ရန်ကုန်မြို့၏ ဟိုမှာဘက်ဆီသို့ အလည်တခေါက်
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မကလျာတို့ သူငယ်ချင်းအဖွဲ့နဲ့ အတူ တွံတေးဘက်ကို သွားဖြစ်ခဲ့တယ်။ ပထမက မကလျာက တွံတေးဘက်က သူတို့ အဖွဲ့သွားနေကျ မိဘမဲ့ ကလေးကျောင်းရှိတဲ့ အကြောင်းပြောတော့ ဒီတပတ် တနင်္ဂနွေ ကျွန်တော်လဲ အားတာနဲ့ လိုက်သွားခဲ့တယ်။ ပန်းဆိုးတန်း သဘောင်္ဆိပ်မှာ ကျွန်တော်က ၈နာရီလောက် ကြိုရောက်နေပြီး ခဏကြာတော့ မကလျာရောက်လာပါတယ်။ အဲ့ဒိအပြင် မထင်မှတ်ပဲ မမေရာ ၊ နန်းညီ၊ Ko Littlebrook၊ အိဖူး၊ ရှင်းသန့်တို့ပါ လိုက်ကြမယ်တဲ့လေ။
ကျွန်တော် ဘာရယ်မဟုတ်ဘူး ဝမ်းသာသွားတယ် ဝမ်းသာသွားတဲ့ အကြောင်းက ပထမ ကျွန်တော်က လိုက်သာ လိုက်ရတယ် အဲ့ဒိအဖွဲ့ ထဲမှာ ကျွန်တော်သိတာ မကလျာ တစ်ယောက်တည်း ရှိတာ။ ကျန်တဲ့သူတွေနဲ့ မသိတော့ ငါတစ်ယောက်တည်း ပျင်းနေမလားပေါ့။ (အမှန်တော့ ဟိုရောက်တဲ့အခါ လုံးဝမပျင်းရပါဘူး ပျော်စရာကောင်းပါတယ်။) ဘာပဲဖြစ်ဖြစ် ကိုယ့်အသိတွေ ပါလာတော့ စကားစမြည် ပြောလို့ရတာပေါ့။
ဟိုဘက်ကမ်းကို သဘောင်္နဲ့ ကူးပြီး ကျွန်တော်တို့အဖွဲ့ တွံတေးဘက်ကို တနာရီလောက် သွားရပါတယ်။ ဒလကနေ တနာရီလောက် သွားရပြီးနောက် ဘုရားကြီးကျေးရွာနားက မင်္ဂလာဘုန်းတော်ကြီး ကျောင်းကို ရောက်ရှိပါတယ်။ ကျောင်းမှာ မိဘမဲ့ ကလေးတွေ သူငယ်တန်း အရွယ်ကနေ ဆယ်တန်း၊ တက္ကသိုလ်အရွယ်တွေ အထိ ကျောင်းသားဦးရေ ၄၀၀ လောက်ရှိကြောင်း သိရှိရပါတယ် ။ ကျောင်းမှာ ကျွန်တော်တို့ လိုက်တဲ့နေ့က ကျောင်းကပွဲရှိတယ်။ ပြီးတော့ နိဗ္ဗာန်ဈေးလဲ ရှိတယ်လေ။ လိုက်သွားတဲ့ ကျွန်တော်တို့ အဖွဲ့တွေ တနေကုန် ပျော်ပျော်ပါးပါး ဝိုင်းကူညီခဲ့ ကြပါတယ်။ တွံတေးကနေ ရန်ကုန်ဘက်ကိုတော့ ညနေ ငါးနာရီလောက်မှ ပြန်လာခဲ့ပြီး စမ်းချောင်းမှာ ရှင်းသန့်၊ အိဖူး၊ နန်းညီ၊ မမေရာ၊ ကျွန်တော်နဲ့ Littlebrook တို့အတူတူ ညစာ မန်းမန်းတီးပြီး အိမ်ကို ပြန်ခဲ့ကြပါတယ်။
(:P ကျွန်တော် အက်ဆေး အရှည်ကြီး ရေးရမှာ စိုးလို့ မရေးတော့ဘူးနော်..။ အက်ဆေးတွေ ဖတ်ချင်ရင်တော့ ကျွန်တော့်ထက် ဦးအောင် တင်ထားပြီးပြီ ဖြစ်တဲ့ နန်းညီနဲ့ အိဖူးတို့ ဘလော့များမှာ သွားဖတ်နိုင်ပါတယ်။ ကျွန်တော့်ဆီမှာတော့ ပုံတွေကိုပဲ ကြည့်ပြီး ကျေနပ်ပေးကြပါခင်ညာ :))

ကျောင်းရောက်တော့ ပစ္စည်းပစ္စယာတွေ ဝိုင်းချပေးနေကြတာ


ကျောင်းရောက်တော့ ကလေးတွေက သူတို့ဆရာ၊ ဆရာမတွေကို ဝိုင်းဝန်းကြိုကြတယ်။ (Sunday အဖွဲ့လို့ မင်္ဂလာကျောင်းက ခေါ်ပေမယ့် သူတို့အဖွဲ့နာမည် သက်သက် ရှိပါတယ်။ Sunday တိုင်းမှာ ကလေးတွေကို စာလာသင်ပေးလေ့ရှိကြောင်း သိရှိရပါတယ်)

