twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

တောင်ရောက်မြောက်ရောက်

ဥာဏ်ကြီးရှင်များ
မှတ်မှတ်ရရ နယ်မှာကျောင်းတက်တုန်းက အဆောင်မှာနေရင်း ဂစ်တာတီးဖို့
သီချင်းစာအုပ်လိုလို့ သွားဝယ်တယ်။ သူငယ်ချင်းနှစ်ယောက် ပေါင်းမှ ၁၀၀ပဲ
ရှိတယ်။ အဖြစ်ဆိုးတယ်ဗျာ အိမ်ကလဲပိုက်ဆံမပို့ပေးသေးတော့ ငတ်နေရတဲ့
အချိန်ပေါ့။ အဲဒီမှာ သီချင်းစာအုပ်ကလဲဝယ်ချင်၊ ပိုက်ဆံကလဲမရှိတာနဲ့ ကျန်ရာ
မရတုန်းစက်ဘီးစီးရင်း သီချင်းစာအုပ်သည်ကိုတွေ့ရော။ အံမယ် ဒီစာအုပ်သည်
က လုပ်ငန်းခွဲနဲ့ဗျာ သူက စာအုပ်လဲရောင်းသလို ကြွေဗေဒင်လဲ တွက်သဗျ။
အဲဒါနဲ့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး တစ်ယောက်က ဗေဒင်မေးမယ်ပေါ့
ဗေဒင်က တစ်ခါဟော ၅၀ ခင်ဗျာ့။ စာအုပ်ကတစ်အုပ်ကို ၅၀။ ဒါပေမယ့်ဗျာ
ကျွန်တော်တို့ က စာအုပ်တစ်အုပ်လုံးမလိုချင်ဘူး။ ကြိုက်တဲ့သီချင်း လေးတွေ
ပဲရွေးယူချင်တာဆိုတော့ ကြိုက်တဲ့သီချင်းက တစ်အုပ်မှာ မှ သုံးလေးပုဒ်လောက်
ပဲပါတော့။ ၀ယ်ရင် လေးအုပ်လောက်ဝယ်မှ အကုန်ရမှာကိုး။ အဲဒီတော့ တွက်ခြေ
မကိုက်ဘူးလေ။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းကို ဗေဒင်မေးခိုင်းထားလိုက်တယ်။
ငနဲသားကလဲ မေးလိုက်တာ၅၀ဖိုး တောင်မကဖူး။ အပိုတွေလျှောက်မေးနေတာ။
အမှန်တော့ ကျွန်တော်တို့က အချိန်းအချက်လုပ်ထားတာလေ။ ကဲသူတို့နှစ်ယောက်
လေပစ်နေတုန်းကျွန်တော်က စာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်ပြီး ကြိုက်တဲ့ အပုဒ်
တွေကို ကျွန်တော်ဘာလုပ်တယ်ထင်လဲ။ အဟီး အလွတ် ထိုင်ကျက်ပစ်လိုက်တာ။
၅ပုဒ်လောက်ရသွားတယ်။ ပြီးပြီရသွားပြီဆိုတော့။ ဟဲဟဲ ဟေ့ကောင်ပြန်မယ်ကွာ။
သီချင်းတွေကလဲ အသစ်မရှိပါဘူးကွာ ငါတို့ဆီမှာရှိပြီးသားတွေကွ။ သြော် ဦးလေး
အသစ်ထွက်ရင် ချန်ထားပေးဦးနော်။ လို့ပြောပြီးခပ်တည်တည်နဲ့ ပြန်ပြေးခဲ့ကြရော။
ကဲတွေ့ပြီမဟုတ်လား ရွှေဥာဏ်တော်စူးရောက်ကြပုံကို။အ ဟီး။

Read Users' Comments (0)

ကောင်မလေးသို့...

ငါမပြောခဲ့ပေမယ့်
ငါ့စိတ်ကူးထဲ အကြိမ်ပေါင်းများစွာ
နင့်ကိုချစ်ခဲ့တယ်။
ငါအလေးထားမှုတွေ
နင်သတိမထားခဲ့တာ
ငါအံ့သြရတယ်...။
ကမ်းပါးခြောက်ကပ်ထဲ
ငါလှမ်းမျှော်နေရတယ်။
နင်ဟာငါ့ကို ဖြတ်တိုက်ဖို့
အရမ်းဝေးလွန်းနေတယ်။
ငါ့ကျွန်းပေါ်မှာ
မီးရှို့ပြီး အလံလွှင့်ပေးထား
တာတောင်
နင်က....လှိုင်းငြိမ်လွန်းတယ်။
ငါဟာစိတ်ပေါ့သွပ်သူပဲ။
ဒါကိုနင်သိလား...။
နင့်ဆီက..
ငါလိုချင်တာတစ်ခုပဲ
အများကြီးမဟုတ်ဘူး။
ပန်းနုရောင်ပန်းတစ်ပွင့်စာ
မင်းနှုတ်ခမ်းက
နင့်ကိုငါချစ်ပါတယ်
ဆိုတဲ့စကား..။
ငါကြားခွင့်ရှိလား...?။
ငါလေ....
ငါလေ..
ငါ...
ငါ ဘာပြောချင်နေတယ်ဆိုတာ
နင်သိနေတယ်မဟုတ်လား...?။

