twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အဲဒိဗိုင်းရပ်စ်တွေကို ပြောပြလိုက်ပါ

ငါတို့မနက်ဖြန်ကို
(သူတို့)သိုဝှက်ပစ်လိုက်ကြတယ်..
မြို့ကြီးမှာ တိတ်ဆိတ်နေပေမယ့်
အတွင်းဘက်မှာ ပွက်လောညံလို့..
ပါးစပ်တွေ ပိတ်ထားရပေမယ့်
လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြ…
အကြောင်းမဲ့ အာဃာတ တရားတွေနဲ့
မိုက်ရူးရဲနေတဲ့ ကောင်တွေ
ကိုယ့်လိပ်ပြာကိုယ် မလုံစွာနဲ့
စည်းတွေ အထပ်ထပ် ခြားနားထားကြရဲ့..
ငါတို့ ပြက်ရယ်ပြုလိုက်ကြတယ်..
ပြီးတော့ မျက်ကွယ်ပြုလိုက်ကြတယ်
အဲ့ဒိတံတိုင်းတွေက..
ငါတို့ ခြေလှမ်းတွေကို မဆုတ်တွန့်သွား စေဘူး..
(၀မ်းနည်းပါတယ်….)
ဒါဟာ မင်းတို့ ထင်သလို ဇာတ်သိမ်းခန်း မဟုတ်သေးဘူး
အခုမှ… ငါတို့ အာသီသတွေ ပိုပြီး နီစွေးလာတယ်
အခုမှ.. ငါတို့ ပို နိုးကြားလာကြတယ်..
အခုမှ.. ငါတို့တွေ အင်အားဖြစ်လာကြတယ်..
ညက မှောင်ပိန်းနေတာတောင်
ငါတို့ ခရီးဆက်ရဲကြပြီ…
ငါတို့အတွက် အလင်းတွေ ပြန်ရရှိဖို့
နီးကပ်လာပြီမှန်း ငါတို့ သိလိုက်ကြပြီ
ပြတင်းတံခါးတိုင်းဆီမှာ.. ငါတို့ခွန်အားတွေ အပြည့် ရှိလာခဲ့ကြပြီ
ငါတို့ ညှပ်ဖိနပ်သံတွေဟာ…
မင်းတို့ ရှူးဖိနပ်သံတွေကို ဖုံးလွှမ်းသွားကြတော့မယ်..
ခွေးလေခွေးလွင့်တွေရေ..
ဒါမှမဟုတ် ရူးနှမ်းနေတဲ့… သေချင်းဆိုး ဗိုင်းရပ်စ်တွေရေ..
ငါတို့ .. မင်းတို့ဆီ.. ရဲရဲကြီး လျှောက်လာခဲ့ပါပြီ….။

Read Users' Comments (2)

2 Response to "အဲဒိဗိုင်းရပ်စ်တွေကို ပြောပြလိုက်ပါ"

  1. Maung Myo says:
    May 20, 2009 at 9:28 PM

    ကြိုက်တယ်ဝေ့ သူငယ်ချင်းရေ့ ကဗျာက မာန်ပါတယ် ဂွတ်ထ ။

  2. သူရိန် says:
    May 21, 2009 at 12:19 AM

    ကောင်းတယ်ဗျာ။ virus ဆိုတာကိုက ခိုးကြောင်ခိုးဝှက် ၀င်ရတာ။ system ပေါ်မှာ နေရာအတည်တကျ ယူနိုင်တဲ့ကောင်တွေမှ မဟုတ်တာ။ မကြာခင်တော့လည်း ပျက်စီးရမှာပေါ့။ နဲနဲတော့ စိတ်ရှည်ရတာပေါ့ဗျာ။