ကျောင်းဝင်းထဲက မူလတန်းကျောင်းလေး

ကျွန်တော်နှင့် မထင်မှတ်ပဲ ဆုံဖြစ်ကြတဲ့ ဘလော့ကာတွေ ဝဲယာမှ မမေရာ ၊ နန်းညီ၊ အိဖူး၊Ko Littlebrook၊ ရှင်းသန့်


ထမင်းစားဆောင်ကို သွားဖို့ တန်းစီနေကြတာပါ။ ကျောင်းသား၊ ကျောင်းသူလေးတွေဟာ ဘုန်းဘုန်းတို့ရဲ့ ဆိုဆုံးမမှု အောက်မှာ စည်းကမ်း သေဝပ်ကြပါတယ်။


ကျောင်းကပွဲ


ကျောင်းသူကျောင်းသားလေးတွေ ပျော်ပျော်ပါးပါး ကပြနေကြစဉ်

ပွဲကြည့်ပရိသတ်ကလဲ ကြိတ်ကြိတ်တိုးပါပဲ

အဟဲ ဒီပုံကိုတော့ နန်းညီ ဘလော့မှာလဲ တွေ့မှာပေါ့။ စိတ်ကူးပေါက်တာနဲ့ ကလေးတွေ အပေါ်စီးကနေ ခုံပေါ်တက်ပြီး ရိုက်ကြတာလေ။ လက်ချင်းချိတ်ထားတဲ့ ပုံစံက မထင်မှတ်ပဲ ခြောက်ထောင့် ကြယ်ပုံဖြစ်သွားတယ်.။

အသီးတရာ အညှာတခု တေးသရုပ်ဖော်

ဆယ်ပြားနဲ့ ငါးပြားပေါင်းတော့ ၁၅ပြားဟေ့.. :P

စောကရင်တစုနဲ့ ကျွန်တော်

ကျောက်ကျောဒါနပြုနေတဲ့ ဘလော့ကာရှင်းသန့်

Ice Coffee ရောင်းနေတဲ့ ဈေးသည်ကြီး မကလျာ :)

ဟိုယောင် ဒီယောင်နဲ့ ကော်ကော်တွေ တောင်းတောင်း သောက်နေတဲ့ ကျွန်တော်လေ.. :P

ကျွန်တော်တို့ ပြန်တော့ တတာပြ နှုတ်ဆက်နေတဲ့ ကလေးတွေ
ပုံတွေကတော့ ဒီလောက်ပါပဲ။ ကျွန်တော့် သူငယ်ချင်းက နောက်တပတ် လိုက်အုံးမလားဆိုတော့ ကျွန်တော်က ပြုံးပြုံးကြီး ခေါင်းငြိမ့် ပြလိုက်သည်။ ပရဟိတ လုပ်ပေးရတာလောက် ပီတိဖြစ်ရတာ မရှိဘူး မဟုတ်ပါလား ခင်ဗျာ။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
November 18, 2009 at 11:16 AM
သာဓုခေါ်ပါတယ်ဗျာ။
November 18, 2009 at 5:37 PM
ဓါတ်ပုံတွေ ထဲမှာ စကားလုံးတွေ အများကြီး နဲ့ မို့ စာများများ မတင် လည်း ရ ပါတယ်... အားပေး ဂုဏ်ယူ
ပါတယ်.. သာဓုလည်း ခေါ်ပါတယ်...
mie nge
November 20, 2009 at 3:43 PM
လူငယ်ဆိုတာ ဒါမျိုးမှ....။ :)
ဂုဏ်ယူပါတယ်..။
November 23, 2009 at 11:28 AM
ပီတိဖြစ်ပါတယ်ဗျာ။
ကျွန်တော် သိချင်တာ တစ်ခု ဒီကနေမေးချင်ပါတယ်။ အဲ ကျောင်းမှာ ကလေးတွေ ဘယ်နှစ်ယောက်လောက်ရှိပါ သလဲ ခင်ဗျာ။အဆင်ပြေမယ် ဆိုရင် ဖြေကြားပေးစေလိုပါတယ်။
December 2, 2009 at 7:53 PM
ကျွန်တော်လည်းအဲ့ဒီကိုရောက်ဖူးတယ်ဗျာ့။
အစ်ကိုခေါ်သွားတာလေ ဒါပေမယ့်နောက်တော့မရောက်ဖြစ်တော့ဘူး။
သွားမယ်သွားမယ်နဲ့ပေါ့ဗျာ နောက်အားရင်တော့တွေ့ကြတာပေါ့ ကျေးဇူးပါခင်ဗျာ။ ဂုဏ်ယူပါတယ် ခင်များအတွက်ပေါ့။
လာလည်သွားပါတယ်။