twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဘလော့ကာဖြစ်ခြင်း မဖြစ်ခြင်း

ဘလော့တခုပိုင်ရုံနဲ့ ဘလော့ကာလို့ ပြောချင်လဲ ပြောပေါ့...
မခေါ်ချင်လဲ ရပါတယ်...
အနုပညာဆိုတာ ဖန်တီးသူရဲ့ နှလုံးသွေးစုတ်ချက် .....
ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဖန်တီးသူရဲ့ အလုပ်မဟုတ်ဘူး...
ကျွန်တော့် စုတ်ချက်တွေ ၀ိဥာဉ်ရှိ သ၍ ခြယ်မှုန်းနေမှာပါပဲ....
စကားလုံးပန်းချီတွေ ဟောဒိရှေ့မှာ သွန်မှောက်ချပြနေအုံးမှာပါပဲ...
တခါတရံ ကာရံညီချင်ညီမယ်...၊ တခါတရံ သံစဉ်မဲ့နေမယ်..
တခါတရံလဲ ထော်လော်ကန့်လန့် ဖြစ်ချင်ဖြစ်နေမယ်....
အားပေးသူရှိချင်ရှိမယ်....၊ ရှိချင်မှလဲ ရှိမယ်.....
ဟုတ်ကဲ့ ကျွန်တော် ဘလော့တခု ပိုင်ဆိုင်ပါတယ်....
ဒါပေမယ့် ဘလော့ကာ ဖြစ်ချင်မှ ဖြစ်မယ်.....
ဟုတ်ကဲ့......
ကျွန်တော့် မှာ ဘလော့တခုပိုင်ဆိုင်ပါတယ်......

Read Users' Comments (4)

4 Response to "ဘလော့ကာဖြစ်ခြင်း မဖြစ်ခြင်း"

  1. Anonymous Says:
    August 28, 2008 at 8:09 AM

    မိုက်တယ်ကွ.....ငါလည်း ဘလော့တစ်ခုလို့  ပိုင်ဆိုင်ထားတယ် ဒါပေမယ့် ဘလော့ကာဖြစ်မဖြစ်ဆိုတာကိုတော့ မသိဘူး....သူကအစမ်းသပ်ခံဖို့  လိုလို့ လားး ဒီနေရာလေးမှာတော့ ချုပ်ချယ်တာတွေမရှိသင့်ဘူးထင်တာပဲ ။

  2. ဝေလေး says:
    August 28, 2008 at 10:06 AM

    ကဗျာလေးကြိုက်တယ်.. ဟုတ်တယ်..
    ဘလော့တစ်ခုပိုင်တယ် ဘလော့ဂါဖြစ်ချင်မှဖြစ်မယ်

  3. Chaos says:
    August 28, 2008 at 10:13 AM

    ဘလော့တစ်ခုလဲပိုင်တယ်
    စာလဲရေးတယ်
    ဘလော့ဂါလို့တော့ပြောကြတာပဲ
    သေချာတာကတော့ စာရေးသူပေါ့

  4. PMK says:
    August 28, 2008 at 10:38 AM

    ဟုတ်တယ်ဗျာ..ကျွန်တော့် အတွက်တော့ အမည်နာမ ဂုဏ်ပုဒ်တွေက သိပ်အရေးမကြီးဘူး.. ကျွန်တော် စိတ်ထဲရှိတာ.. ကျွန်တော်ခံစားရတာတွေ ကျွန်တော့် အိမ်လေးဖြစ်တဲ့ ကျွန်တော့် ဘလော့လေးမှာ ရေးနေရရင် ကိုယ့်ဟာကိုယ် ပြန်ခံစားရရင် တိတ်တိတ်လေး ကျေနပ်နေတဲ့ကောင်ပါပဲ... ကျွန်တော် နာမည်မကြီးချင်ပါဘူး..။ ဘလော့ကာ တစ်ယောက် အဖြစ် ဘာအရည်အချင်း ညာအရည်အချင်းတွေ နဲ့မှ ပြည့်စုံမယ်ဆိုရင်... ခွင့်လွှတ်ပါ ကျွန်တော် ဘလော့ကာ မလုပ်ချင်တော့ပါဘူး..။