twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

လည်လည်သွားခဲ့တယ်

ကျွန်တော်ဒီတပတ်ကို ဘလော့ဂ်တွေဆီ အလည်သွားခဲ့တယ်။ တကယ်အလည်ရောက်ဖြစ်တော့မှ အားပါး ကျွန်တော်က လွဲလို့ (အဟီး) အကုန်တော်ကြတယ်ဗျာ။ သူတို့ဘလော့ဂ်တွေကို ငေးမောရင်း ကျွန်တော်သူတို့လို မရေးနိုင်သေးတာ အားငယ်သလိုပဲ(အဟင့်)။ အတွေးဆန်းတဲ့ မနိုင်းနိုင်း၊ ပျော်တတ်တဲ့ မညလေး၊ တခါကြည့်တိုင်း ဗဟုသုတ တခုခုရတဲ့ ကိုရန်အောင်၊ တလောက ဒွေးသတင်းကြောင့် ဂျာနယ်တွေပေါ်ထိ နာမည်ကြီးသွားတဲ့ ကိုစိုးဇေယျ၊ ကိုဘလာဂေါက်(သူ့ရဲ့ ဘလော့ဂ်တိုင်းမ်ကတော့ ဖတ်ပြီး အူတက်နေရတယ် ရယ်ရလွန်းလို့)၊ စာတွေ အရေးကောင်းတဲ့ မအိမ့်ချမ်းမြေ့၊ ခုတလော ခရီးတွေကြီး လှိမ့်ထွက်နေတဲ့ ကိုမောင်လှ၊ သံလွင်အိပ်မက်လဲ ဖတ်ခဲ့သေးတယ်။ နောက်ဆုံးဖတ်ဖြစ်တာတော့ ကိုဖြိုးပဲ။ ဗေဒင်ဆရာလိုလို နာမည်နဲ့ ဆြာဘ (ဟိ)။ ရှယ်ပဲဗျာ ဘလော့ဂ်တွေက။ နောက်ရက်တွေ ထပ်ပြီးလည်လိုက် အုံးမယ်။ ဆီဗုံးတွေထဲလဲ ၀င်အော်ခဲ့တယ်။ အင်းခုတလော ဆီဗုံး ပြသနာကလဲ မသေးဘူး။ ခင်ခင်မင်မင် ဖြစ်အောင် ဆီဗုံးတပ်ထားပါတယ်။ တခါတလေ ပေါက်ကရတွေ (ဘလော့ဂ်ကာ အချင်းချင်း စနောက်ကြတာကို မဆိုလိုပါ) ဘယ်သူလာအော်မှန်း မသိ ကိုယ့်ပို့စ်တွေကို ဝေဖန်သလိုလို ဆရာကြီးလုပ်သလိုလို လာလုပ်သွားတာက ရှိသေးတယ်။ ထားပါတော့ ။ ဘယ်တတ်နိုင်မလဲ။ အဲ လိုရင်းတောင် ပျောက်သွားပြီ။ ဘလော့ဂ်ကာကိုကို မမများ ကျွန်တော်လာလည်ရင် မုန့်ကျွေးဖို့သာ ပြင်ထားနော်။ ကျွန်တော် ရွာပတ်နေတယ်။

Read Users' Comments (2)

2 Response to "လည်လည်သွားခဲ့တယ်"

  1. Anonymous Says:
    July 25, 2007 at 10:09 AM

    ရွာပတ်နေတဲ့ ဘလော့ဂါလေးဆီကို ရွာပတ်နေတဲ့ ဒီမို လည်လည်လာသွားတယ်.. မုန့်ကျွေးလေ.. =)

  2. MELODYMAUNG says:
    July 25, 2007 at 11:55 AM

    ဟိတ်ဟိတ်တိုလီမုတ်စရေးတဲ့ မင်းရေ နာအရင်လာလည်တွားတယ် မုံ့လဲကွှေး ကော်ကော်လဲတိုက်ပါ :P