မနေ့ကပွဲ The Web Show 2008
မနေ့က ကိုဇော်လုပ်တဲ့ တကိုယ်တော်အင်တာနက် စာမျက်နှာ ပြပွဲကြီး အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲ မတိုင်ခင် တရက်ကတော့ ကိုဇော်(ကိုဂေါက်)၊ ကိုထွန်းထွန်းကျော်၊ ကိုမျက်လုံးတို့ လေးယောက် ပြပွဲလုပ်ဖို့ အတွက် စက်တွေကို Creative ကနေ conference hall ထဲထိရောက်အောင် အကဲစမ်း ပွဲကြမ်းခဲ့တာပေါ့။ ပထမ ၂ခေါက်လောက် ကိုမျက်လုံးတို့၊ ကိုဂေါက်တို့ လက်အံသေအောင် သုံးယောက်သား မခဲ့ကြပြီး ကျွန်တော်ကတော့ hall ထဲမှာ ကိုဂေါက်ပြောတဲ့ အတိုင်း နေရာတွေချပေးခဲ့တာပေါ့။ နောက်ဆုံး တခေါက်တော့ ကျွန်တော်လဲ ၀င်ရောက် လုပ်အားပေးရင်း အောင်ညက်လေး CRT မော်နီတာကို တခေါက်ထဲမလိုက်ရပေမယ့် လက်အံသေသွားတော့ လက်တောင် မမြှောက်ချင်တော့ဘူး ဆိုတဲ့ ကိုဂေါက်တို့ကို တော်တော်လေး ကိုယ်ချင်းစာ သွားတယ်။ (ဟူး.. မောလိုက်တာဂျာ)။
မနေ့ကတော့ ကိုဂေါက်က မနက် ၈နာရီအရောက် လာခဲ့ဖို့ ပြောထားပေမယ့် မနက် အိပ်ပျော်သွားလိုက်တာ နိုးလို့ နာရီကြည့်တော့မှ ၈နာရီခွဲနေပြီ။ အဲ့ဒိကျမှ အသည်းအသန် ရေမိုးချိုးပြီး တက္ကစီငှားပြီး အင်ဖိုတက်ခ်ကို ပြေးရတော့တယ်။ ဟိုရောက်တော့ ၉နာရီခွဲခါနီးနေပြီ။ စက်တွေကတော့ ဆင်ပြီးသားဖြစ်နေပြီ။ ဒါပေမယ့် ပြပွဲ၊ ပြိုင်ပွဲလုပ်မယ့် စက်တွေမှာ ပြဖို့ ဆိုက်တွေကို တေဇာနဲ့ အတူတူ ၀ိုင်းတင်ပေးလိုက်ရတယ်။ ( အမှန်တော့ ကျွန်တော်က နှမ်းဖြူးရုံပါ :) )

ကြိုးစားပမ်းစား စက်တွေပေါ်မှာ ပြိုင်ပွဲဝင် ဆိုက်များကို လိုက်တင်ပေးနေတဲ့ တေဇာ
ဒါနဲ့ အားလုံး အပြီးအစီး ၁၀နာရီ ထိုးခါနီးလောက်ကျတော့ အခမ်းအနား ဖွင့်လှစ်ကြောင်း ကိုဂေါက်က ကြေငြာပါတယ်။ လာရောက် လေ့လာသူများကလဲ အဲ့ဒိနောက်မှာ တဖွဲဖွဲ ရောက်လာကြပါတယ်။ ဟောလ်ထဲကို မ၀င်ခင်မှာဆို အပြင်ဘက်မှာ ဆားဗစ်ပလစ်၊ imcs ၊ မြန်မာတိုင်းမ်၊ Creative တို့ဟာ အပြင်ဘက်မှာ ပြသထားပြီး conference hall ထဲကို ၀င်လိုက်မယ်ဆိုရင် ဘယ်ဘက်ခြမ်းမှာ ခုံတန်းရှည် တခုရှိပြီး ဆားဗေးဖောင်တွေကို အဲ့ဒိနေရာကနေ ပြပွဲကို မ၀င်ခင် ရယူရပါတယ်။ အခန်းရဲ့ ညာဘက် ထောင့်မှာတော့ လာရောက် ကြည့်ရှုသူများ လွတ်လပ်စွာ အမှတ်တရ လက်မှတ်ထိုးနိုင်ရန် အဖြူရောင် ဗီနိုင်းရွက်ကြီးတခုကို နံရံမှာ ကပ်ထားပါတယ်။ (ကြွရောက်လာသူများက တခဲနက် လက်မှတ်ထိုး သွားကြပါတယ်)။

