Posted in
Labels:
အတိုအထွာ
|
Thursday, January 10, 2008
မနက်မိုးလင်းတော့ နှင်းတွေတအားကျနေတယ်။ မျက်နှာသစ်ပြီး ၀ရံတာကိုထွက်လိုက်တော့ အိမ်ရှေ့လမ်းမကြီးမှာ နှင်းခိုးတွေ အတော်ဝေနေလေရဲ့။ ၂၀၀၈ခုနှစ်ကိုရောက်တော့ ဘာတွေထူးခြားလာမလဲလို့ မျှော်ကြည့်လိုက်တော့ ဘာတွေ့လဲ ဆိုတော့ ဟီး ဘာမှ မတွေ့ဘူး။ အလကား အထင်ကြီးအောင် လျှောက်ရေးနေတာ...။ :P မနေ့က စံဇာဏီဘို စာအုပ်လေးမြေနီကုန်းက ၀ယ်လာတယ်ဗျ။ ကျနော်က ဘာရယ်မဟုတ်ပါဘူး နှစ်တိုင်း စံဇာဏီဘိုစာအုပ်လေးဝယ်နေကျဆိုတော့ တွေ့တာနဲ့ ၆၀၀ကျပ်နဲ့ ၀ယ်လာခဲ့တယ်။ ဒီထဲက ကျွန်တော့်ပုံစံ စရိုက်နဲ့ ကိုက်ညီတာတွေ ကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။
SCORPIO-SAGITTARIUS CUSP
နိုဝင်ဘာ ၁၉၊ ၂၀၊ ၂၁၊ ၂၂ရက်နေ့ မွေးသောသူများသည် ဗြိစ္ဆာရာသီအထွက် ဓနုရာသီအ၀င် ရာသီနှစ်ခု ပေါင်းစည်းထားသည့် SCORSAGIAN စကော်ဆာဂျီးယန်းများဟု သတ်မှတ်သည်။ အသစ်အဆန်းကို လိုလားသည်။ စိုးမိုးချုပ်ချယ်မှုကို မကြိုက်၊ အလွန်ထက်မြက်သည်။ ပိုင်ဆိုင်လိုစိတ် ပြင်းထန်သည်။ Revolution အခြေအနေအသစ်ကို ပြောင်းလဲသူများ၊ လမ်းဟောင်းမလိုက်ဘဲ အရာရာကို အသစ်ထွင်၍ ဆောင်ရွက်သူများ၊ အငြင်းသန်သူများ မိမိအပေါ် ချုပ်ကိုင်လေ ဆန့်ကျင်တုန့်ပြန်လေ ပြုသူများဖြစ်သည်။ သူတစ်ပါးအပေါ် စည်းရုံးနိုင်သော စွမ်းအားမြင့်မားသည်။ ကိုယ့်အပေါ် ဆရာလုပ် အမိန့်ပေးခြင်းကို လုံးဝမနှစ်သက်။ သစ္စာတရားကြီးများ သည်။ စာနာမှုအား မြင့်မားသည်။ တစ်ပါးသူအတွက် ပေးဆပ်အနစ်နာခံသူများဖြစ်သည်။
လူမှုဆက်ဆံရေး
ပဋိပက္ခ များမည်။ ဆန့်ကျင်ဘက်ပြုသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ ကိုယ်က ကောင်းသလောက် ကိုယ့်အပေါ် ပြန်ကောင်းသူတွေ့ရန် ခဲယဉ်းသည်။ ဗြိစ္ဆာရာသီဖွား အားလုံးတို့သည် ရောက်သည့်နေရာ၊ ဖြတ်သန်းရသောဝန်းကျင်အတွင်း လူတိုင်းနှင့် အဆင်ပြေအောင် တသားတည်းကျအောင် ဆက်ဆံတတ်သည်။ ဤမိတ်ဆွေကို အထူးကောင်းအောင် ဆက်ဆံ၍ နောက်နေရာတွင် နောက်လူကို အဆင်ပြေအောင် ဆက်ဆံတတ်သည်။ ပစ္စုပ္ပန်နှင့် အတိတ်ကို ခြားခြားနားနား ပြုထားသည်။ ပစ္စုပ္ပန် မိတ်ဆွေများအတွက် ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ပေးတတ်သည်။
