twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

နှစ်သစ်ကူးတဲ့ည

သူငယ်ချင်းတို့ရေ.. မနေ့က ကျွန်တော် အိပ်ယာကို နေမြင့်မှထ တယ်။ :) ပြီးတော့ ကျွန်တော် စက်မှုဇုံကို ပြေးရသေးတယ်။ အဲပြန်လာတော့ နက်ခဏတော့ သုံးရပါတယ်။ ဒါပေမယ့် အိမ်မှာ မီးလိုင်းတွေ ပြန်ဆင်မှာမို့ အိမ်ကိုပြန်ပြေးရပြန်တယ်။ ဒီလိုနဲ့ မီးလိုက်တွေ မီးသမားနဲ့ လိုက်ကူ လိုက်ဆင်ပေးလိုက်တာ ကျွန်တော့်ပို့စ်လေးတောင် မတင်နိုင်ခဲ့ဘူး ညမိုးချုပ်သွားတယ်။ ကဲ သူငယ်ချင်းတွေကို ဒီနေ့တော့ ကျွန်တော်တို့ အိမ်ရဲ့ နယူးရီးယားပါတီပွဲလေးကို ပြန်လည် ဝေမျှလိုက်ပြီနော်။
++++++++++++++++++++++++++++++++++++++++++
အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ရဲ့ မနက်ခင်းလေး ဖြစ်ပါစေ။ သူငယ်ချင်းတို့ မနေ့က ဟက်ပီးနယူးရီးယား အော်ခဲ့ကြသေးလားဗျ။ ကျွန်တော်တို့ အိမ်မှာတော့ လူနဲနဲနဲ့ ပွဲစည်ခဲ့တယ်ခင်ဗျ။ ကျွန်တော်တို့ရဲ့ ပါတီလေးကို ည ၁၀နာရီလောက်မှာ ခြံထဲမှာ စတင် ပြင်ဆင်ကြပါတယ်။ ပြင်ဆင်တယ်ဆိုတော့ အကြီးအကျယ်တော့ မဟုတ်ဘူး လူက နည်းနည်းပဲ ရှိတာကိုး။ ကိုယ်စားပြီး ကိုယ်တွေပဲ ပြန်သိမ်းရမှာဆိုတော့ စားပွဲဝိုင်းလေး တခုခင်း၊ ပြီးတော့ မီးဖို နှစ်ဖို တည်။ တစ်ဖိုက အသားချောင်းလေးတွေ ကြော်စားဖို့၊ နောက်တဖိုက ဟော့ပေါ့ လုပ်စားဖို့ ဖြစ်ပါတယ်။


တယောက်တလှည့် ၀ိုင်းလို့ချက် (ဒီနှစ်တော့ ကျွန်တော့် အန်တီလေးက စာဖိုမှူးတာဝန်ယူ တယ် ) :)


ညီမလေးကတော့ အသားချောင်းတွေညှပ်၊ ဟော့ပေါ့လုပ်ဖို့ စီစဉ်နေတာပေါ့။


မကျက်သေးဘူးလား မသိဘူး စားချင်လိုက်တာဗျာ..။ :P (ဒီကောင်ရယ် ကျွန်တော်ရယ်ကတော့ ယောင်ဝါးပဲ ဟီး)


ဟိုလိုဒီလို ညွှန်ကြားဖို့ဆိုတာ လက်ညှိုးတချောင်းရှိရုံနဲ့ လုံလောက်တယ်။ ဘာမှ ပင်ပန်းစရာ မလိုဘူး ဟိဟိ။



