twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

တစ္ဆေတစ်ကောင်ရဲ့ တေးသီသံ(အပိုင်း-၁)

(၁)
စူးရှပြင်းထန်သော Marilyn Manson ၏ သီချင်းကို head phone ဖြင့်နားထောင်ကာ အိပ်ယာထက်တွင် တစ်ကိုယ်တည်း ပေါက်ကွဲခံစားနေ၏။ သီချင်းသံစဉ်၏ Tempo တွင် စီးမျောရင်း ပတ်ဝန်းကျင်ကို မေ့နေ၏။ ထိုစဉ် အိမ်ပေါ်ထက်ဆီသို့ အလောတကြီး လူငယ်တစ်ယောက် ပြေးတက်လာသည်။ တံခါးကို အသာဟပြီး အခန်းထဲသို့ ခေါင်းပြူပြီး ကြည့်လိုက်သည်။ အိပ်ယာပေါ်မှ လူငယ်က ဘာလဲဟုမေးငေါ့ပြီး မေး၏။ ထိုအခါ တံခါးဝမှ လူငယ်က ထူးထူးဆန်းဆန်း အပြုံးမျိုးကို ပြန်ပြုံးပြပြီး တံခါးကိုပြန်ဆွဲပိတ် သွားသည်။ အမှုမဲ့စွာပင် သီချင်းကို ပြန်လည်နားထောင်နေ၏။
အခန်းထဲတွင် မီးခိုးညှော်နံ့များ ခိုးဝေလာသည်။ သူ့ Mp3 ကိုပိတ်လိုက်ပြီး အခြေအနေကို စူးစမ်းကြည့်ရာ အခန်း၏ အပြင်ဘက်တွင် တဖျစ်ဖျစ်မြည်သံများ နှင့်အတူ အခန်းအတွင်းသို့ မီးခိုးလုံးများ စိမ့်ဝင်လာသည်။ သူအိမ်မီးလောင်နေပြီမှန်းသူ ခြောက်ခြားစွာ သိလိုက်ရသည်။ အနီးဆုံးပြတင်းပေါက်မှန်ကို ခုံဖြင့်ရိုက်ခွဲပြီး ပြတင်းပေါက်မှထွက်ရန် ကြိုးစားသော်လည်း အလွန် ခိုင်ခံ့နေသော ပြတင်းပေါက် သံတိုင်များက သူ့အား ဟန့်တားနေ၏။ အခန်းတွင်းသို့ မီးခိုးများ တစတစ ပိုမိုများပြားလာသည်။ အသက်ကို ပြင်းစွာရူရင်း မီးခိုးများ အူထွက်နေသော တံခါးဝဆီသို့ သွားပြီး တံခါးကို ဆွဲဖွင့်၏။ ကံမကောင်းစွာပင် တံခါးသည် အပြင်ဘက်တွင် တခုခုခံနေသဖြင့် တင်းကျပ်စွာပင် ဖွင့်၍မရဖြစ်နေပြန်သဖြင့် သူ့ကိုယ်လုံးဖြင့် ဆောင့်ဖွင့်ကြည့်သည်။ ခုံဖြင့်ရိုက်ဖွင့် ကြည့်သော်လည်း အချည်းအနှီးပင်။ အခန်းအပြင်ဘက် ရှိ မီးလျှံများသည် သူ့အခန်းထဲသို့ ၀င် ရောက်လာသည်။
“ဒုန်း..ဒုန်း..ဒုန်း”
“ကယ်ကြပါဦး… ဒီမှာဘယ်သူမှ မရှိကြတော့ဘူးလား။ မီးလောင်နေတယ်ဗျို့ ကယ်ကြပါဦး။ အဟွတ်..အဟွတ်”
စည်သူ…။ သူ့ကို ခုနက တံခါးဝမှာ စည်သူလာကြည့်သည်ကို မှတ်မိသွားသည်။ သူရုတ်တရက် သိသွားသည် စည်သူသူ့ကို ယုတ်မာသွားပြီ။ အခန်းအပြင်ဘက်တွင် တခုခုခံထားခဲ့ခြင်း ဖြစ်နိုင် သည်။
“စည်သူ..ရေ.. ငါ..ငါ့ကို တံခါးပြန်ဖွင့်ပေးပါကွာ… ဒုန်း..ဒုန်း…ဒုန်း ဟေ့ကောင် ငါ့ကို တံခါးပြန်ဖွင့်ပေး စည်သူ… ခွေးမသား စည်သူ ငါ့ကိုတံခါးပြန်ဖွင့် ပေးစမ်း ငါ့ကို တံခါးပြန်ဖွင့် ပေးပါကွာ ငါ့တောင်းပန်ပါတယ် တစ်ယောက်ယောက်များမရှိကြဘူးလား ဒုန်း…ဒုန်း..ဒုန်း…. အဟွတ်အဟွတ်.. ကယ်… ကယ်ကြပါဦးဗျို့…….”

