Posted in |
Tuesday, March 31, 2009
ကွန်နက်ရှင်နှေးမယ်တဲ့ ပြောထားတာ ၂၁ ရက်နေ့ကတည်းက ၂၅ရက်နေ့အထိတဲ့။ ပြောတော့ ငါးရက် အဲ ၂၅ရက်ရောက်ပြန်တော့ ဧပြီ၁ရက်နေ့တဲ့။ ပြောပုံကမျှော်လင့်မထားသော အခက်အခဲများ ရှိပါ၍ ဆိုပဲ။ ဟော ဒီနေ့ alertထပ်ပေါ်လာပြန်ပြီ ၃ရက်နေ့တဲ့လေ..။ အဲ့ဒါပဲ ဧပရယ် ဖူးလ်အလုပ်ခံလိုက်ရပြီပေါ့။ ကလေးတွေ မုန့်စားချင်ရက်နဲ့ မစားရသလို ...အင်တာနက် သုံးချင်ပါတယ်ချိုမှ.... လို့ထိုင်ပြီး ငိုနေရမလား မသိပါဘူး။ဒါမှမဟုတ်လဲ ရဲလေးတို့ အငြိမ့်ထဲကလိုပဲ..။ (SE ME WE များ ပြင်ပြီးတဲ့ခါအားလုံးအဆင်ပြေနေရမယ်... မကျော်လွှားပဲသုံးရမယ်..အင်တာနက်လဲ ကွန်နက်ရှင်သိပ်ကောင်းမယ်..... (အာ..ဟား... ဟုတ်လဲ .. ဟုတ်ပဲနဲ့.. အာဟာ..ဟုတ်လဲ..ဟုတ်ပဲနဲ့... )...ဒန့်..တန့်...တန့်)..။ ယူဂျိုးကြီးတွေ..၊ယူညာကြီးတွေ၊ ယူယိမ်ကြီးတွေ....။ ဟွင်းဟွင်း:P
Posted in
Labels:
အတိုအထွာ
|
Sunday, March 29, 2009
ခက်တော့ ခက်သလားဗျာ.။ အင်တာနက် မရှိတဲ့ ဘ၀က တော်တော် ဆိုးတယ်ဗျာ..။ သူများတကာလို အလုပ်ရှိရင်လဲ တခြား လုပ်နေလို့ရသေး။ ကျွန်တော်များ အလုပ်က မရှိ အင်တာနက်က ပျက်၊ အိမ်မှာလဲ မနေချင်၊ အပြင်မှာလဲ နေပူ၊ လက်ဖက်ရည်ဆိုင်က လဲ မထိုင်တတ်၊ သူငယ်ချင်းတွေကလဲ ရည်းစားတွေနဲ့ လျှောက်လိမ့်၊ အောင်ညတ်လေး ယောင်ဝါးဝါး ကောင် ဖြစ်နေမှန်း အင်တာနက်ကြီး ပျက်တော့မှ ကိုယ့်ဟာကိုယ် သိတော့တယ်ဗျာ....။ ဗြဲ...။
Posted in |
Saturday, March 21, 2009
ကျွန်တော့်မလဲ ဒီဒိုမိန်းလေး တခု ၀ယ်ထားပါတယ်။ ပြဿနာက ခဏခဏ တက်နေတယ်ဗျာ။ ကျွန်တော့် ဒိုမိန်းမှာ မကြာခဏ ဖြစ်နေတာက 404 Sever Not Found ဖြစ်နေပါတယ်။ domain setting လဲ အကောင်းကြီးပါ။ တခြားသူတွေ ဖြစ်မဖြစ်တော့ မသိဘူး။ ကျွန်တော်တော့ ခဏခဏ ဖြစ်တယ် ဖြစ်ရင်လဲ အနည်းဆုံး ၂၄နာရီလောက် ကြာတယ် လိပ်စာကို ဖွင့်မရဘူး။ ဒီပြဿနာကို ဘယ်လို ဖြေရင်းရမှန်း မသိတော့လို့ ကျွန်တော် blogger help groups မှာ ပို့စ်တင်ထားတယ်။ ကျွန်တော် ဒိုမိန်း ၀ယ်ထားတယ် ဆိုတာလဲ လူရှိန်အောင် မဟုတ်ပါဘူး။ ကျွန်တော့်ဆီလာလည်တဲ့ ပြည်တွင်းက လူတွေ အဆင်ပြေ ချောမွေ့စွာ ဖတ်ရှုနိုင်အောင်လို့ပါ။ ဘလော့ကာကိုလဲ မစွန့်လွှတ်နိုင် ကိုယ်ပိုင် ဟို့စ် စတင်ဝယ်မယ်ဆိုတော့လဲ ကိုယ်က ပိုက်ဆံရနေတာလဲ မဟုတ်တော့ ဒိုမိန်းနဲ့ ဟို့စ်စတင် ပေါင်း တစ်နှစ်ကို ၇သောင်းလောက် ကုန်မယ့် ကိစ္စ လက်တွန့်နေရတာပေါ့။ ဒီတော့ ဒီလောက်ဖြစ်တဲ့ ဒိုမိန်း ၀ဲ ပစ်လိုက်တာပဲ ကောင်းမယ်။ မဟုတ်ရင်လဲ တခြား ဒိုမိန်းအသစ်တခု ၀ယ်တော့မယ် စိတ်ကူးတယ်ဗျာ။ problem source ကလဲ ဘယ်က ဖြစ်မှန်း မသိတော့ ခက်တယ်။ သိရင်လဲ ပြောပြပေးကြပါအုံးဗျာ...။ ဘာဖြစ်တယ်ဆိုတာ။ မဟုတ်လဲ blogspot ဒိုမိန်း ပြန်ပြောင်းထားလိုက်မယ်။ ကူညီကြပါအုံးဗျို့...။
