Myanmar Bloggers Society အတွက် လိုဂိုနဲ့ ဆောင်ပုဒ် အား vote ပေးရွေးချယ်ခြင်း
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မီတင်း ဆုံးဖြတ်ချက်အရ Myanmar Bloggers Society ရဲ့ လိုဂိုနဲ့ ဆောင်ပုဒ်ကို vote ပေးပြီး ရွေးချယ်ပါမယ်။
Myanmar Bloggers Society အတွက် လိုဂိုနဲ့ ဆောင်ပုဒ်ကို ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မြန်မာဘလော့ဂါတွေအားလုံး ကိုယ်တိုင် ပါဝင်ရေးဆွဲရွေးချယ်နိုင်ပါပြီ …။
လာမယ့် တနင်္ဂနွေနေ့ (၁၂.၀၈.၂၀၀၇) မှာ MBS (Myanmar Bloggers Society) အတွက် လိုဂိုနဲ့ဆောင်ပုဒ်ကို vote ကောက်ပြီး အပြီးသတ်ရွေးချယ်ပါမယ်။
ဒီနေ့ကနေစလို့ သောကြာနေ့ည ၁၂ နာရီ (မြန်မာအချိန်) အထိ မည်သူမဆို မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကိုဆွဲပြီး ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များနဲ့အတူ www.myanmarbloggers.co.nr ဆိုတဲ့ ဖိုရမ်မှာတင်ပြီးတော့ဖြစ်စေ၊ nayphonelatt@gmail.com ကိုပို့ပြီးတော့ဖြစ်စေ ပါဝင်နိုင်ပါတယ်။ တစ်ဦးလျှင်စိတ်တိုင်းကျတစ်ပုံပဲ ပါဝင်ဖို့ မေတ္တာရပ်ခံပါတယ်။ ကြာသပတေးနေ့မှာတော့ လက်ခံရရှိသမျှလိုဂိုတွေကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့တကွ
www.nayphonelatt.blogspot.com မှာတင်ပေးထားမှာဖြစ်ပြီး အဲဒီ့မှာပဲ တစ်ခါတည်း vote လုပ်လို့ရအောင် စီစဉ်ပေးသွားပါမယ်။ vote လုပ်ဖို့အချိန်ကာလကတော့ ကြာသပတေးနေ့နံနက် ကနေ တနင်္ဂနွေနေ့ည အထိ ၄ရက်ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ vote အများဆုံးရတဲ့ လိုဂိုကိုရွေးချယ်သွားမှာဖြစ်ပါတယ်။
ဆောင်ပုဒ်ကိုလဲ အတူတကွပူးတွဲတင်ပြနိုင်ပါတယ်။ ဆောင်ပုဒ်ကိုလဲ အဲဒီ့ပုံစံအတိုင်းလုပ်သွားပါမယ်။
(ဒီပို့စ်ကို ကိုနေဘုန်းလတ် ဘလော့ဂ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။)



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "Myanmar Bloggers Society အတွက် လိုဂိုနဲ့ ဆောင်ပုဒ် အား vote ပေးရွေးချယ်ခြင်း"
Post a Comment