တဖြည်းဖြည်း နှင့် သူအသက်ရူကျပ်လာသည်။ ခေါင်းတွေမူးနောက်လာပြီး မောဟိုက်လာ၏။ သူမျက်စိ တွေ ကျိန်းစပ်နေပြီး ဘာမှမမြင်ရတော့ချေ။ အခန်းတွင်းတွင် အောက်ဆီဂျင် အတော်နည်းနေပြီ ဖြစ်၏။ သူ့ရင်ဘတ် အစုံသည် မြင့်တက်ကာ ပြင်းစွာ အသက်ရူရိုက်ရင်း ….။
“မေမေရေ.. သားမေ့မေ့ဆီလာခဲ့ပြီ..”
သူ့မျက်စိထဲတွင် မေမေက သူ့ကိုထွေးပွေ့ထားပြီး သူ့ခေါင်းကို အသာအယာပွတ်သတ်ပေးနေ၏။ မေမေ့ရင်ခွင်ထဲတွင် မှီရင်း သူ့ဝန်းကျင်တစ်ခုလုံးသည် အမှောင်အတိဖုံးလွှမ်းသွားလေတော့သည်။
********************
(၂)
“ဟေ့ကောင် နေခန့် မင်းကိုငါမေးစရာရှိတယ်။”
“အင်း”
“မင်းဟို..ချိုယုယကို မင်းလိုက်မလို့လား”
“အေးလေ ဘာဖြစ်လို့လဲ”
“မင်းတော့ ပြဿနာ အိုးကို သွားစတာပဲ”
နေခန့်က သီဟကို နားမလည်စွာကြည့်ရင်း…
“ဘာဖြစ်လို့လဲကွ ငါအခုလဲ ချိုယုယနဲ့ အဆင်ပြေနေတာပဲ”
“အာ.. အဲဒီကောင်မလေးအကြောင်း မသိသေးဘူးလား။ တတိယနှစ်မှာ သူ့အစ်ကိုရှိတယ်ကွ။ သူ့အစ်ကို က လူမိုက်လိုလို ဘာလိုလိုနဲ့ အုပ်စုလိုက်နေကြတာ”
“ဟ…သူ့ဘာသာသူ လူမိုက်ဆိုတိုင်း ငါက ကြောက်ရမှာလား၊ ပြီးတော့ သူ့ညီမကိုငါက ရိုးရိုးသားသား လူငယ်ချင်း ချစ်တာပဲ ဘာအပြစ်ရှိလို့လဲ။”

သီဟက နေခန့်ကို အနည်းငယ်စိတ်တိုသွားသည်။
“ပြီးရောကွာ.. အဲဒါဆိုလဲ ငါမပြောတော့ဘူး”

သီဟစိတ်ဆိုးသွားမှန်းသိ၍..
“အလကားစတာပါကွာ သီဟကလဲ.. အေးပါကွာ ငါသတိထားပါ့မယ် ဒါပေမယ့် ချိုယုယနဲ့ က အဆင်ပြေကာနီးနေပြီကွ ပြီးတော့…”
“သောက်ရူး ရောဂါကျွမ်းနေပြီမှတ်လား”
“အဟေး… မဟုတ်ဘူးလားဆိုတော့… အင်းဟုတ်တယ်”

“မင်းအတွက် ချိုယုယဘေးက ဘေဘီဝတုတ်လေးနဲ့ မိတ်ဆက်ပေးပါ့မယ်ကွာ”
“တော်ပါပြီကွာ..ကျေးဇူးတင်ပါတယ်နေခန့်ရာ”

