twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အတွေးအက်ဆေး

ရှုရှိုက်လိုက်သော လေထဲတွင်ပင် အရောင် အဆင်းများစွာရှိ၏။ ပြင်ပဗဟိန္ဓ သဏ္ဍာန်ပေါ်တွင် အကဲဖြတ်ခြင်းသည် အဇ္ဖျတ္တ၏ အမှန်တရားကို လစ်လျူရှုရာကြသည်။ အဟောင်းများကို စွန့်ပယ်ခြင်းတိုင်းသည် အသစ်များကို လက်ခံရာမရောက်သေးပေ။ စကားလုံးပေါင်းများစွာထက် သာလွန်ကောင်းမြတ်ခြင်းကား မိမိကိုယ်၌ ထိတွေ့သိမြင် သဘောပေါက်ခြင်းဖြစ်၏။ အတွင်းသဏ္ဍာန်ကို စူးစိုက်သိမြင်အောင် လုပ်ခြင်းသည် အမှန်တရားကြီးနှင့် နီးစပ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ အမှန်တရား တစိတ်တဒေသကို မိမိသိမြင်သွားသည် ဆိုလျှင်ပင် မည်သည့်အရာနှင့်မျှ မတူသော ဘ၀င်ခိုက်ခြင်းမျိုး ဖြစ်ပေါ်လာတတ်၏။ လမ်းသစ်ထွင်မှ နည်းလမ်းအသစ်များ ရသည်မဟုတ်ပဲ တခါတရံ လမ်းဟောင်းများထဲ၌ပင် ဖုံးကွယ်နေသော နည်းလမ်းသစ်များရှိနေတတ်၏။ နေ့စဉ် ရှုပ်ထွေးနေသော အချိန်၏ ဇာတ်ကောင် ဖြစ်နေတတ်ပြီး တကယ့် အနှစ်သာရတွေကို မေ့လျော့နေတတ်ကြသည်။ အစစ်အမှန်တရားကို မြင်တတ်လာလေလေ အကောင်းဆုံးဆိုတာ တကယ်မရှိမှန်း သိလာလေလေ ပါပဲ။

မင်းယွန်းသစ်

Read Users' Comments (2)

2 Response to "အတွေးအက်ဆေး"

  1. ပန်းခရေ says:
    August 3, 2008 at 7:42 PM

    အစစ်အမှန်တရားကို မြင်တတ်လာလေလေ အကောင်းဆုံးဆိုတာ တကယ်မရှိမှန်း သိလာလေလေ ပါပဲ။”

    သိပ်မှန်တာပဲ...
    နင်တော်တယ်..မဆိုးဘူး..

  2. Anonymous Says:
    August 3, 2008 at 10:49 PM

    သယ်ရင်း မင်းရဲ့အတွေးတွေ အရမ်းတော်လာပြီး ကြိုက်တယ်ကွာ ဒီပို့စ်လေးကိုတော့ ။