twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကျွန်တော်ပြောချင်တာက

စိတ်လိုလက်ရ ရှိတဲ့အခါ
သေမင်းနဲ့ ချက်တင်လုပ်ကြည့်ပါ.
သူ့ဆီမှာ ကျွန်တော်တို့အတွက်
အချိန်မှန်နာရီ တခုရှိလိမ့်မယ်...
ကမ္ဘာကြီးက ပြားသွားသလို
လူ့ဦးနှောက်တွေလဲ ပြားသွားကြရဲ့..
ဒီလိုပါပဲ... အခြောက်တိုက် ဘ၀င်မြင့်နေတဲ့ သူများဟာ
ကစားစရာအသစ်ရတဲ့ ကလေးတွေ (၀ါ) အင်္ကျီအသစ်ရတဲ့ သူရူးတွေနဲ့ တူတယ်..
ကျွန်တော့်နံရိုးတချောင်းကို ဖြုန်းတီးပစ်လိုက်တဲ့ အတွက်
ဘုရားသခင်ကို ကျေးဇူးမတင်ဘူး..
ပျင်းစရာ ကောင်းတဲ့ ခေတ်ပေါ်ကဗျာ ရှည်တွေဟာ
ခေတ်ဆန်တဲ့ နှုတ်ခမ်းနီရဲရဲ လေး တွေလောက် စိတ်ဝင်စားဖို့ မကောင်းဘူး..
ဟိုဈေးတက် ဒီဈေးတက်နဲ့ ဈေးမတက်တာဆိုလို့
ကျွန်တော်နဲ့ ကျွန်တော့် ကဗျာတွေပဲရှိတယ်...
(ကြုံရင် အားပေးကြအုံးနော့)
ကမ္ဘာကြီး အသက်ရှုကြပ်တဲ့အခါ...
ခင်ဗျားရဲ့ ဆေးလိပ်ကို မီးသတ်လိုက်ပါ
ခင်ဗျားရဲ့ ကားကိုရပ်ထားပါ
ရေခဲသေတ္တာကို လုံးဝမသုံးပါနဲ့...
လေထုညစ်ညမ်းမှာ စိုးတဲ့အတွက်
ခင်ဗျားရော ခင်ဗျား အပေါင်းအသင်းတွေရော
ကျေးဇူးပြု၍ ယောက်ျားကြီး တန်မဲ့ အတင်းမတုပ်မိပါစေနဲ့...။

Read Users' Comments (2)

2 Response to "ကျွန်တော်ပြောချင်တာက"

  1. Anonymous Says:
    January 12, 2009 at 1:57 PM

    ကမ္ဘာကြီး အသက်ရှူကြပ်တဲ့အခါ ဘေးမဖြစ်အောင် မီးဖြတ်ထားလိုက်မယ်ကွား)

  2. Moe Hlaing Nya says:
    January 12, 2009 at 8:21 PM

    ဦးမင်းယွန်း ကဗျာက လမ်းတယ်ဗျ ဂျီတော့ထဲမှာ သေမင်းနဲတွေ့ရင်ပြောဗျာ အဲဒီဘဲဆီမှာ ကျွန်တော်အသက်အာမခံကြေးတွေပြန်တောင်းမလို့ မိုက်တယ် ဆက်မိုက်နိုင်ပါစေဗျာ။