twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

Local News| စင်ကာပူ အမျိုးသားနေ့ အား ကြိုဆိုကြခြင်း

ဒီနေ့ ကျွန်တော့်အိမ်အောက်မှာ ဆူဆူညံညံတွေ ကြားတာနဲ့ ကော်ရစ်တာက လှမ်းကြည့်လိုက်တော့ ကျောင်းသားလေးတွေ သူတို့စင်ကာပူ နေရှင်နယ်ဒေးအတွက် ပလက်ဖောင်းပေါ်မှာ စီတန်းပြီး တွေ့သမျှကားတွေကို ပျော်ရွှင်စွာအော်ဟစ် နေကြလေရဲ့..။ ကိုယ့်အမျိုးသားနေ့ကို ဒီလိုကျောင်းသား လူငယ်လေးတွေ စိတ်ပါဝင်စား ပျော်ပျော်ပါးပါး ဆင်နွှဲတာ ကြည့်ရင်း ကျွန်တော်တို့ နိုင်ငံက ကလေးတွေလဲ ကိုယ့်နိုင်ငံအရေးကို ဒီလို စိတ်ပါဝင်စား ကြရင် ဘယ်လောက်ကောင်းမလဲ တွေးမိတယ်..။ မနက်ဖြန် ၄၃နှစ်မြောက် စင်ကာပူအမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ နေရာတိုင်းမှာ အနီရောင်သင်္ကေတတွေ လွှမ်းနေပါတော့တယ်..။



တိုပါးယိုး ပလက်ဖောင်းတလျှောက် အမျိုးသားနေ့ကို ပျော်ရွှင်စွာ ကြိုဆိုနေတဲ့ ကျောင်းသားလေးတွေ







(ဒီကနေ့ ညနေမှာလဲ peninsula ပလာဇာမှာ မြန်မာ့အရေးလှုပ်ရှားသူများက အနီရောင် ၀တ်စုံများနဲ့ နှစ်၂၀ပြည့် ၈လေးလုံး အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မယ်လို့ သိရှိရပါတယ်...) အနီရောင်လွှမ်းသော နေ့တနေ့ပင် ဖြစ်ပါတော့တယ်။

Read Users' Comments (0)

0 Response to "Local News| စင်ကာပူ အမျိုးသားနေ့ အား ကြိုဆိုကြခြင်း"