ကိုဇော်(ကိုဂေါက်)

conference hall အပြင်ဘက် မြင်ကွင်း

တဖွဲဖွဲ လာရောက်အားပေးကြတဲ့ ပရိသတ်တွေ

Happy X'Mas and Congratulation Ko Zaw (by Minnyoon)
ကျန်သော အခန်းရဲ့ ထောင့်များမှာတော့ အ၀င်ဝရဲ့ ဘယ်ဘက်မှာဆို Creative Web Studio ၊ ၎င်းနဲ့ တူရူရာ အခြားထောင့်မှာတော့ Mysteryzillion အဖွဲ့၊ အခြားတဘက်မှာတော့ IMCS စသည်ဖြင့် နေရာယူ ထားကြပြီး အခန်းရဲ့ အလယ်မှာတော့ စားပွဲခုံများ ပေါ်၌ ပြိုင်ပွဲဝင် ၀က်ဘ်ဆိုက်များကို ခင်းကျင်း ပြသထားပါတယ်။ ပြပွဲကို အများစု လာရောက်ကြည့်ရှု သူများကတော့ လူငယ်များ ဖြစ်ပြီး အသက်ကြီးပိုင်း လူကြီးများလဲ လာရောက်ကြည့်ရှု ကြကာ အများအားဖြင့် ဒီပြပွဲအကြောင်းကို ကျွန်တော်တို့ ကိုယ်ပိုင် ဆိုက်များမှာ ကြေငြာထားတဲ့အတွက် လာရောက် လေ့လာသူ အများစုဟာ online user များပဲဖြစ်ပါတယ်။

ကျွန်တော့်ဘလော့ကို ဒီလို ပြထားတာ ခင်ဗျ

ကျွန်တော့် ဘလော့ကို အားပေးနေတဲ့ အန်ကယ်လ် တဦး
ပြပွဲမှာ ပိုမြိုင်ဆိုင်သွားတာက IMCS ရဲ့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေကြရင်း ခရစ်စမတ် လက်ဆောင် ရယူကြတဲ့ အစီအစဉ်ဖြစ်ပါတယ်။

မေးကြည့် ဖြေကြည့် ပဟေဠိ လုပ်နေတဲ့ IMCS မှ ကိုပိုင်
ပြပွဲကို လာရောက် လေ့လာသူများအပြင် ကျွန်တော်တို့ရဲ့ ဘလော့ဂ်သူငယ်ချင်း ရောင်းရင်းများလဲ လာရောက်ခဲ့ကြပါတယ်။ ကျွန်တော် မှတ်မိသလောက်တော့ ကိုကျော်ဇေယျ၊ ကိုမိုးလှိုင်ည၊ မဆုဝေ(ဆုသက်လင်း)၊ ဇော်မျိုး၊ သဇင်ဏီ တို့ ဧည့်သည်တော်များ အဖြစ် လာရောက် အားပေး ခဲ့ကြပါတယ်။ ပြိုင်ပွဲမှာ လူကြိုက်အများဆုံး ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဆု ကိုတော့ ကိုမျက်လုံးက ရရှိသွားပြီး၊ ဒုတိယဆုကို ရွှေမန်းက ကျွန်တော်တို့ အကိုတော်ကြီး ကိုမောင်လှ၊ တတိယဆုကိုတော့ ကျွန်တော် (ဟင့် ရလိုက်ဘူး ကပ်လွဲသွားတယ်) တတိယကို မောင်ခ က ရရှိသွားပါတယ်။

မသူတော် အဲလေ ဖိုးသူတော် .. :P

မောသွားပြီဂျာ

တေဇာနှင့် ကျွန်တော် (Organizer တွေကွ ဘာမှတ်လဲ ငှက်ငှက် :P )

ကျွန်တော်နှင့် ဘကြီးမိုးလှိုင်ည :P (ကျွန်တော့်ကို သူရို့ဂျာနယ်က ရှယ်ဗျူးသွားတယ်ဗျ။ ဟတ်ဟတ် ဒီတပတ်ထုတ်လား နောက်တပတ် ထုတ်လား မသိဘူး ecovision မှာ ပါမယ်ဗျာ။ စောင့်ဖတ်တော် မူကြပါကုန် :P)

သူပဲ..သူပဲ ဂျစ်ပဆီဆိုတာ (ကျေးဇူးပြု၍ အကြွေးဝိုင်းတောင်းကြပါ) :P

ညကတည်းက သေချာမအိပ်ရသေးဘူးဆိုပြီး အမှန်အကန် အိပ်မောကျနေတဲ့ တေဇာ :P

မန္တလေးက ပညာဒါန သင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးနေတဲ့ ဘုန်းဘုန်း ဦးကောဝိဒနဲ့ စကားလက်ဆုံကျနေတဲ့ ကိုပီကေ

ကျွန်တော် နာမည် မသိတဲ့ အမတယောက်နဲ့ ဘလော့ကာ မဆုဝေ (မဆုသက်လင်း)
ပြပွဲပြိုင်ပွဲကို ၄နာရီခွဲလောက်မှာ ရုပ်သိမ်းခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်ခဲ့ကြပါတယ်။ ထို့အပြင်အထူးခြားဆုံးကတော့ Mysteryzillion မှာ ကိုစေတန်ဂေါ့တ်မှ ပိတ်ပွဲ အဖြစ် ဟစ်ဟော့ပ် သီချင်း တပုဒ်ကို လက်တန်း သီဆိုသွားခဲ့ပါတယ်။ (ရွှီး..ရွှီး ဗရာဗို တကယ်ကောင်းပါတယ် :P ) ဟိဟိ

