twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကဗျာများနှင့် ပဋိပက္ခဖြစ်ခြင်း

ညကြီးမင်းကြီး
ကျွန်တော့် ကဗျာတွေက ကျွန်တော့်ကို လှုပ်နှိုးခဲ့..
ခေါင်းစဉ်မရှိတဲ့ ကဗျာက မဲ့ရွဲ့ပြီး
ကျွန်တော့်ကို ဆဲရေးဆိုတယ်...
“ခွေးကောင်လေး ငါ့ကို အင်္ဂါစုံအောင် မလုပ်ပေးဘူး”
နောက်ကဗျာ တခုက မိန်းမလျှာလိုပဲ..
“မင်းကဗျာတွေက မပြည့်စုံဘူး.. ငါ့ကို လူညွန့် အဲ. ကဗျာ ညွန့်တုံးစေတာပဲ..”
ကျွန်တော် ပြာဝေသွားခဲ့...
တခြား ကဗျာတွေက တယောက် တပေါက်...
“မော်ဒန်မှ မဟုတ်တာ...
ပို့စ် လဲ မဟုတ်ဘူး....
နီယို မဟုတ်ဘူး...
free verse တောင် မဟုတ်ဘူးကွ”
“အားလုံး တိတ်ကြစမ်း..”
ကျွန်တော် ငေါက်ငမ်းလိုက်ရဲ့...
ပုခုံး၊ လည်ပင်း နဲ့ ဦးခေါင်းတခုလုံး အားယူပြီး ပြန်ပြောလိုက်တယ်..
“ကျွန်တော်ရေးတဲ့ ကဗျာ ခေါင်းစဉ်ဝါဒတွေ တခါမှ မတပ်ဖူးဘူး..
ကျွန်တော်ရေးတာ ကျွန်တော့်ဝါဒ ကဗျာပဲ.. ဘာနဲ့မှ လာမတိုင်းနဲ့..
ဘာနဲ့မှ လာမညှိနဲ့... ဘယ်ဘောင်ထဲမှ ဆွဲမသွင်းနဲ့.. ကိုယ့်ဟာကိုယ် ရေးချင်ရာရေးတယ်
ဘာဖြစ်လဲ.. ဒါဟာ ကျွန်တော့် ၀ါဒ ကဗျာပဲ...”
“..........”
(အားလုံး ထောပနာပြုကြ အော်ဟစ်ဆဲရေးလိုက်ကြ...)
ပြီးတော့ ဒင်းတို့ကို စည်းထုပ်ပြီး သေတ္တာထဲ ပစ်ထည့်ခဲ့..
(အဲ့ဒိသောက်ရူးတွေက အသံတွေ ထွက်နေတုန်း)
“အရူး ကဗျာတွေ.. ဘယ်တော့မှ ပြန်မသုံးဘူး မင်းတို့ကို..”
အားလုံးကို ကန်ထဲပစ်ချပစ်လိုက်ရဲ့...
“..”
(ဘိုင်ဘိုင်... အသိဉာဏ်မရှိတဲ့ ကဗျာစုတ်တွေရေ...)
ပြီးတော့ ခြေလက်ကြီး တခုလုံး ပေါ့ပါးလတ်ဆတ် သွားတယ်...
အော်ကြီးဟစ်ကျယ် ကျူးရင့်လိုက်တာ ၀န်းကျင်တခုလုံး ဆူဝေသွားရဲ့...
“ငါဟာ ကဗျာပဲ.... ငါဟာ ကျွန်တော့်ဝါဒကဗျာပဲ.. ကျွန်တော့်ဝါဒ ကဗျာဟာ ငါပဲ...
ကဗျာဟာ ကဗျာပဲ... ကဗျာဟာ ငါပဲ...ဒါ..ဒါ.. ဒီ..ဒီ.. ဒီ..ကဗျာဟာ ကဗျာပါပဲ..”

Read Users' Comments (2)

2 Response to "ကဗျာများနှင့် ပဋိပက္ခဖြစ်ခြင်း"

  1. Anonymous Says:
    January 12, 2009 at 2:00 PM

    ကဗျာဟာ ကဗျာပဲ... ကဗျာဟာ ငါပဲ...ဒါ..ဒါ.. ဒီ..ဒီ.. ဒီ..ကဗျာဟာ ကဗျာပါပဲ..” အဲ့င်္ဒင်္ီမှာတင် ဇတ်ကရှင်းနေပြီး ရန်မဖြစ်နေနဲ့ ကဗျာက မင်းကိုနိုင်မှာမဟုတ်ဘူး မင်းက ပိုအကောင်ကြီးတယ်ကွ ဟိဟိ

  2. Anonymous Says:
    January 12, 2009 at 2:45 PM

    ကဗျာက ကဗျာပါပဲ။