အချစ်ရေး၊ မေတ္တာရေး
အချစ်ကို ဦးစားပေးသည်။ လူတစ်ဦးတစ်ယောက်ကို ချစ်မိပြီဆိုက မျက်စိအောက်က အပျောက်မခံ။ သဲသဲလှုပ်လှုပ် ချစ်တတ်သည်။ ကိုယ်ကသာ ချစ်သူများ လျှင်များမည်။ ကိုယ့်ချစ်သူသည် မျက်နှာများခွင့်မရှိ။ အချစ်ပြဿနာနှင့် ရင်ဆိုင်ရပါက နားလည်ခွင့်လွှတ်သည့်အပြင် ဖြစ်ရပ်ကိုလည်း ရင်ထဲမေ့ပျောက်မှုမရှိ။ ကိုယ်က သူတစ်ပါး တစ်ကြိမ်တစ်ခါ ယုံကြည်မှု ပျက်ယွင်းသွားပါက နောက်နောင် ဘယ်သော အခါမှ မယုံကြည်တော့၊ အမြဲမသင်္ကာစိတ် ၀င်နေမည်။ မုန်းပြီဆို လုံးဝလှည့်မကြည့်တော့။
အဟဲ အချစ်အရေး အတွက် နောက်ဆက်တွဲပြောပြရရင်-
ဗြိစ္ဆာရာသီဖွားတစ်ဦးအား ချစ်သူ အဖြစ် ရရှိပိုင်ဆိုင်သူတစ်ယောက်သည် လွတ်လပ်မှု အတိုင်းအတာတစ်ခုအား ဆုံးရှုံးရပေတော့သည်။ အမှန်တကယ်သစ္စာရှိသော ထားရာနေ စေရာသွား အချစ်အတွက် ဘ၀ကို ပုံအပ်သောသူများ၊ မေတ္တာတရား ကြီးမားသောသူများနှင့်သာ ဗြိစ္ဆာရာသီဖွားတို့နှင့် ထိုက်တန်သည်။ပြိဿရာသီ၊ ကရကဋ်ရာသီတွင်မွေးသောသူများနှင့် ချစ်မိက ထာဝရလက်တွဲရသော အဆင့်သို့ ချောချောမွေ့မွေ့ ရောက်ရှိလေ့ရှိသည်။ သိဟ်ရာသီ၊ ကန်ရာသီ ၊ မိန်ရာသီတို့နှင့် အခက်အခဲ ၊ အနှောက်အယှက် ကြုံပြီးမှ ဆုံစည်းခြင်း ကြုံမည်။ မိဿရာသီ၊ မေထုန်ရာသီ၊ ဓနုရာသီ တို့နှင့်ကား လုံးဝအဆင်မပြေပါ။
ဗြိစ္ဆာရာသီဖွား အများစုသည် လူမျိုး၊ ဘာသာဓလေ့ကွဲပြားသူများနှင့် မေတ္တာရေးကိစ္စပေါ်တတ်သည်။ လူမျိုးတူ၊ ဘာသာတူများနှင့် ဆုံစည်းက ဒုတ်ကြိမ်း၊ ဓားကြိမ်းသည် အထိ ဖြစ်တတ်ပါသည်တဲ့။
ကဲ ပြိဿတို့ ကရကဋ် ရာသီဖွား ကောင်မလေးများ ချစ်သူအဖြစ် လျှောက်ထားရန် လျှောက်လွှာများ ရနိုင်ပါပြီ။ ဟိဟိ နောက်တာ...။ :P
Posted in
Labels:
miscellaneous,
Postmodern
|
Saturday, January 05, 2008
X သည် ကောင်မလေးဖြစ်ပြီး Y သည်ကောင်လေးဖြစ်သည် ဆိုပါစို့။ သာမန်အားဖြင့် X ကောင်မလေးနှင့် Yကောင်လေးတို့၏ ဦးတည်ဘက်သည် ဆန့်ကျင်ဘက်ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးဆုံနိုင်ရန် အတွက် ပေါင်းစည်းပေးရန် ဆုံမှတ်လေးတစ်ခု ရှိသည်ဆိုပါစို့။ ထိုသို့ဆုံပေးသော အမှတ်ကလေး တစ်မှတ် (သို့) ဆုံမှတ်ကလေးသည် အချစ်ဆုံမှတ်ဖြစ်သည်ဆိုလျှင်…….

