twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
ရန်ကုန်ည
မျက်လုံး ကြောင်တောင်နဲ့
ဟိုဟိုဒီဒီ အတွေးများက
အဲဒီဖျာချပ်ပေါ်မှာ လှိမ့်နေခဲ့...
မှိန်ဖျပြီး အားမပြည့်တဲ့
မီးချောင်းဖြူတွေက
မျက်နှာပြင်ပေါ် ယှက်ဖျာကျလို့
ခြေဆန့်လက်ဆန့်နဲ့ ပတ်ဝန်းကျင်ကိုက
ပိုအေးခဲနေသလား မသိ
တစ်ညတည်း ဆိုပေမယ့်
အိပ်ပစ်လိုက်ဖို့
သိပ်ကို နှမြောတွန့်တို လွန်းနေလေရဲ့...
ရန်ကုန်ရေ...
အခုတော့ ငါမင်းကို
လွမ်းတတ်ခဲ့ပြီ...။
Read Users' Comments (2)
2 Response to "ရန်ကုန်ည"
  1. Tea says:
    July 17, 2008 at 7:30 AM
    အိပ်ပစ်လိုက်ဖို့
    သိပ်ကို နှမြောတွန့်တို လွန်းနေလေရဲ့...
    ရန်ကုန်ရေ...
    အဲ့ဒီတုန်းက အိပ်ပျော်သွားလားဗျ
    ကျွန်တော်လည်း လွမ်းတယ်ဗျာ... :(
  2. Anonymous Says:
    July 25, 2008 at 8:58 PM