Posted in
Labels:
Technology
|
Thursday, November 06, 2008
falshy ဆိုတဲ့ကောင်က သတ်ရင်သေပေမယ့် အခုထိ တခါတလေ ၀င်ဝင်လာတုန်းပါပဲ။ ကိုယ်ကလဲ အင်တာနက်ဆိုင်ပေါင်းစုံသုံးနေတော့ ကိုယ့် memory stick ကလဲ ဟိုထိုးဒီထိုးနဲ့ တကောင်မဟုတ် တကောင်ပါလာတတ်တာပါပဲ။ ပြီးရင် flashy fix နဲ့သတ် မဟုတ်လဲ စက်ထဲက antivirus နဲ့သတ်လိုက်ရင်သေသွားတာချည်းပါပဲ။ ဒါပေမယ့် ဒီကောင်ဝင်တဲ့ နောက်မှာ အကျိုးဆက်ကတော့ drive တွေဖွင့်လိုက်တဲ့အခါ (double click နှိပ်ရင်) ချက်ချင်းမပွင့်ပဲ search program ပွင့်လာရင် ပွင့်လာ မဟုတ်ရင်လဲ program တခုခုနဲ့ ကြည့်ဖို့ ရွေးတဲ့ box တခုပေါ်လာတော့ စိတ်အနှောင့်အယှက် ဖြစ်ရပြန်ပါရော။ ဒါပေမယ့် မပူပါနဲ့ ဒီကောင်က explorer function ကို ဖျောက်ပစ်လိုက်တာပါ။ ပြန်ပြင်တဲ့နည်းက လွယ်ပါတယ်။ (သိပြီးရင်တော့ ချောတီးနော်..)လုပ်ရမှာက...
၁။ My Computer ကိုသွား ဒါမှမဟုတ်ဘယ်ကနေသွားသွားရတယ်။ သွားရမှာက Tools>Folder Options>

၂။ ပြီးရင် File types tab ကိုရွေး၊ ရွေးပြီးရင် သူ့အောက်မှာ ဖိုင်အမျိုးအစားတွေ ပေါ်လာလိမ့်မယ်။

၃။ Drive ကိုရွေး ပြီးရင် Advanced ကိုရွေး

၎။ Advanced ကိုနှိပ်လိုက်ရင် Edit File Types ဆိုတာ ပေါ်လာလိမ့်မယ်။( အဲ့ဒိမှာ find ဆိုတာပဲ ရှိနေရင်တော့ ကျွန်တော်တို့ double click နှိပ်လိုက်တိုင်း search ကြီးပေါ်ပေါ်လာတာ အဲဒိ တန်ဖိုးတခုထဲရှိနေလို့ပေါ့။ အမှန်က သူအလုပ်လုပ်တဲ့ open (သို့) explore ဆိုတဲ့ လုပ်ဆောင်ချက်ရှိနေမှ ခါတိုင်းလို တိုက်ရိုက်ပွင့်မှာပေါ့)
ပြီးရင်တော့ New ကိုရွေးပါ။

၅။ New ကိုရွေးလိုက်ရင် New Action ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲ့ဒိအခါ (အောက်ပုံကိုကြည့်ပါ) Action နေရာမှာ open၊ Application used to perform action ဆိုတဲ့နေရာမှာ လုပ်ဆောင်ဖို့ သူ့ဘေးက Browse ကိုနှိပ် C:/WINDOWS/explorer.exe ကိုရွေး ပြီးရင် ok..။

၆။ ပြီးရင် ခုနက Edit File Types နေရာကို ပြန်ရောက်ရင် find နဲ့ open ဆိုပြီး ၂ခုပေါ်လာမယ်။ အဲ့ဒိအခါ open ကိုရွေးပြီး set default ပြုလုပ်ပေးပါ။