“အဟ.. ဟေ့ကောင်လူကြားကောင်းအောင် လျှောက်ညည်းမနေနဲ့ ကွန်ပြူတာကျောင်းက မင်းကောင်မလေး ဘယ်နားသွားထားမလဲ။ မင်းကဒီကျောင်းမှာလဲ နောက်ဇာတ်လမ်း ထွင်ချင်နေပြန်ပြီလား”
“အဟီး”
ကန်တင်း နားမှဖယ်ရီကားများ ထွက်တော့မည်ဖြစ်ရာ
“see you သီဟရေ.. အာနေဦး မနက်ဖြန်ငါမလာနိုင်ဘူး ဒီနေ့အိမ်ပြောင်းမှာမို့ မနက်ဖြန် ၀ိုင်းကူစရာတွေရှိလို့ မင်း roll sheet အခြေအနေကြည့်ပြီး လတ်မှတ်ထိုးထားပေးကွာ”
“အေးပါကွ ဒီတပတ်ကျောင်းပိတ်ရင်လဲ ငါလာလည်ဦးမယ် မင်းတို့အိမ်ကို”
“Ok bye bye”
**************
“နေခန့်ရေ.. မင်းကလဲကွာ ဒီနေ့ ပြန်လာတာနောက်ကျလှချည်လား။ မေမေတို့ ဒီမှာပစ္စည်းတွေ အကုန် ဟိုဘက်ရောက်သွားပြီ။ သားကို စောင့်နေတာ”
“ဟုတ်တယ်မေမေရေ.. ဒီနေ့ ဖယ်ရီက လမ်းမှာပျက်နေလို့ လိုင်းကားစီးပြန်လာတာ”
“ဟော သားဖေဖေတောင် မေမေတို့ကို လာကြိုနေပြီ.. သွားရအောင်သား”
--------------------------------
အခုကျွန်တော်အသစ်ပြောင်းသော နေရာသည် ခြံဝန်းက အရင်အိမ်ထက်ပိုကျယ်ဝန်းသည်။ အိမ်မှာ တိုက်ခံအိမ်၂ထပ်တိုက် လေးဖြစ်ပြီး ပြန်ပြင်ဆောက်ထားသည်မှာ မကြာသေးဟု သိရသည်။ သို့သော်အိမ်ရှင်က မဆီမဆိုင် အ၀ါနောက်နောက်ကြီး သုတ်ထားသည်။ အိမ်ထဲတွင် ပစ္စည်းများက နေရာချထားတုန်း ဖြစ်သဖြင့် ဟိုတစ်ပုံဒီတစ်ပုံ ဖြစ်နေ၏။
“သားရေ..မေမေတို့ ညနေစာစားဖို့ ထမင်းနဲ့ဟင်း သွားဝယ်လိုက်ဦးမယ်။ ပြီးတော့ လိုတဲ့ပစ္စည်းနဲနဲကို စတိုးဆိုင်မှာ သွားဝယ်လိုက်အုံးမယ်။ သားဗိုက်ဆာရင် ဆွဲခြင်းထဲမှာ ခေါက်ဆွဲခြောက်ထုပ်နဲ့ ရေနွေးနဲ့ ရှိတယ်။ အဆာပြေအရင်စားထားပေါ့။ မေမေတို့ သိပ်မကြာပါဘူး”
“ဟုတ်ကဲ့ပါမေမေ”
ဒီအိမ်ကြီးကို ကြည့်ရတာ နေရာသစ်ဖြစ်နေ၍လားမသိ တမျိုးကြီးဖြစ်နေသည်။ အပေါ်ထပ် တစ်ထပ်ပါသည့် အတွက်တော့ မိသားစုသုံးယောက်သာရှိသော နေခန့်တို့အတွက် အနည်းငယ် ကျယ်ဝန်းလှပါသည်။ နေခန့်က သူ့နေရမည့် အပေါ်ထပ်ရှိ အခန်းကို တက်ကြည့်၏။ အပေါ်ထပ် တွင် အခန်းသုံးခန်းရှိပြီး သူ့အခန်းနှင့် စတိုခန်းသည် ကပ်လျက်ဖြစ်သည်။ သူ့အတွက် အခန်းက အရင်အိမ်က အခန်းထက်ကျယ်ဝန်းပါသည်။ အခန်းထဲရှိ သူ့ပစ္စည်းများအား ဘယ်ကစရှင်းရမှန်း မသိဖြစ်နေ၍ အရင်ဇိမ်ယူဖို့ အိပ်ယာ အရင်ခင်းလိုက်သည်။
“အင်း..ဒီအခန်းလေးက ငါ့အရင်အခန်းထက်စာရင် မဆိုးပါဘူး။ ပြတင်းပေါက်နားမှာ ငါ့ကွန်ပြူတာ ထားမယ်။ စာကြည့်စားပွဲက ဒီဘက်ဘေးမှာ ထားရမယ်။”
“ဂျစ်..ဂျစ်..ဂျစ်”