ထို X နှင့် Y၏ တပတ်လည်ထောင့်သည် ၃၆၀ ရှိပြီး တပိုင်းစီတွင် ၉၀ ဒီဂရီရှိ၏။
+ = နားလည်မှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ လေးနက်မှု
- = သ၀န်တိုခြင်း၊ စိတ်မရှည်ခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ တဇွတ်ထိုးဆန်ခြင်း
(+,+), (-,+), (-,-), (+,-)
X ကောင်မလေးနှင့် Y ကောင်လေးတို့၏ အကောင်းဆုံး အချစ်ဆုံမှတ်သည် အပေါင်း ၉၀ ဒီဂရီ အတွင်းတွင် ရှိလေသည်။ ထိုဆုံမှတ်အတွင်းတွင် ရှိသော ချစ်သူများသည် အသက်ထက်ဆုံးကြင်နာသောသူများ ဖြစ်ကြလေသည်။
Posted in
Labels:
poem
|
Saturday, January 05, 2008
လူတကာမေးလိုက်တိုင်း…
သူတို့ ရင်ဘတ်ထဲက နှလုံးသားကို
အနွေးထည်ထူထူ ၀တ်ထားကြရ…
နှာစီးချောင်းဆိုးဖြစ်နေတဲ့… အချစ်ရေးက
ကျွန်းတွေ ဗရပွပေါ့….
မျက်ရည်တွေ အေးခဲကုန်တဲ့
ဆောင်းတွင်းလက်ကျန်မှာ
တိတ်တိတ်လေးနှုတ်ဆက် သွားသူကို
ငေးကြည့်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး….
အချစ်ဆိုတာ အပျင်းပြေလောက် သဘောထားသူတွေ
အတွက်တော့ Game over ဖြစ်သွားတဲ့
ကစားနည်းတစ်မျိုးလောက်ပါပဲ….
တိုးတိတ်လေး ငိုကြွေးတိုင်းလဲ အသုံးမကျလို့ မဟုတ်ဘူး…
ကိုယ်တန်ဖိုးထားတဲ့ အချစ်ကို…
တန်ဖိုးမဲ့ လုပ်သွားတာ ရင်နာလွန်းလို့….
ပေါက်ကွဲထွက်ချင်နေတဲ့ ဆန္ဒတွေကို…
ဦးခေါင်းက please silent! ရယ်လို့
အကြိမ်ကြိမ် နားချနေဆဲ….
အသုံးမ၀င်တော့တဲ့ စကားလုံးဟောင်းတွေကို….
ကြည့်မိတိုင်း… တဆစ်ဆစ် နာကျင်နေတဲ့…
ဟောဒိ ရာသီလေးကတော့….
ညို…မဲ…စွဲ….လို့…..ပေါ့။
(အခုရက်ပိုင်း လပိုင်းမှာ အသဲခွဲခံလိုက်ရသော သူငယ်ချင်း အပေါင်းအသင်းများ ကိုယ်စား ခံစား၍ ဤကဗျာလေးအား ရေးဖွဲ့ပါသည်)
Posted in
Labels:
အတိုအထွာ
|
Thursday, January 03, 2008
နှစ်သစ်မကူးခင်လေးမှာပဲ ကျွန်တော့်အဒေါ် စင်ကာပူက ပြန်လာတော့ ကျွန်တော်တစ်ယောက် ကြိတ်ပျော်နေမိပါသည်။ အကြောင်းက ကျွန်တော့် အဒေါ်ပြန်လာရင် မုန့်အစုံလုပ်စားလို့ပါပဲ။ (ဟီး မင်းယွန်းသစ်တို့များ ငတ်လိုက်တာ :P) အချက်အပြုတ် ၀ါသနာပါတဲ့ ကျွန်တော့် အဒေါ်က တရုတ်အစားအစာ၊ ဥရောပစာနဲ့ သူယိုးဒယား ရောက်တုန်းက သင်လာတဲ့ ယိုးဒယားစာတွေပါ ချက်ကျွေးလေ့ရှိတယ်လေ။ အဲဒိတော့ ကျွန်တော့်တစ်ယောက် အစားအစုံစားရင် ဗိုက်တင်းနေတာပေါ့။ ဒီတစ်ခါလဲ ယိုးဒယားမုန့်ဟင်းခါး ထိုင်းအခေါ် ခနုံကျင်ကို လုပ်ကျွေးပါတယ်။ ဟဲဟဲ အချက်အပြုတ်ဝါသနာ ပါတဲ့ မမများ လိုက်ချက်စားလို့ ရအောင် ကျွန်တော် ဘေးကနေ မှတ်စုစာအုပ်တစ်အုပ်နဲ့ တတ်သလောက် လိုက်မှတ်ထားတယ်ခင်ဗျ။
ပါဝင်တဲ့ပစ္စည်းများကတော့ ဒါတွေပါခင်မျာ..
