၂ရက်မြောက် စိမ်းလဲ့တင်
ကျိုက်ထိုနားက စိမ်းလဲ့တင် ဟိုတယ်ကို ၃ရက်နေ့ ညနေငါးနာရီ လောက်က ထွက်လာပေမယ့် အင်တာနက်ကို ၄ရက်နေ့ကျမှ ရတယ်။ အင်တာနက် မရှိတဲ့ ဘဝဟာ ရည်းစား မရှိတာထက်ဆိုးတယ်။ ရောင်းသူလို ရည်းစား ရှိတဲ့သူတွေကတော့ သာတာပေါ့။ ဖုန်းလေးဆက်ပြီး သတိရတဲ့အချိန် ပြောနေရုံပဲ။ဟတ်ဟတ် စစချင်းရောက်တဲ့နေ့က တော့ ကားက လိပ်လိုမောင်းနေတာနဲ့ ၉နာရီ ခွဲကျော်လောက်မှ ရောက်တယ်။ ဒီခရီးမှာ ကိုဇော်ဇော်၊ ရောင်းသူ၊ မဘာညာ၊ စိုးဇေယျ၊ ကိုကျော်ဇေယျ၊ ကိုမိုးလှိုင်တို့ ပါလို့သာ မပျင်းရတယ်။ မနေ့က အင်တာနက်ရတယ်ဆိုတာနဲ့ ကျွန်တော်တို့ အဖွဲ့တွေ အာဖရိကက အစာရေဆာ ပြတ်လတ် နေကြတဲ့သူတွေလို အငမ်းမရ သုံးကြတယ်လေ။ တစ်ရက်လောက် အင်တာနက် မသုံးရတာ ကျွန်တော်တို့တွေ ယားကျိကျိ ဖြစ်နေတာပေါ့။ ဗိုလ်ဝ (စိုးဇေယျ) ဆို ညသုံးနာရီ လောက် မအိပ်သေးပဲ နက်ထိုင်သုံးတယ်။ ကိုမိုးလှိုင်ကတော့ ဒုတိယနေ့ကတည်းက ဗိုက်အောင့်အောင့်နေ ဆိုပြီး နေ့ခင်းဘက်ကို အခန်းကို ပြန်သွားတယ်လေ။ သူ့ခင်မျာ တခွေခွေနဲ့ လူကလဲ ဗလနဲ့ဆိုတော့လေ။ ဟတ်ဟတ်။ ဒီမှာ တပတ်လောက်တော့ ကြာအုံးမယ်ဗျာ။ တနေကုန် တနေခန်း run ထားရတာဆိုတော့ ညနေဆို နုန်းနေပြီ။ အခုလဲ ည ပြန်စအုံးမယ်ဗျို့။ ပြန်လာမှပဲ ခရီး အကြောင်း အသေးစိတ်တင်တော့မယ်ဗျ။ see u soon! bye
မင်းယွန်းသစ်
ခေတ္တ ကျိုက်ထို
မင်းယွန်းသစ်
ခေတ္တ ကျိုက်ထို



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
October 4, 2009 at 10:45 PM
ကျိုက်ထိုမှာ ကြောင်မျိုးကို တွေ့မိရင် သတိရပါတယ်ပြောပေးပါ...
October 5, 2009 at 11:29 PM
ကြောင်မျိုးကို သတိရတဲ့ထဲမှာ အမလည်းပါပါတယ်...
ကျိုက်ထိုမြို့ ကိုလည်း သတိရသွားတယ်... အင်တာနက် ဥပမာပေးသွားတာလေး သဘောကျသွားပါတယ်ဗျို့ ... အတူတူဘဲ...
မိုးလှိုင် ကိုလည်း ဂရုစိုက်လိုက်ပါဦး... တော်ကြာ ကဗျာကောင်းကောင်းတွေ မဖတ်ရဘဲ နေမှာစိုးလို့ပါး)
mie nge
October 10, 2009 at 10:16 PM
မြန်မြန်တင်ပါ စောင့်နေပါ၏