ရုတ်တရက် သူ့ဘေးဘက် စတိုခန်းမှ တစုံတခုကုတ်ခြစ်သံကို ကြားလိုက်ရသည်။ သို့နှင့် စတိုခန်းဘက်သို့ ကူးခဲ့ပြီး တံခါးကို ဖွင့်လိုက်၏။ တံခါးဖွင့်ဖွင့်ချင်း အောက်သိုးသိုးအနံ့ ကြီးက နှာခေါင်းထဲ တိုးဝင်လာသည်။ ဒီအခန်းက ဒီအတိုင်းပစ်ထားတာ ကြာပြီထင်တယ်။ စတိုခန်းသည် သူ့အခန်းလောက် ကျယ်ပြီး အခန်းထဲမှာ ကလေးစက်ဘီးစုတ်တစ်စီး၊ သေတ္တာတလုံးနှင့် သစ်တိုသစ်စများ၊ ကပ်ထူပုံးကြီးများနှင့် တံခါးနှင့်ကပ်လျက် တွင် ဗီဒိုကြီးတစ်လုံးရှိသည်။ ထိုစဉ် သူ့နောက်မှာ တစ်ယောက်ယောက် ရောက်နေသလို ခံစားရသဖြင့် လှည့်ကြည့်လိုက်၏။ သို့သော် ဘယ်သူမှရှိ မနေပါ။ အခန်းထဲတွင် မီးလုံးလေးသာ တပ်ဆင်ထား သဖြင့် အလင်းရောင်မှာ မိန်ဖျော့နေ၏။ ခုနက အသံသည် ခဏတိတ်ဆိတ်သွားရာမှ သူ့ခြေသံကြားတော့မှ အသံက ပိုကျယ်လာသည်။ သူအနည်းငယ်တော့ ကျောချမ်းသလိုဖြစ်လာသည်။ ဘာကြောင့်မှန်းမသိ သူ့နားတွင် တစ်ယောက်ယောက်ရှိနေသလို ခံစားနေရသည်။ ဗီဒိုထဲမှ အသံသည် ပိုမိုဆူညံလာသဖြင့် အရဲစွန့် ပြီးဆွဲဖွင့်လိုက်သည်။ တစုံတခု သူ့အပေါ်သို့ ခုန်အုပ်လိုက်သည်။
“၀ုန်း”
“အား”
“အာ… တောက်ကြောင်စုတ်”
အနက်ရောင် မဲမှောင်နေသော ကြောင်တစ်ကောင်သာ ဖြစ်၏။ ဘယ်သူကများ ဒီကြောင်ကို ဗီဒိုထဲလာပိတ်ထား ပါလိမ့်။ ဒုတိယအကြိမ်မြောက် သူ့နောက်ကျောတွင် တစုံတယောက် မတ်တပ်လာရပ်နေသလို မသတီစွာ ခံစားရပြန်သည်။
“အာ.. ငါဘာတွေ ဖြစ်နေတာပါလိမ့် မဖြစ်ဘူး အောက်ဆင်းပြီး ရေချိုးအုံးမှပဲ”
သူလှေကားမှ အောက်ထပ်သို့ ဆင်းရန်ပြင်လိုက်စဉ် အောက်ဘက်လှေကားရင်းတွင် သူ့အားစိမ်းစိမ်းကြီး ကြည့်နေသော ကလေးငယ်တစ်ယောက် အားတွေ့လိုက် ရသည်။
“အောင်မယ်လေးဗျ”
သေချာကြည့်တော့မှ ၈နှစ်အရွယ် ခန့်ရှိသော ကလေးငယ်တစ်ယောက် သာဖြစ်နေသဖြင့် နေခန့် အိဒြေ္နပြန်ဆည် လိုက်ပြီး
“ဟေ့ ညီလေး..မင်း ဘာလာလုပ်တာလဲ”
“ကျွန်တော်အိမ်ရှေ့ အိမ်ကပါ.. လူသစ်တွေရောက်တယ်ဆိုလို့ လာကြည့်တာပါ။”
“အော်..အေး..ဟုတ်ဟုတ်လား…အင်းထိုင်လေကွာ”
ကလေးလေး တစ်ယောက်ကို တောင် အဓိပ္ပါယ်မဲ့စွာ ကြောက်ရွံ့နေ၍ သူ့ကိုယ်သူုစိတ်တို မိ၏။
“ကျွန်တော် မထိုင်တော့ပါဘူး”
“ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲကွ”
“အာကာ..ပါ”
ထိုကလေးသည် နေခန့်နှင့် စကားပြောနေရင်းနှင့် နောက်ကျောကို လှမ်းလှမ်းကြည့်နေသဖြင့် နေခန့် ခင်မျာ မလုံမလဲဖြစ်နေသည်။
“သားရေ အာကာရေ”
“ဗျာ သားဒီမှာ လာပြီ ကျွန်တော်သွားပြီနော်”
“အော် အေးမင်း အမေခေါ်နေပြီထင်တယ် နောက်လဲ ငါ့တို့ဆီလာခဲ့လေ”
“ဟုတ် သွားပြီ”
အာကာက သူ့ကို နှုတ်ဆက်စကားဆိုသော်လည်း သူ့မျက်လုံးများက နေခန့် အနောက်ဘက်ဆီသို့ သာ တချက်တချက် ကြည့်နေရာ အနည်းငယ်ကျောချမ်းလာသည်။
မကြာမှီ မေမေတို့ ပြန်ရောက်လာကြသည်။
“သားဗိုက်ဆာနေပြီလား.. ထမင်း၊ ဟင်းတွေ ၀င်ဝယ်နေလို့ ကြာနေတာ ကဲလာမေမေတို့ စားကြရ့အောင်၊ ဖေကြီးရေ.. အဲဒီအထုပ်တွေ ဒီအတိုင်းထားလိုက်တော့လေ။ လာညစာစားကြမယ်။”
မေမေတို့ဝယ်လာသော ညစာကို စားပြီး ထိုညအဖို့ ရေပင်မချိုးတော့ပဲ.. စောစောအိပ်ယာဝင် ပစ်လိုက်တော့၏။ (ဆက်ရန်...)