The Web Show 2008 ရဲ့ လူကြိုက်အများဆုံး ၀က်ဘ်ဆိုက်ကိုတော့ ကိုမျက်လုံးမှ ဆွတ်ခူးရရှိသွားပါတယ်။

ဝဲယာမှ ဂိုဏ်းချုပ်၊ နန္ဒ၊ ကိုဂေါက်၊ မောင်ခ၊ တေဇာ
The Web Show 2008 အဖွဲ့သားများ စုရိုက်ထားသော ပုံတွေ စိုးဇေယျဆီမှ ရရှိပါက တင်ပေးသွားပါအုံးမယ်။
အဲ့ဒိနောက်မှာတော့ မနေ့ကအတိုင်းပဲ လူတွေစုံစုံလင်လင်နဲ့ စက်များကို ပြန်လည် ဖြုတ်ပြီး ပြန်မ ကြရပြန်ပါတယ်။ :)

ကိုစေတန်ဂေါ့တ်တို့ ဆိုင်ကို ပြန်သယ်ဖို့ ကားပေါ် စက်တွေ ဒီလို တတပ်တအား ၀ိုင်းတင်ပေးနေကြစဉ်
အားလုံးလဲ ပြီးရော ကျွန်တော်တို့ထုံးစံ အတိုင်းပေါ့ဗျာ။ တတိယပိုင်း အစီအစဉ်ပေါ့ ဒါတော့ ပြောပြဘူးနော်... သတ်ချင်သတ်လိုက် ခွိခွိ :P ။ ပုံများကို စိုးဇေယျ ၊ ကိုမိုးလှိုင်ည တို့ဆီမှ ရရှိပါက နောက်ဆက်တွဲ ထပ်မံတင်ဆက်သွားပါအုံးမယ်ခင်ဗျာ။ :)

အားလုံးတတာ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
December 26, 2008 at 3:06 PM
ငါ့ သယ်ရင်းကတော့ ဘယ်အချိန်ကြည့်ကြည့် ၀လို့ လှလို့ ပြုံးပျော်နေတာပဲ စိတ်ချမ်းသာတယ်း) မင်းကျေးဇူးကြောင့် မမြင်ဖူးတဲ့ ဘလော့ဂါတစ်ချို့ကိုလည်း မြင်ဖူးသွားပြီး သိုင်းကျူး ၀က်ကလေးရှဲရှဲ ဟဟားးး တတိယပိုင်း အစီစဉ် ဘာလဲ ငါသိတယ်နော် ။
December 27, 2008 at 2:32 AM
ခင်ဗျားတို့တတွေပင်ပန်းလိုက်ကြမည်ဖြစ်ခြင်း၊ကိုယ်ကို
တိုင်ကြုံခဲ့ခြင်းကြောင့်ပါ။ကျေးဇူးဗျာ။ဒါပဲပြောနိုင်လို့ပါ။
December 30, 2008 at 6:56 PM
သူငယ်ချင်းရေ.. ကျေးဇူးပဲ.. ဒီပွဲအကြောင်းခုမှပဲ စုံစုံလင်လင်တွေ့ရတယ်.. မမြင်ဘူးသူတွေလဲ မြင်ဘူးသွားတယ်.. ဒါနဲ့ (Organizer တွေကွ ဘာမှတ်လဲ ငှက်ငှက် :P ) ဆိုတော့.. နင်တို့က ငှက်တွေလား... အဟီး..... ငါလဲ လာချင်လိုက်တာ.. နင်လုပ်တာနဲ့ မြန်မာပြည်တောင်တော်တော်လွမ်းသွားပြီ.. အရင်က မြန်မာပြည်မှာ ဘော်ဒါတွေ တစ်ယောက်မှ မရှိလို့ မပြန်ဖြစ်တာ.. ခုတော့ နင်တို့တွေ ဘလော့ကနေ ဒီလိုခင်ကြတော့ ငါလဲ အားမငယ်တော့ဘူး..
December 31, 2008 at 10:45 AM
ဝတာကတော့ ပြောမနေနဲ့ မောင်မျိုးရေ တဖြည်းဖြည်းနဲ့ ဗိုက်က ၃တောင်လောက် ပူချင်နေပြီ ဟီး။ Strike ရေ.. မှန်တာပေါ့ ဖတ်ဖတ်မောပဲအဟဲ။ ဗေဒါရေ.. နင်အားတဲ့အခါ ရန်ကုန်ရောက်ရင် လာခဲ့ပါဟ ငါတို့တွေက အားလုံး တစုတစည်းထဲ အမြဲလိုလို ရှိကြတယ်ဟ ပျော်ဖို့ ကောင်းပါတယ်။ လာရင် ကြို အကြောင်းကြားနော့ အုံနဲ့ကျင်းနဲ့ကို လာကြိုမယ် ရွာက ကြီးတော်ကြီး ရန်ကုန်ကို လာလည်သလိုပေါ့ ဟီးဟီး။ :P