၁။ ငါးဖယ်
၂။ ပင်စိမ်းရွက်
၃။ ငါးခူ
၎။ ပုစွန်
၅။ ဂုံမင်းဥ
၆။ ဆနွင်းတက်
၇။ ငါးရုတ်သီးအခြောက်တောင့် (စပ်လေကောင်းလေတဲ့ခင်ဗျ)
၈။ ပဲပင်ပေါက်
၉။ ကြက်သွန်ဖြူ
၁၀။ နာမည် မသိတဲ့ ဥတစ်ဥ (အောက်က ဥပါ)

၁၁။ ကြက်သွန်နီ
၁၂။ ငရုတ်ကောင်းစေ့
မှတ်ချက်
မုန့်ဟင်းခါး ၂ပိဿာကို
ငါးခူငါးဆယ်သား
စပါးလင် အချောင်းကြီးကြီး ၃ချောင်း
ငရုတ်ကောင်း အစိ ၂၅ စိ
ငရုတ်သီး အခြောက်တောင့် ၂၀တောင့် ပါတဲ့…
ကျန်တာတွေကတော့ သင့်တော်ရုံပေါ့…
ပထမဆုံးအနေနဲ့ ငါးခူကို ပြုတ်ပါ..။ ပြီးရင် မြန်မာမုန့်ဟင်းခါးချက်သလို အသားသက်သက် အရိုးသက်သက် နွှင်ပါ။ ပုစွန်ကိုပြုတ်ပါ။ ပြီးရင် အရိုးပြုတ်ရေကို သက်သက်ထားပါ။ ဆုံထဲတွင် ပုစွန်၊ ငါးခူအသားနွှင်ပြီးသား၊ စပါးလင်၊ ငရုတ်ကောင်း၊ ငရုတ်သီးအခြောက်တောင့်၊ ဂုံမင်းဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နာမည်မသိတဲ့ ဥ အဲဒါတွေ အားလုံး ပေါင်းပြီး ညက်အောင် ရောထောင်းပါ။ တချိန်ထဲမှာပဲ ငါးပြုတ်ရည်ကို ဆူအောင်တည်ထားပါ။ ပြီးလျှင် ထောင်းပြီးသား အရောများကို ထိုပွက်ပွက်ဆူနေသော ငါးပြုတ်ရည်ထဲသို့ ထည့်ပြီး ဆူအောင်တည်သော အခါ မုန့်ဟင်းခါး ရပါပြီ။ ဆူလာလျှင် ငါးဖယ်လုံး (လက်မလောက်) အလုံးလေးများကို ပစ်ထည့်ပါ။ ကဲခုဆိုရင် စားဖို့ရန် အဆင်သင့်ဖြစ်ပါပြီ။ :) အဲမေ့လို့ စားတဲ့အခါ ပင်စိမ်းရွက်လေးနဲ့ ပဲပင်ပေါက်လေး ထည့်စားမှ ပိုလိုက်ဖက်တယ်နော်။ အ၀စားနော်..။ ဟိဟိ

်
Posted in
Labels:
poem
|
Thursday, January 03, 2008
ကျွန်တော့်မှာ…..
ဖန်စီလော့ကတ်လေးတစ်ခု ရှိတယ်..
ကျွန်တော့်မှာ…..
အတူတူကြည့်ဖို့ ကြိုဝယ်ထားတဲ့ ရုပ်ရှင်လက်မှတ် လေး၂စောင်ရှိတယ်….
ကျွန်တော့်မှာ….
ကဗျာချိုချိုလေးတွေ ရေးထားတဲ့
ဒိုင်ယာရီ စာအုပ်တစ်အုပ်ရှိတယ်….
ကျွန်တော့်မှာ….
သူငယ်ချင်းမ တစ်ယောက်ဆီက ပြန်ဝယ်ထားတဲ့
Revelon နှုတ်ခမ်းနီ တစ်ထောင့်ရှိတယ်….
ကျွန်တော့်မှာ…
သီကုံးထားတဲ့ စကားလုံး ရွှန်းရွှန်းတွေရှိတယ်….
ကျွန်တော့်မှာ….
ကော်ဖီဆိုင် တူတူထိုင်ဖို့ အချိန်လေးတွေ သီးသန့်ရှိတယ်…
ကျွန်တော့်မှာ….
ရည်ရွယ်ပြီး စပ်ထားတဲ့ တေးသွားတစ်ပုဒ်ရှိတယ်…
ဒါပေမယ့် …
ကျွန်တော့်မှာ ….မရှိတာ
ချစ်သူဖြစ်တယ်….။
ပြီးတော့
ကျွန်တော့်မှာ….ရှိတာ
ဆွတ်ပျံ့ခြင်းတွေ ပေကျံနေတဲ့ အထီးကျန်ခြင်းတွေ ဖြစ်တယ်….။
Posted in
Labels:
အတိုအထွာ
|
Tuesday, January 01, 2008