Read Users' Comments (2)

သေလူ

အလင်းမိုက်သောည ညဥ့်လယ်
သေငယ်ဇောကပ်နေတဲ့...ဇီဝအသက်ရှူသံခပ်ပြင်းပြင်းတွေ
သွေးပျက်ခြောက်ကပ်လွန်းတဲ့ ရယ်သံတွေ
ငါ....စိတ်နားထဲမပီမပြင်...ခပ်သဲ့သဲ့ကြားရ...
အမှောင်ခြုံလွှာအောက် ရမ္မက်ညှီနံ့တစ်ချို့..
ခပ်လှမ်းလှမ်းမှ....လှမ်းတွေ့လိုက်ရတယ်။
အက်ကွဲဆူဝေနေတဲ့ ဟိန်းဟောက်သံတွေ
အဝေးတစ်နေရာဆီက.....ပြေးပြေးလာနေတယ်။
တဖြည်းဖြည်းနီးလာပြီ....
နာရီအော်သံတွေကြားနေရတယ်....
ငါ့ရင်ဘတ်ကြီး...တင်းကြပ်ဖိကပ်ပြီး
နှလုံးခုန်သံ တချက်တချက်ရပ်ရပ်သွားပေါ့
ငါ့အခန်း...၀န်းကျင်တစ်ခုလုံး
အဲဒီအနီရောင်မျက်လုံးဟောက်ပတ်တွေနဲ့
ပြည့်နှက်...
ငါ...လွင့်လွင့်သွားခဲ့...မဟုတ်သေးဘူ့း။
ငါ့ကိုယ်ငါတောင် မသိချင်တော့ဘူး။
ငါ့...နံဘေးက အလင်းတွေ
တဖြည်းဖြည်း..မှောင်မဲလာ..
ငါလွင့်လွင့်သွားခဲ့..
ခပ်ကြမ်းကြမ်း...အင်အားတစ်ခုက
ခန္ဓာဝန်ထဲက...ငါ့ကို ခပ်ကြမ်းကြမ်းဆွဲထုတ်သွား
ငါ..ငါလွင့်လွင့်သွားခဲ့.....။

Read Users' Comments (0)

ပြောပါရစေ

သရဲဇာတ်လမ်းရေးရင်ကောင်းမလားလို့ စာဖတ်သူများဘယ်လိုသဘောရလဲခင်ဗျာ

Read Users' Comments (2)

မန္တလေးသို့အလည်တစ်ခေါက်(၃)

ကဲကျွန်တော့်မန္တလေးခရီးစဉ်ကြီးကတော့ ဒီမျှပါပဲ။ ရန်ကုန်ပြန်ခရီးမှာတော့ မန္တလေးကိုနောက်တစ်ခေါက် အေးအေးဆေးဆေး လာလည်ချင်စိတ်များ ကိန်းအောင်းခဲ့ပါတယ်။ မန္တလေးရေ... နှုတ်ဆက်ခဲ့ပါတယ်


အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခိုတဲ့



မန္တလေးနာရီစင်လေ။ ကျွန်တော်ခင်မောင်ထူး သီချင်းတောင်သွားသတိရတယ်။ (မင်းလေးကပဲလှသလား...မန္တလေးဈေးချိုနား သက်ရှိသက်မဲ့ မဆိုဖမ်းစားတော့မလို့လား.. မန္တလေးရဲ့ဈေးချိုနာရီကြီးတောင် ငုံ့လို့ကြည့်လိုက်သလား) အဟ မန္တလေးမှာ ရွှေမန်းသူလေးတွေ ခေတ်မှီနေပြီဗျ ရန်ကုန်အတိုင်းပဲ လန်းတယ်။
စိုင်းထီးဆိုင်သီချင်းက ပုံပြင်လိုဖြစ်သွားပြီ( ဈေးချိုထွက်တိုင်းလဲ မြင်းလှည်းသမားတွေက ဘုရားကြီးလားလို့မေးကြတယ် ဆိုတာလေ မြင်းလှည်းမှမရှိတော့တာ ဈေးချိုနားမှာ)