မီးဖိုတဲ့သူ ဖို၊ အသားညှပ်တဲ့သူ ညှပ်၊ ကြော်တဲ့သူကကြော်၊ ဟိုလိုလို ဒီလိုလိုနဲ့ စားစရာတွေကို သာ ချောင်းနေတဲ့သူ (ဟီး ကျွန်တော်နဲ့ ကျွန်တော့် ညီပေါ့) စသည်ဖြင့် ကိုယ်စီ အလုပ်တွေ ရှုပ်နေကြရင်း နာရီဝက်လောက် ချက်ပြုတ်ပြီးတော့ အားလုံး အပြီးအစီး ၀ိုင်ပုလင်းတွေဖောက်၊ မြန်မာတပုလင်းဖောက် အားလုံး ချီးယားစ်..။ အသားချောင်းကြော်တွေကလဲ စားလို့ ကောင်းမှကောင်း၊ ကျွန်တော်တို့ ၀ိုင်းကောင်းနေတုန်း အဘွားက သူဘယ်ချိန်တုန်းက ဖွက်ထားတဲ့ ၀ိုင်ပုလင်းမှန်းမသိ ကျွန်တော်တို့ကို လာပေးသွားတယ်။ ပုလင်းပုံစံကို ကြည့်ရတာ တော်တော်လေး နှစ်ချို့နေပြီ။ သူလဲ ဂွတ်ပဲ။ ဟီး။ ဟော့ပေါ့ကိုလဲ တယောက်တလှည့်ဝိုင်းချက်လိုက်တာ အရသာ တော်တော် စုံသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အိမ်ရဲ့ အဓိက စာဖိုမှူးဖြစ်တဲ့ အန်တီတယောက်က တိုက်ကြီးမှာ နယူးရီးယား သွားလုပ်တာကိုး။ အဲ့တော့ ကျွန်တော်တို့ ကျန်တဲ့ လူငယ်တွေပဲ တတ်သလောက် မှတ် သလောက် ချက်ကြရတာပေါ့။


အငွေ့တလှိုင်းလှိုင်းနဲ့ မွှေးနေတာပဲ။ ဒါတောင် အစာပလာ တွေစုံအောင် မထည့်ရသေးဘူး။ :)


ကဲကျက်ပြီ ဂလု.. ဂလု..


သဘောင်္သီးထောင်း



မြန်မာဘီယာနဲ့ ၀ိုင် ဘာသောက်ရင်ကောင်းမလဲဟင်။


နောက်ကျတဲ့ လက် ငတ်မယ်တဲ့...


ဝူတယ်..ဂျ.. ၀ူတယ်.. (အမှန်အကန် ဟော့ပေါ့ သောက်နေတဲ့ ကျွန်တော့်ညီလေး :D)

ဒီကြားထဲ စားလို့သောက်လို့ ကောင်းတုန်း ဖုန်းမက်စိတွေ ၀င်၊ ကြိုးဖုန်းကို တဂွမ်ဂွမ်လာနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဒါပေမယ့် ဘယ်ရမလဲ ဒီအချိန်ဖုန်းလာတယ် ဆိုကတည်းက ကိုယ်က ဦးအောင် ဟက်ပီးနယူး ရီးယား အော်လိုက်တယ် ဟတ်ဟတ်။ အစားနှုန်းက မြန်နေတော့ ၁၁နာရီခွဲလောက်မှာတင် အကုန်ကုန် ကုန်နေပြီ။ ဒါနဲ့ မထူးပါဘူး ဆိုပြီး အကုန်လုံး တယောက် တလှည့် ပြန်သိမ်း၊ ဂီတာတီး သီချင်းဆို ပြီးတော့ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နဲ့ ၁၂နာရီ အထိုးကို စောင့်နေရတယ်။ မီးကလဲ တချိန်လုံး ပျက်လိုက် လာလိုက် ဆပ်စလူးထနေသေးတယ်လေ။


ဒီ၂ယောက်ကလဲ ပုလင်းလုလို့..ဟေ့ဟေ့ လုပ်ရ၀ူးလေ...

ဒီဂျင်ဘာည အချူရောင် ညူနှင်းဂျားမှာ...:P

သားလဲ တီးအုံးမှာပေါ့...;)

ဝိုင်းတော်သားတွေ အစုံအလင်နဲ့ :D

ကဲ အားလုံးလဲ အပြီး အော်ခါနီးကျတော့ မူးနေတဲ့ ကလေးမလေးက ဟက်ပီးနယားအူးရီးလို့ အော်မယ်ဆိုတော့ တ၀ါးဝါး ရီလိုက်ရတာ။ သူ့ကို ၁၂နာရီ မထိုးခင် အသံထွက် မှန်အောင် တော်တော် နှုတ်တိုက် သင်ပေးလိုက်ရသေးတယ်။ :) ကဲ ၁၂နာရီ ထိုးပြီ.... 5, 4, 3, 2, 1 “Happy New Year...rrrrrrrrrrrrrrr” ဆိုပြီး အော်လိုက်တယ်။ အဟတ် ကျွန်တော်တို့ အိမ်က နာရီပဲ မြန်နေလို့လားတော့ မသိဘူး ကျွန်တော်တို့ အော်ပြီး မိနစ်ပိုင်းလောက်မှ တရပ်ကွက်လုံး နယူးရီးယား အော်သံတွေက အုန်းကနဲကို ညံနေတာပဲ။ အားလုံးလဲ ပြီးရော အဘွားအိမ်ရဲ့ အနောက်လမ်းက ကျွန်တော့် အိမ်ကို ဗိုက်လေးလေးနဲ့ ပြန်ခဲ့ပြီး အိမ်ရောက်တာနဲ့ တုန်းကနဲ အိပ်ပျော်သွားလေတော့ သတည်း။ ကဲ အားလုံးပဲ ၂၀၀၉ ခုနှစ်မှာ လိုအင် ဆန္ဒတလုံးတ၀ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။ Happy New Year ပေါ့။ :D


Happy 2009!!!

