at 4:47 PM

    သိမ်းသွားပြန်ပြီလား နောက်တစ်ပုဒ် သနားလိုက်တာ ကျွတ်...ကျွတ်...ဟိ
    နာလိုစွံဘူးတော့ (မျက်စိ..မျက်စိ)

  3. pyaephyo says:
    January 20, 2009 at 1:19 AM

    အဲဒီကျွန်းတွေ export လုပ်ပလိုက်တာမဟုတ်ဘူး ဈေးကောင်းရချင်ရနေမှာ :D။
    ကဗျာလေးကြိုက်တယ်သယ်ရင်း။