နွေရသီဆိုဒီနေရာမှာ ဆိုင်တွေအတော်များတယ်တဲ့။ ထန်းရည်လည်းရဆိုပဲ ကျွန်တော်သွားတဲ့အချိန်က နေပူကျဲတဲကြီးမို့လို့ အအေးပဲသောက်ခဲ့တယ်။ အဟိ








ကဲနာမည်ကြီးတဲ့ ဦးပိန်ဆိုတာပေါ့။ သူက အင်းပေါ်မှာ ဆောက်ထားတဲ့ သစ်လုံးတံတား ဖြစ်ပါတယ်။



အမရပူရမြို့နယ်ထဲက ရတနာပုံတက္ကသိုလ်ပုံ။ ဦးပိန်ဘက်ကို ဆက်ထွက်ခဲ့ရင်း ဆိုင်ကယ်နဲ့လိုက်ပို့ပေးတဲ့ အသိက(သူလဲရတနာပုံကျောင်းသားပဲ) ရတနာပုံတက္ကသိုလ်နဲ့ပတ်သက်ပြီး ဆိုရိုးလေးပြောပြသွားတယ်။ အဲဒါကတော့ ဘဲမရှိတဲ့စော်..တံတားပေါ်တဲ့။ စော်မရှိတဲ့ဘဲ သစ်တောထဲတဲ့။ သူပြောပြတဲ့အတိုင်းပြောပြတာနော်။ ရွှေမန်းသားများကျွန်တော်အမှားပါရင်ခွင့်လွှတ်ပေးကြပါ။ ဆိုလိုတာက ချစ်သူရည်းစားမရှိတဲ့ ကောင်မလေးတွေက တံတားပေါ်သွားသတဲ့။ ကောင်မလေးမရှိတဲ့ ယောင်္ကျားလေးများကတော့ ကောင်မလေးမရှိလို့စိတ်ညစ်ရင် သစ်တောထဲက ထန်းရည်ဆိုင်ကို သွားသတဲ့။ ဒါကတော့ ဘာရယ်မဟုတ်ပါဘူး ကျောင်းသားတွေရဲ့ ပြောစမှတ်ကလေးပေါ့။






မန္တလေးတက္ကသိုလ်(ကျွန်တော့်အဖေရဲ့ ကျောင်းတော်ကြီးပေါ့။ အဖေက ဒီကျောင်းကြီးမှာ ပညာသင်ကြားခဲ့တာပေါ့။ အင်းသူလဲ ကျောင်းတော်က ဇာတ်လမ်းလေးတွေ ရှိချင်ရှိမှာ..အဟိအမေနဲ့ ပြန်ချွန်လိုက်ရင်ကောင်းမယ်)




ငါး၊ လိပ်ကန်

အလေးချိန် ၃၆၂၄ ပိဿာရှိသော ကြေးစည်ကြီး































ဗဒုံမင်း၏ သားတော်အိမ်ရှေ့မင်းသားက ရခိုင်ပြည် ဓည၀တီမှ သယ်ဆောင်လာသော ယိုးဒယားပြည်၏ ကြေးသွန်းနတ်ရုပ်ကြီးများ၊ အဲဒီနတ်ရုပ်ကြီးများ ၏ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးခြင်းအားဖြင့် မိမိခန္ဓာကိုယ်မှာရှိတဲ့ ရောဂါဘယတွေ ပျောက်ကင်းကြောင်း အယူရှိပါတယ်တဲ့။






























နန်းတွင်းကနေ မဟာမြတ်မုနိကိုရောက်ခဲ့ပါတယ်



















ခြောက်ကားစီးကြမလား..အဟားမနောက်ဘူးနော် ရွှေမန်းမှာ တကယ်၆ကား ရှိတယ်။

Read Users' Comments (0)

မန္တလေးသို့အလည်တစ်ခေါက် ၂


နန်းတွင်းအ၀င်က လက်ယာပွဲတော်ဆောင်


နန်းမြင့်မျှော်စင်ပေါ်မှ စိမ်းလန်းသောရှုခင်း















နန်းမြင့်မျှော်စင်ပေါ်က ရိုက်ထားတာလေ



















ရှေးတုန်းက နန်းတွင်းဘဏ္ဏာတိုက်လို့ပြောတာပဲ











ကနောင်မင်းသားကြီး



ယောအတွင်းဝန်ဦးဖိုးလှိုင်ဖြစ်ပါတယ်။ (ဘာကြောင့်မှန်းမသိဘဲ ပြတိုက်ထဲမှာ ဓာတ်ပုံရိုက်ခွင့်မပေးလို့ ကျွန်တော်လဲ ခပ်တည်တည်နဲ့ ဇွတ်ရိုက်ခဲ့ပါကြောင်း)