ok နှိပ်ပြီးရင်တော့ ပြီးသွားပါပြီ။ အခုတော့ drive တွေပေါ်မှာ အရင်လို double click လုပ်ရင် ပွင့်သွားတာကို တွေ့ရပါမယ်။ အင်တာနက် ရန်သူမျိုးငါးပါး အပါအ၀င်ဖြစ်သော ဗိုင်းရပ်စ်ရန်မှ ကင်းဝေးကြပါစေ။
Posted in
Labels:
poem
|
Wednesday, November 05, 2008
ခပ်အေးအေးနဲ့ကွေးနေလို့ ကောင်းအောင်
ရာသီဥတုကိုက ကိုယ့်ဘက်ပါနေခဲ့.....
ခြုံထည်တခုစာ အနွေးဓာတ်တွေက
ပျင်းရိခြင်းတွေကို အားပေးအားမြှောက်ပြုနေကြတယ်...
လက်၂ဖက်ကြားထဲမှာလဲ ကာရံမဲ့ကဗျာ တဆုပ်နဲ့...
ကျောရိုးမကြီးတခုလုံးကိုက ပျော့အိတွဲလို့....
ခြေဆန့်လက်ဆန့်ပါပဲ... ကိုငှက်သီချင်းတွေနဲ့
ပျော်ဝင်နေလိုက်တာများ....
လိမ္မော်ရောင် ညနေတအုပ် ဖြတ်လျှောက်သွားတာတောင်....
မသိလိုက်ဘူး...။
Posted in
Labels:
poem
|
Monday, November 03, 2008
လခြမ်းအ၀ါကိုမြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။
ကောင်မလေးရေ
ငါ့ရဲ့...
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက်
ကောင်မလေးရေ
ငါ့ကို ကယ်ပါ။
ငါ့ကို ကယ်တယ်လို့ပဲ သဘောမထားဘဲ
ငါ့ကိုပဲကယ်ပါ
မင်းရဲ့ အဖြူတစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။
ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ့... ပွင့်ပစ်လိုက်ချင်လို့ပါ။
တာရာမင်းဝေ (မိုးခေါင်လို့တီးတဲ့ဗုံသံ စာအုပ်မှ)
Posted in
Labels:
poem
|
Monday, November 03, 2008
တသက်နဲ့ တကိုယ်ပါပဲ..
ဒီကတော့ လှိုင်းထန်ပြလိုက်ရတာ...
အဲဒိ နိုဝင်ဘာလေးက ထူးအံ့လွန်းနေရဲ့.....
ကျွန်တော်ကလဲ ကျွန်တော်... သူကလဲ သူပါပဲ..
တဦးတယောက်အတွက်... တဦးတယောက်ရဲ့
တိမ်ပြာတွေကို သိုဝှက်ခဲ့ဖူးတယ်...
တသက်နဲ့ တကိုယ်ပါပဲ...
မပြောကောင်းမဆိုကောင်း..... ချစ်တယ်.....။
Posted in
Labels:
poem
|
Saturday, November 01, 2008
ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ်ဝတ်ဆင်ထားတဲ့ မိန်းမ။
မြူခိုးနီညိုတွေကြားမှာ
စပယ်ကပိုကရိုနဲ့..လှလို့။
ငါတပွင့်ပြီးတစ်ပွင့် ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။
တာရာမင်းဝေ (မိုးခေါင်လို့ တီးတဲ့ဗုံသံ စာအုပ်မှ)
Posted in
Labels:
poem
|
Saturday, November 01, 2008
ကမ်းပါးပေါင်းများစွာ
ပြေးလာရတော့လဲ..
အဲဒိ ...အခုံးဝန်းကောင်
ပါးစပ်ပြဲသွားတာ .. မဆန်းဘူး..
ဘေးကိုကားထွက်နေအောင်
ဆွဲချဲ့နေမှတော့ လမ်းတလျှောက်ဟာ
တိုက်စားဒဏ်တွေ မနည်းမနော ခံရပြီပေါ့...
သနားလို့ ..လင်းချင်းခိုင်းလိုက်ပါတယ်...
ကိုယ့်ရာသီဥတုကို တောင်မှ
သိုက်လာတူးနေတဲ့ သူတွေက ရှိသေး...
ခုတ်ချသံတွေကြားတော့မှ...
ကိုယ့်လှေကားထစ်ပေါ်မှာ...
မျက်နှာဖုံးစွပ်တွေ ရောက်နေမှန်းသိခဲ့ရ....
(ကိုယ့်မှာတော့.. ခဏခဏ ဟန်ရေး ပြလိုက်ရတာ...)
မေမေရေ....
ခုတော့လဲ သားတစ်ယောက်
လေဒဏ်မိုးဒဏ်ကြားမှာ..
ဟုတ်တိပတ်တိကြီး ... တွန့်ခေါက်တတ်..လို့....။