twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

2008 Blogday Seminar Meeting News

၂၀၀၈ခုနှစ် စက်တင်ဘာ ၁ရက်နေ့မှာ ကျင်းပမယ့် ဘလော့ဒေးစီမီနာအတွက် ဒုတိယအကြိမ် မီတင်ကို မြေနီကုန်း Ocean Princess ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ မီတင် တက်ရောက်ခဲ့သူများကတော့ idulize၊ရွှေမင်းသား၊ ကိုညီလင်းဆက်၊ ကိုဘလာဂေါက်၊ မဘာညာ၊ ကိုပီကေ၊ စိုးဇေယျ၊ အောင်မျိုးဟန်၊ မပင့်၊ stanley၊ dr.junior၊ မယမင်း၊ တေဇာ၊ neo jack ၊ ဖိုးသူတော်၊ zerotrash ၊ ko wai စသူတို့ ဖြစ်ကြကြောင်း ကြားသိရပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက် အပြည့်အစုံကိုတော့ MBS မှာ အသေးစိတ် မကြာမှီဖော်ပြသွားမည် ဖြစ်ကြောင်းနှင့် ယခုအခါ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။ (သတင်းများ ထပ်မံရရှိပါက တင်ပြသွားပါအုံးမယ် ခင်ဗျာ)


အမှားပြင်ဆင်ချက်။ ။ ဘလော့ဒေးစီမီနာအား သြဂုတ်လ ၃၁ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း အတည်ပြုပြီး ဖြစ်ပါသည်။






(ဓာတ်ပုံများကို မဘာညာဆီမှ ရရှိပါတယ်)

Read Users' Comments (4)

4 Response to "2008 Blogday Seminar Meeting News"

  1. Anonymous Says:
    August 19, 2008 at 8:29 PM

    ဒီနှစ်လဲ မနှစ်ကလိုပဲ အောင်မြင်ပျော်ရွှင်ပါစေ..

  2. မီးလေး says:
    August 19, 2008 at 11:12 PM

    ကိုမင်းယွန်းရေ ဒီသတင်းကို ကြားရတာ အရမ်းကို ကြည်နူးဝမ်းသာမိပါတယ်... မီးလေးဆီကို မမီဆီက မေးလ်ဝင်လာတော့ ကိုမျက်လုံးဘလော့ဂ်ကို သွားကြည့်ဖြစ်သေးတယ်... ကိုမျက်လုံးက မမီရေ ဒီနှစ်တော့ ဆီမီနာမလုပ်ဖြစ်တော့ဘူး... နောက်နှစ်မှ အကောင်းဆုံးဖြစ်အောင် လုပ်ကြမယ်ဆိုပြီး ရေးထားတာတွေ့လို့ အတော်စိတ်မကောင်းဖြစ်နေတာ.. မီးလေးက ဘလော့ဂ်ဂါအကို၊ အမတွေကို အားကျလို့ ဒီနှစ် ဆီမီနာ တက်ဖြစ်အောင် အားခဲထားတာ... ဒါပေမဲ့ အကိုတို့ မမီတို့ရှိရင် ပိုကောင်းမယ်နော်... ပီးတော့ ကိုနေဘုန်းလတ်ရောပေါ့...
    အကို အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်...

  3. Anonymous Says:
    August 20, 2008 at 9:32 AM

    ဒီနှစ်လည်း အဆင်ပြေပြေ ကျင်းပနိုင်မှာပါ ပျော်စရာကြီးနေမယ် သယ်ရင်းလေးလည်း အားကျနေပြီထင်တယ် အရင်က ပွဲတိုင်းကျော်ဆိုတော့ :)

  4. Anonymous Says:
    December 12, 2009 at 4:58 PM

    now I stay in touch!