Read Users' Comments (10)

10 Response to "နှစ်သစ်ကူးတဲ့ည"

  1. May Moe says:
    January 2, 2009 at 11:41 AM

    ပျော်စရာကြီးဝေး

  2. Anonymous Says:
    January 2, 2009 at 11:53 AM

    ပျော်စရာကြီး အဲ့ဒီက အပျော်တွေ ငါတို့ဆီပါ ကူးလာတယ်ဝေ့း) စားစရာတွေကို သွားရည်ကျသွားတယ် ။ ဂလု ဂလု ဒီဂျင်ဘာည အချူရောင် ညူနှင်းဂျားမှာ...:P
    ဒီညီလေးနဲ့ အစ်ကိုနဲ့ တူလို့ဖြစ်မယ် ပေါတောတော နဲ့ ။

  3. Yan says:
    January 2, 2009 at 1:01 PM

    ၀ါးးးးးးးးးးးး
    ဟားးးးးး
    ၀ါးးးးးးးးး

    မိုက်တယ်ကွာ... မင်းယွန်းလေးကတော့..

    နောက်နှစ် လာကဲမယ် ညီလေးရေ...

း)

  4. Anonymous Says:
    January 2, 2009 at 2:54 PM

    မနှစ်က အရောင်အသွေးစုံစုံလင်လင်နဲ့ပိုမြိုင်သလိုပဲ

  5. mabaydar says:
    January 2, 2009 at 5:13 PM

    ပျော်စရာကြီး.. နှစ်သစ်မှာ တခြားအပျော်အပါးထက် ကိုယ့်မိသားစုလေးနဲ့ မုန့်လုပ်စားရတာ.. နွေးထွေးမှုရှိပြီး ပျော်ဖို့အကောင်းဆုံးပဲ.. နာကတော့ အလုပ်သွားရတယ်.. အဟင့်.ဟင့်. ဗြဲ...

  6. Minn Yoon Thit says:
    January 2, 2009 at 5:41 PM

    အဟဲ အားလုံး အားပေးကြလို့ ကျေးဇူး။ အပျော်တွေ ကူးစက်သွားတယ်ဆိုရင် ၀မ်းသာတယ်ဗျာ..။ :) ကောမန့်ပေး သွားတဲ့ သယ်ရင်း မောင်မျိုး၊ မမေမိုး၊ Strike၊ကိုရန်နဲ့ ဗေဒါတို့ရေ နှစ်သစ်မှာ ကျန်းမာ ရွှင်လန်း ကြပါစေဗျာ။ :)

  7. Chit Snow says:
    January 3, 2009 at 12:01 PM

    bro လူဆိုးကြီး ကိုယ့် sis လေးတွေကို လည်းကျွှေးဘူး ..သူဘဲစားနေတယ် ဟေးးးးးးးးးးးးးး byal hal hal :(

    ကိုချစ်ပုံ နှစ်သစ်မှာ အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ပြီး လိုအင်ဆန္ဒအားလုံး ပြည့်ပါစေလို့ sis ဆုတောင်ပေးပါတယ်ရှင်.....

  8. Anonymous Says:
    January 4, 2009 at 1:36 PM

    ညီမလေး က ချောသားပဲနော် ဟွန့်

  9. Unknown says:
    January 5, 2009 at 5:00 PM

    ၀ါး...ဟားဟား....sis တို့ကျတော့ ခေါ်လည်း ခေါ်ဘူး...ကိုချစ်ပုံ ...စိတ်ပုတ်ကြီး...:'(.. ငိုလိုက်တော့မယ် အဟွန့်....ဗြဲ ဟဲဟဲ...

  10. pyaephyo says:
    January 5, 2009 at 9:32 PM

    တိုလီရေ နှစ်သစ်မှာပျော်ရွှင်ပါစေ!