မင်းတုန်းမင်းတရားကြီး








ဒါနဲ့ဗျာ မန္တလေး နန်းတွင်းထဲကို ဆိုင်ကယ်နောက်က ထိုင်လိုက်သွားတာ ကျွန်တော်က ဆံပင်ကို Gel နဲ့ ထောင်သွားတာဆိုတော့ ဆံပင်ပုံစံပျက်မှာစိုးလို့ ဆိုင်ကယ် ဦးထုပ်မဆောင်းမိဘူးလေ။ အဲဒါမုခ်ဝနားမလှမ်းမကမ်းလဲကျရော တိုင်းမှူးအိမ်နားလဲရောက်ရော စစ်သား၂ယောက်က ကျွန်တော့်မှာ ဦးထုပ်မပါလို့ ဆိုင်ကယ်မောင်းတဲ့သူကို ရစ်ပါလေရော။ မနည်းပြောဆိုပြီးမှ ဆက်ထွက်ခဲ့ရသေးတယ်။


Read Users' Comments (1)comments

မန္တလေးသို့ အလည်တစ်ခေါက်




မန္တလေးနန်းတော်အ၀င်ဝ









စက်ဘီးဆိုင်ကယ်မြို့တော်ဆိုတာယုံသွားပြီဗျာ




ကျွဲဆည်ကန်နားက ယူနီစန် ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာမနက်စာစားခဲ့တာပေါ့။