Read Users' Comments (0)

ဆိုရိုးစကား

အနည်းငယ်မိုက်မဲသောသူများသည် ရည်းစားထားကြသည်။
ထို့ထက် မိုက်မဲသူတို့သည် အိမ်ထောင်ပြုကြသည်။
အလွန်မိုက်မဲသော သူများကား တစ်ကိုယ်တည်း အရိုးထုတ်သူများဖြစ်ကြလေသတည်း။

Read Users' Comments (1)comments

တံခါး

တချက်ချက်...ပြတ်ပြတ်သွားတဲ့
ခေါက်သံတွေကြားရတယ်။

ငါ့ကိုလာကြိုကြတာလား
ငါ့ကိုလိုက်ပို့ကြတာလား မကွဲပြားဘူး။

အဲဒိ အပေါက်ဟာ
ဝင်ပေါက်တစ်ခုလား၊ ထွက်ပေါက်တစ်ခုလား
ဆိုတာ ၀ိဝါဒကွဲပြားမနေနဲ့...
ဒီဘက်ကကြည့်ရင်ထွက်ပေါက်ဖြစ်ပြီး
ဟိုဘက်ကကြည့်ရင်ဝင်ပေါက်ပေါ့....

ငါ့မှာဘာမှမရှိတော့မှ
ဝမ်းမသာပေးပဲ....
လာငိုပြနေတာ ငါ့ကိုစော်ကားတာပဲ။

ငါအဲဒီဖြတ်မျဉ်းနယ်နမိတ်လေးတစ်ခုရဲ့
ဟိုဘက်ကိုကျော်ဖို့ ငါဟာတွေဝေနေရတယ်။
ငါလူကြားကောင်းအောင် ပြောပြောနေတဲ့
ရဲရင့်ခြင်းတွေဘယ်ရောက်ကုန်ပြီလဲ။

ရင်ဘတ်ထဲမှာ ဟာတာတာနဲ့
တစ်ခုခုလိုနေသလိုပဲ။

ငါသေသေချာချာ သိပြီး
ယူကြုံးမရဖြစ်မိတယ်။

ငါဟာငါ မဟုတ်ခဲ့ဘူးတဲ့

ငါဟာငါ မဟုတ်ခဲ့ဘူးတဲ့

ငါဟာငါ မဟုတ်ခဲ့ဘူးတဲ့

Read Users' Comments (0)

I'm an idiot

ကျွန်တော်၏အသုံးမကျခြင်း....
ကျွန်တော်ကတစ်ခါတရံအတွေးခေါင်လွန်းတယ်။
ကျွန်တော်အဲဒိကောင်မလေးကို
သဘောကျမိနေတာတောင်
ကျွန်တော် ပြောဖို့ကြိုးစား နေတာ။....တစ်ရက်ပြီးတစ်ရက်။
ကျွန်တော်ရင်ခုန်မိတာမှန်ပေမယ့်
အဖြူရောင်သက်သက်မှာဆေးတွေ
ရေးခြစ်မိသလိုဖြစ်သွားမှာ လဲဆိုးတယ်။
အရူးမလေးရေ....ငါ...သွပ်ရူးတော့မယ်။
ကျေးဇူးပြု၍...ငါ့ကိုအိပ်မက်တွေကနေ လှုပ်နှိုးပေးပါ။
ကျေးဇူးပြု၍...ငါ့ကို အရူးကြီးလို့ပြောပေးပါ။
ကျေးဇူးပြု၍...ငါ့ကို ရက်စက်ပေးပါ။
ကျေးဇူးပြု၍...ငါ့ကို မုန်းလိုက်ပါ။
ကျေးဇူးပြု၍...
ကျေးဇူးပြု၍...
ကျေးဇူးပြု၍...

မင်းယွန်းသစ်




Read Users' Comments (0)

Who am I?

မနက်ကကျွန်တော်....
အခုကျွန်တော်နဲ့......
မနက်ဖြန်ကျွန်တော်...တွေကြားထဲ
ဖြောင့်မှန်ခြင်းရဲ့....ကျွန်တော့်ဝိဥာဉ်အစစ်
ဘယ်ရာသီမှာ ကွန်းခိုခဲ့လဲ..။

မင်းယွန်းသစ်

Read Users' Comments (0)