twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

တောင်ကြီးမြို့နှင့်တန်ဆောင်တိုင်

တောင်ကြီးတန်ဆောင်တိုင်က ပြီးသွားတာ ကြာပါပြီ။ ကျွန်တော်ခပ်ငယ်ငယ် ၆နှစ်သားတုန်းက တောင်ကြီးကို တန်ဆောင်တိုင်မှာ ရောက်ဖူးပေမယ့် တော်တော်လေး ကြာနေပြီဆိုတော့ သိပ်မမှတ်မိတော့ပါဘူး။ တောင်ကြီးတန်ဆောင်တိုင်ကို သွားချင်ပေမယ့် အခြေအနေ မပေးသေးတာကြောင့် မသွားဖြစ်သေးဘူး။ ဒါပေမယ့် တချိန်ချိန်တော့ သွားမယ်လို့တော့ ဆုံးဖြတ်ထားတယ်။ မြန်မာပြည်အနှံ့မှာလဲ ကျွန်တော် သွားချင်တဲ့ နေရာတွေ အများကြီး ကော့သောင်းအငူကနေ ဟိုးထိပ် နာဂတောင်တန်းတွေထိ သွားချင်စရာ နေရာတွေ အများကြီး။ တောင်ကြီးကို ကျွန်တော် မသွားဖြစ်ပေမယ့် ကျွန်တော့်ညီမလေး တစ်ယောက်က တောင်ကြီးသွားရင် ဓာတ်ပုံလေးတွေ ရိုက်ခဲ့မယ်ဆိုပြီး ရိုက်လာပါတယ်။ ဒါပေမယ့် သူက တောင်ကြီးတန်ဆောင်တိုင် အပြင် အင်းလေးတို့ပါ သွားတယ်ဆိုတော့ မကြာသေးခင်ကမှ ပြန်ရောက်ကြတယ်။ သူရိုက်ခဲ့တဲ့ပုံတွေက အများကြီးပဲ။ ကျွန်တော်နဲ့အတူတူ တောင်ကြီးမြို့ကို မရောက်ဖူးသေးတဲ့ သူငယ်ချင်းတွေ ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်။ ဓာတ်ပုံများကို ပေးပို့ပေးခဲ့သော ညီမလေး ပန်းမြတ်ရေ ကျေးဇူးနော်။


ရှမ်းတောင်တန်းတွေကြားက ခရီးလမ်းလေးတခု (ကျွန်တော်အရမ်းကြိုက်တဲ့ လမ်းလေးတွေက အဲ့ဒိလို တောင်တန်းတွေ ကြားက လမ်းလေးတွေပါပဲ)


ရှမ်းတောင်တန်းတွေဟာ ရှမ်းလူမျိုးတွေရဲ့ သဘာဝပြယုဂ်တခုလဲ ဖြစ်ပါတယ်။


တောင်ပတ်လည်ဝိုင်းနေတဲ့ ကြားက မြို့။ (ဓာတ်ပုံကြည့်တာနဲ့ကို တကယ်သွားချင်နေပြီ)


အစိမ်းရောင်တခင်းလုံး လတ်ဆတ်ကြည်စင်လို့...။


ပွဲဈေးတန်းမြင်ကွင်း


ဘုံကထိန်ပွဲ ဆင်ယင်နွှဲ


နေ့လွှတ်မီးပုံးအတွက် အောက်ဆွဲ (ဟုတ်ကဲ့ အမှန်ကို ပြန်ပြင်ပေးသွားတဲ့ anonymous နဲ့ ညီမလေး ပန်းမြတ် ကိုကျေးဇူးတင်ပါတယ်)


မီးပုံးလွှတ်ဖို့ ပြင်နေကြပြီ..


ငြိမ်းချမ်းရေး ချိုးဖြူငှက်တွေ...


ဆင်ဖြူတော်ပျံ...


ရွှေပွဲလာ ပရိသတ်တွေပေါ့..


ငှက်တော့ငှက်ပဲ ဘာငှက်လေးလဲ မသိဘူး .. အပြာရောင်ငှက်....:)


ရွှေငါးလေးတွေ...


ကောင်းကင်မှာ ပျံဝဲ မီးပုံးလေးတွေ လွှတ်တဲ့ပွဲ..


ရောင်စုံမီးပန်းတွေနဲ့ ညပိုင်းလွှတ်တဲ့ မီးပုံး


တောင်ကြီးမြို့ တန်ဆောင်တိုင်ကို ကိုယ်ကိုတိုင် မသွားပေမယ့် ညီမလေး ပန်းမြတ် ပေးပို့ပေးတဲ့ ပုံတွေကြည့်ပြီး တကယ်သွားလိုက်ရသလိုပါပဲ။ ရှဲရှဲ...။ နောင်နှစ်များမှာတော့ ကျွန်တော်လဲ ကိုယ်တိုင် သွားဖို့ ပိုပြီး အာသီသ ပြင်းပြသွားပြီဗျာ။ ကဲဘယ်လိုလဲ တောင်ကြီးက အန်တီနိုင်းနိုင်းတို့၊ အမခေးအော့စ်တို့၊ ဒိုဒီတို့ရေ.. နောင်နှစ် လည်လည် လာမယ်နော့။ :)


Read Users' Comments (2)

2 Response to "တောင်ကြီးမြို့နှင့်တန်ဆောင်တိုင်"

  1. Anonymous Says:
    January 6, 2009 at 3:20 PM

    အစ်ကိုရေ..
    အစ်ကို..ပဒေသာပင်လို့..ရေးထားတဲ့..ပုံက..
    ပဒေသာပင်..မဟုတ်ပါဘူး..
    နေ့လွှတ်..မီးပုံးပျံတွေမှာ..ချိတ်တဲ့..အောက်ဆွဲပါ..
    မီးပုံးပျံလွှတ်ပြီး..စနစ်တံကို..မီးရှို့ ..အပေါ်ရောက်လို့ရှိရင်.. အဲဒီမှာ..ချိတ်ထားတဲ့..လေတံခွန်တွေ..ငွေရောင်.အဖြူစလေးတွေ.. ပြုတ်ကြလာပါတယ်.. နေ့လွှတ်..အလှပေါ့..

  2. Minn Yoon Thit says:
    January 7, 2009 at 9:26 AM

    အဟဲ ဟုတ်ကဲ့ကျွန်တော်လဲ အဲ့ဒိဟာလေး ပြန်ပြင်မလို့ မအားသေးတာ.. သိတယ်.. မွှားတာတာ ဟီး