အိမ်ပြန်ချိန်
တိုးတိုးတိတ်တိတ်ပဲ…
ညီအကို မသိတသိချိန်မှာ
ခြေလျှင်လျှောက်ခဲ့ရတယ်…
တချိန်က ညဥ့်နက်ရင်
ငေါက်ငမ်းတတ်တဲ့ အမေ့ကိုလဲ
တခါတခါ လွမ်းရဲ့…
ဒယီးဒယိုင် လအရိပ်တွေက
ကိုယ့်အပေါ်ဖျာကျလို့..
ကိုယ်က သိပ်မူးနေတာမဟုတ်ပဲ..
လအရိပ်က ယိုင်နေခဲ့…..
ခြံတံခါးတွန်းဖွင့်လိုက်တဲ့အခါ
အထဲမှာ အိပ်မောကျသံများ
ကြားရမလား မျှော်လင့်ချက်နဲ့ပေါ့..
အိမ်မြှောင်စုတ်ထိုးသံ ကြားမှ..
ဘယ်သူမှ တံခါးလာဖွင့်ပေးမယ့်သူ
မရှိမှန်း … သတိရတော့တယ်..
ချဉ်စုတ်စုတ် ကုတင်ပေါ် ၀မ်းလျားထိုးမှောက်..
အခုမှ အညောင်းပြေသွားတဲ့ ခန္ဓာက
သူ့ကိုယ်သူ ဆန့်ထုတ်လိုက်တယ်….
ခေတ္တလေးပါပဲ….
ကျွန်တော် နိဗ္ဗာန်လေးဟာ
မျော့လွင့်သွားခဲ့တယ်….။
ညီအကို မသိတသိချိန်မှာ
ခြေလျှင်လျှောက်ခဲ့ရတယ်…
တချိန်က ညဥ့်နက်ရင်
ငေါက်ငမ်းတတ်တဲ့ အမေ့ကိုလဲ
တခါတခါ လွမ်းရဲ့…
ဒယီးဒယိုင် လအရိပ်တွေက
ကိုယ့်အပေါ်ဖျာကျလို့..
ကိုယ်က သိပ်မူးနေတာမဟုတ်ပဲ..
လအရိပ်က ယိုင်နေခဲ့…..
ခြံတံခါးတွန်းဖွင့်လိုက်တဲ့အခါ
အထဲမှာ အိပ်မောကျသံများ
ကြားရမလား မျှော်လင့်ချက်နဲ့ပေါ့..
အိမ်မြှောင်စုတ်ထိုးသံ ကြားမှ..
ဘယ်သူမှ တံခါးလာဖွင့်ပေးမယ့်သူ
မရှိမှန်း … သတိရတော့တယ်..
ချဉ်စုတ်စုတ် ကုတင်ပေါ် ၀မ်းလျားထိုးမှောက်..
အခုမှ အညောင်းပြေသွားတဲ့ ခန္ဓာက
သူ့ကိုယ်သူ ဆန့်ထုတ်လိုက်တယ်….
ခေတ္တလေးပါပဲ….
ကျွန်တော် နိဗ္ဗာန်လေးဟာ
မျော့လွင့်သွားခဲ့တယ်….။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "အိမ်ပြန်ချိန်"
Post a Comment