ကျွန်တော်မန္တလေးကို စနေနေ့က သွားခဲ့၏။ မြောက်ဥက္ကလာ အောင်မင်္ဂလာ အဝေးပြေးဝင်းက ၄ နာရီကားနဲ့ ရွှေမန္တလာကားနဲ့ ခရီးထွက်ခဲ့သည်။ ညနေ ၆နာရီခွဲခန့်မှာ ပဲခူးမှာရပ်ပြီး ညနေစာစားရပါသည်။ ထို့နောက် ညတစ်လျှောက်လုံးမောင်းပြီး ကျွန်တော်အိပ်မောကျနေသော အချိန်၁၂နာရီခွဲခန့်တွင် ဘာကြောင့်မှန်းမသိ ညလယ်စာစားရန်တစ်ခါရပ်ပြန်ပါသည်။ အလွန်အာရုံနောက်ပြီး အိပ်ရေးပျက်ပါသည်။ ကျွန်တော့်အိမ်မှာဆိုလဲ ဒီအချိန်အိပ်ကောင်းတုန်းအချိန်ဖြစ်ပါသည်။ ဘာညလယ်စာမှ မစားတတ်သော ကျွန်တော့်မှာ ကားပေါ်မှခရီးသည်များ မဆင်းမနေရဆို၍သာ ဆင်းပြီး ငေါင်ဆင်းဆင်းနှင့် အအေးတစ်ပုလင်းမှာပြီး စိတ်ပျက်စွာပင်ထိုင်နေမိပါသည်။ ထို့နောက်တောက်လျှောက်မောင်းပြီး မနက်လေးနာရီခွဲခန့်တွင် နောက်တစ်ခါ မနက်စာအတွက် ရပ်ပြန်ပါသည်။ အတော်စိတ်လေသွား၏။ ဘုန်းကြီးလဲမဟုတ်ဒီအချိန်ကြီး မနက်စာစားရမှာ။ မန္တလေးသွားတဲ့ ကားမှန်သမျှဒီလိုကြီး ပဲတဲ့လေ။ မျက်နှာသစ်ပြီး ခြေညောင်းလက်ဆန့်သာလုပ်ပြီး ကားပေါ်ပြန်တက်လို့ရသည်အထိ စောင့်ခဲ့ရသည်။ ဒါနဲ့(အဟီး) နောက်တစ်ရေးအိပ်လိုက်ပြီး ကျွဲဆည်ကန်ရောက်တော့မှ နိုးတော့တယ်။ စနေနေ့က ထွက်တာဆိုတော့ တနင်္ဂနွေနေ့ မနက်၇နာရီလောက်ရောက်တာပေါ့။ အဲဒါနဲ့ကျွန်တော့်ကို လာကြိုတဲ့သူတွေကိုရှာ ပြီးတော့ ကျွဲဆည်ကန်နားက Unison လက်ဖက်ရည်ဆိုင်ကြီး ကိုမနက်စာဝင်စားကြပါတယ်။ မန္တလေးနန်းကြီးသုပ် ကောင်းသည်ဆို၍ ရန်ကုန်နန်းကြီးသုပ်နဲ့ ဘာများကွာလဲဟု မှာစားကြည့်ရာ အတော်ကွာသည့်အချက်သွားတွေ့ပါသည်။ အဲဒါကတော့ ကျွန်တော်တို့ ရန်ကုန်ကနန်းကြီးဖတ်ထက် အင်မတန်ကြီးသော နန်းကြီးဖတ်ကြီးများနှင့်သုပ်ထားခြင်းပါပဲ။ ကျွန်တော်တို့ဆီက နန်းကြီးကို သူတို့က နန်းလတ်ဟုသာခေါ်ကြောင်း ကြားသိခဲ့ရပါတယ်။ စားသောက်ပြီးတာနဲ့ ကားနဲ့တည်းခိုမယ့် ကျွန်တော့်ဦးလေးအိမ်ကိုမောင်းခဲ့ရာ မန္တလေးကို စက်ဘီးမြို့တော်ဟုခေါ်ကြောင်း (အခုတော့ စက်ဘီးအပြင် ဆိုင်ကယ်တွေပါ ပေါများစွာတွေ့ရပါတယ်) မျက်မြင်တွေ့လိုက်ရ၏။ ကျွန်တော်တည်းခဲ့တဲ့အိမ်က မန္တလေးသာသနာ့တက္ကသိုလ်ဝင်းထဲမှာဖြစ်ပါတယ်။ အဲဒီနေရာက ကောင်းမှုတော်ဘုရားနဲ့ စန္ဒာမုနိဘုရားများနဲ့နီပါတယ်။ ရေမိုးချိုးအ၀တ်အစားလဲ နေ့ခင်းစာစားပြီးတာနဲ့ တစ်ရက်ပဲအချိန်ရတဲ့ ကျွန်တော်ဟာ အသိဆိုင်ကယ်တစ်စင်းနဲ့ မန္တလေးရဲ့အထင်ကရနေရာတွေ လျှောက်လည်ခဲ့ပါတယ်။ ဓာတ်ဆီလေးပုလင်း ၀ယ်ထည့်ပေးပြီးတော့ပေါ့။ ပထမ နန်းတွင်း၊ မန္တလေးတက္ကသိုလ်အဟောင်း(ကျွန်တော့်အဖေ ရဲ့ကျောင်းတော်ကြီပေါ့) ပြီးတော့ မဟာမြတ်မုနိဘုရားကြီး၊ ရတနာပုံတက္ကသိုလ်၊ ဦးပိန်တံတား၊ဈေးချို၊ ကျောက်တော်ကြီးဘုရား၊ ကောင်းမှုတော်နဲ့ စန္ဒာမုနိဘုရား တို့ကို (မြွေကြီးနှစ်ကောင်တောင်ပေါ်ကလွဲပြီး) အကုန်နှံ့ခဲ့ပါတယ်။ အားလုံးသွားပြီးတာနဲ့ ညနေ၅နာရီခွဲလောက်ဖြစ်သွားပြီး နေ့ခင်းကရိုက်ခဲ့တဲ့ပုံတွေကို blog ပေါ်တင်ဖို့ မြို့ရိုးမြောက်ဘက်ဆိုလား အဲဒီဘက်က အင်တာနက်ဆိုင်မှာသွားသုံးတာ connection မှာအလွန်နှေးကွေးရာ page တစ်ခုတက်ဖို့ ၁၀ မိနစ်ခန့် စောင့်ပြီး blogger.com ကို ၀င်ဖို့ မိနစ် ၂၀လောက်ကြိုးစားလိုက်ရသည်။ ပုံတွေတင်ဖို့ လုပ်ရင်း virus နှစ်ကောင် flash ထဲဝင်လာရာ သတ်ရင်း၊ upload လုပ်၍မရခြင်းများစွာနဲ့ ကျွန်တော့်မှာ အချိန်တွေသာကုန်ပြီး ဘာမှမလုပ်လိုက်ရဘဲ ၁၂၀၀ကျပ်သာကုန်သွားခဲ့ပါတယ်။ ကျွန်တောရန်ကုန်ရောက်ပြန်ရောက်ပြီး ၂ ရက်ကြာမှတင်ဖြစ်ခဲ့ပါတယ်။ ကဲခရီးသွားဓာတ်ပုံတွေ ကြည့်ရှုကြပါဦးခင်ဗျာ။


Read Users' Comments (1)comments