twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကျွန်တော့်အသက်၂၄



လွန်ခဲ့သော ၂၄နှစ်က မြန်မာစံတော်ချိန် ၁၁နာရီမှာပဲ မေမေက ကျွန်တော့်ကို လူ့လောကထဲကို မွေးထုတ်ပေးခဲ့တယ်။ အခု ကျွန်တော့်မွေးနေ့မှာပဲ မေမေနဲ့ ဖေဖေက တခြားမြို့တမြို့ မှာရောက်ရှိနေပါ တယ်။ မနက်က ကျွန်တော်တောင် အိပ်ယာ မနိုးသေးဘူး ဖုန်းဆက်ပြီး မေမေနဲ့ ဖေဖေက မွေးနေ့ဆုတောင်း ပေးသွားတယ်။ အမှန်တော့ မွေးနေ့ဆိုပြီး ပို့စ်ခပ်ရှည်ရှည်ရေးမလို့ပါပဲ။ ဒါပေမယ့် တကယ်ရေးမယ် ဆိုတော့ ဘာမှ ထွက်မလာတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို အခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာတဲ့ ချစ်မေမေ နဲ့ ချစ်ဖေဖေ။ ကျွန်တော့်ကို နားလည်ပေးကြတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။


ကျွန်တော့်အတွက် တခုတ်တရ မွေးနေ့ဆုတောင်းလေးတွေ ရေးပေးမယ်ဆိုတဲ့ ကျွန်တော်ချစ်ခင်ရသော ကိုဇော်ဇော်၊ မမဘာညာ၊ ဦးလေးခေါ် ကိုမိုးလှိုင် နဲ့ အခြားသော social network တွေပေါ်မှာ ဆုတောင်းပေးကြတဲ့ သူငယ်ချင်း တွေအားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ အခုဒီပို့စ်ကို တင်ဖို့ အတွက် အင်တာနက် အလကားပေးသုံးတဲ့ ishare မှ ကိုကျော်ကြီး၊ မနက်စောစော ကားငှားတုန်းက ကျွန်တော့်ကို ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေးသွားတဲ့ တက္ကစီဆရာ၊ ကျွန်တော့်ကို အင်္ကျီတစ်ထည် လက်ဆောင်ပေးတဲ့ Myanmar IT Pro က မောင်ပြုံးနှင့် ကျေးဇူးတင်ထိုက်သူများ အားလုံး၊ ဗိုက်ဆာနေတုန်း ကျွန်တော့်ကို ကြာဇံကြော် ကျွေးတဲ့ ကိုငွေထွန်း+မတူးမာ (solveware solution)၊ ကျွန်တော့် ဝယ်ကျွေးတဲ့ ရေခဲမုန့်ကို စားရလို့ ကျေနပ်သွားတဲ့ နန်းညီ၊ သူတို့ကိုယ်တိုင် ကျွေးတာ မဟုတ်ပေမယ့် လောကွတ်ပြုတဲ့ မမို့(solveware solution) နဲ့ အူးဖိ၊ ကားမောင်းပြီး အိုင်စီတီထဲ လိုက်ပို့ပေးတဲ့ ကျွန်တော့်သူငယ်ချင်း ဇော်မျိုး(Activator)၊ ကျွန်တော့်မွေးနေ့မှာ အတူရှိနေပေးတဲ့ ကိုမျက်စိ၊ မုန့်ဝယ်ကျွေးခိုင်းတဲ့ တာတာ၊ ကျွန်တော့်မွေးနေ့မှာပဲ MZ ထုတ်ကုန်တွေ အကြောင်း ရှင်းပြသွားတဲ့ ကျွန်တော့်သူငယ်ချင်း တပ်မ၄၄က တေဇာ၊ ကျွန်တော့်ကို ဓာတ်ပုံ အတင်းလာရောင်းတဲ့ စိုးဇီယျ တို့အားလုံးကို ကျွန်တော့် မွေးနေ့မှာ ကျေးဇူး အထူးတင်ပါတယ်။ ကျွန်တော့်ကို ဆုမတောင်းပေးပေမယ့် ကျွန်တော့်ကို ခင်မင်တဲ့ ဘလော့ဂ်က သူငယ်ချင်းတွေရော အပြင်က သူငယ်ချင်းတွေ အားလုံးကိုရော ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ အချိန်တွေတုန်းမှာ ကျွန်တော်ပြောမှား ဆိုမှား တွေ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါခင်ဗျာ။ အခုတော့ ကျွန်တော့် အသက် ၂၄ပဲရှိသေးတယ်လို့ ပြောရမလား၊ ကျွန်တော့်အသက် ၂၄ တောင်ရှိပြီလို့ ပြောရမလားတော့ မသိဘူးပေါ့ဗျာ။ အဟတ်။

အမှန်တိုင်း ပြောရရင် ကျွန်တော်ဟာ အခုထိ မရင့်ကျက်သေးတဲ့ ကလေးအကြီးစား ကြီး တစ်ယောက်ပါ။ ရှေ့ဆက်ပြီး အသက်တွေ ကြီးနေပါအုံးမယ်။ ရှေ့ဆက်ပြီး ကျွန်တော် လွဲချင်လွဲနေပါအုံးမယ်။ ရှေ့ဆက်ပြီး ကျွန်တော် ချစ်နေ၊ ရှေ့ဆက်ပြီး ကျွန်တော် အသဲကွဲ နေပါအုံးမယ်။ ရှေ့ဆက်ပြီး ကျွန်တော် ဝါသနာပါရာလေးတွေ လုပ်နေပါအုံးမယ်။ ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်ကတော့ ရှေ့ဆက်နေအုံးမှာပဲ။ သူငယ်ချင်းအားလုံးကို ချစ်ပါတယ်..။ အားလုံး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒပြည့်စုံ ကြပါစေ။ ပြီးတော့ ဘဝ တစ်လျှောက်လုံး ကျွန်တော်တို့တတွေ အတူတူ လက်တွဲလျှောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အားလုံး အားလုံး ဘာမှန်း မသိပဲ အရမ်းကျေးဇူးတင်တယ်ဗျို့။



Read Users' Comments (6)

6 Response to "ကျွန်တော့်အသက်၂၄"

  1. ခွန်မြလှိုင် says:
    November 21, 2009 at 9:48 PM

    မွေးနေ့ကစပြီး နေ့စဉ် ရက်ဆက် ပျော်ရွှင်အောင်မြင် ပါစေ တိုလီရေ

  2. Anonymous Says:
    November 22, 2009 at 3:03 AM

    တားတားက ခုမှ ၂၄ ဘဲ ရှိသေးတယ်လား...
    နေပါဦး ၁၁ နာရီ ဆိုတာက နေ့ လား.. ည လား.. တိုလီ ရဲ့ .. အားလုံး အားလုံး ဘာမှန်းမသိဘဲ ကျေးဇူး အရမ်းတင် တယ် လို့ ရေးထားတာတော့ ချစ်စရာ ကောင်းတယ်... မိဘကျေးဇူး သိတတ်ပြီး အစစ အရာရာ အောင်မြင် ပါစေ... ၀ါသနာ ပါရာ တွေလည်း ရှေ့ဆက် လုပ်ဆောင်နိုင်ပါစေ.. မွေးနေ့ရှင်က ဆုတောင်းပေးတဲ့ အတွက်လည်း ကျေးဇူးပါ...


    အန်တီ မီးငယ်

  3. ကျော်ညိုသွေး says:
    November 23, 2009 at 10:29 AM

    ကျန်တဲ့ကာလတွေမှာ နံရိုးတစ်ချောင်း ရှာတွေ့ပါစေဗျာ။

  4. နိုင်းနိုင်းစနေ says:
    November 23, 2009 at 8:32 PM

    ၂၄ နှစ်မြောက် မွေးနေ့နဲ့အတူ ပျော်ရွှင်ပါစေ..း)

  5. သျှင် says:
    November 29, 2009 at 4:18 PM

    85 မွေးပြီး ကျွန်မလို သုံးဂဏန်းသမားထင်ပါတယ် မင်းယွန်းသစ်ရေ...ပျော်ရွှင်ပါစေ...

  6. မင်းယွန်းသစ် says:
    November 30, 2009 at 8:25 PM

    မွေးနေ့ ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေ အားလုံးလဲ ကျန်းမာ ပျော်ရွှင်ကြပါစေခင်ဗျာ။