Posted in |
Saturday, March 21, 2009
ဒီနေ့ ဘရောင်ဇာ ဖွင့်တာနဲ့ Notice ကြီး တက်လာသဗျာ။ အကြောင်းစုံကတော့ အောက်ပါ အတိုင်းပါတဲ့ ခင်ဗျာ။ Fiber Optic Cable ပြင်ဆင်မှာ ဖြစ်လို့ မတ်လ ၂၁ ရက်ကနေ မတ်လ ၂၅ရက်နေ့အထိ ကွန်နက်ရှင်များ ပုံမှန်ထက် လေးနေမည် ဖြစ်ကြောင်းပါတဲ့ ခင်ဗျာ။ ဟုတ်ကဲ့ လေးကြစေသတည်းပေါ့ခင်ဗျာ... အဟတ်။ 
Dear Valuable Customer,
This is to announce that SEA-ME-WE3 (International Internet Backbone Submarine Fiber Optic Cable) will be under maintenance from the 21st March 2009 to the 25th March 2009. During these days we will provide the service by landline fiber link and WWW browsing will be significantly slower than usual.
We will maintain the e-mail service.
We sincerely apologize for any inconvenience caused.
Myanmar Teleport
More Info
Posted in
Labels:
memories,
Minnyoonthit,
Photo,
Record
|
Thursday, March 19, 2009
Posted in
Labels:
miscellaneous,
Today Yangon
|
Wednesday, March 18, 2009
မနေ့ညက ၁နာရီလောက်ကြီး လေတွေ တော်တော် တိုက်လာတယ်ဗျာ။ အစကတော့ လေပြေလေးပဲ။ နောက်ပိုင်းကျတော့ လေက ပြင်းလာတယ် သစ်ပင်တွေ တ၀ုန်းဝုန်းနဲ့။ လူက နာဂစ်ပြီးကတည်းက လေပြင်းပြင်း တိုက်ရင် လန့်နေတော့ ပြတင်းပေါက်လေး အသာဟပြီး ကောင်းကင်မိုးသား အခြေအနေကို ကြည့်ရသေးတယ်။ ကောင်းကင်ကတော့ ကြည်လင်နေတာပဲ။ လေကတော့ တော်တော်ကို ဟူးဟူးရားရား တိုက်နေတာပဲ။ ဒါနဲ့ ကြိတ်မှိတ်ပြီး ပြန်အိပ်နေလိုက်တယ်။ မနက်နိုးတော့ မိုးပဲ ရွာတော့မလိုလိုနဲ့ အုပ်အုပ်မှိုင်းမှိုင်းကြီး ဘာကိုလွမ်းရမှန်း မသိဘူး။ နေရထိုင်ရ တမျိုးကြီးပဲ။ (ဆရာ တယောက်ကတော့ ပြောဖူးတယ် မိုးအုပ်ရင် လွမ်းသလိုလို အုပ်မှိုင်းမှိုင်းကြီး ခံစားရတာဟာ နေရဲ့ စွမ်းအင် သတ္တိ ရဲရင့်မှုတွေ မရတော့လို့တဲ့)။ အင်း ဒါနဲ့ အဖွားအိမ်ဘက်ကို သွားမယ်လေ ဆိုပြီး သွားတော့ ဆိုက်ကားဂိတ်မှာ ၀ါထိန်ထိန် ပန်းတွေကို ဆိုက်ကား ဆရာတွေကော အဒေါ်ကြီး နှစ်ယောက် သုံးယောက်နဲ့ ကောင်မလေး တွေရော ၀ိုင်းယူနေကြတယ်။ သေချာကြည့်တော့ အားပါး ပိတောက်တွေပါလား အချိန်အခါမဟုတ်.။ တယောက်ယောက်က အများကြီးခူးလာပုံရတယ် ဒါနဲ့ ကျွန်တော်လဲ သုံးခက်လောက် တောင်းပြီး အိမ်အတွက် ယူလာတယ်။ ညက မိုးတဖြောက်နှစ်ဖြောက် ရွာသွားတယ် ဆိုပဲ အဟတ် အိပ်ပျော်သွားတာ သိတောင် မသိလိုက်ပါဘူး။ :P ပိတောက်ကို မြင်တော့ သင်္ကြန်ကို လွမ်းတယ်ဗျာ။ အင်း သင်္ကြန်ဝေးနေတုန်းက သင်္ကြန်မဆော့တော့ဘူး ဆိုတဲ့ သင်္ကြန်ပိုးက ပိတောက်လဲ မြင်ကော မရိုးမရွပြန်ဖြစ်ချင်လာတယ်။ ဟင်းနော်...။ အဟဲ ပိတောက်တွေနဲ့ သင်္ကြန်မင်းသား ပုံလဲ ကိုယ့်လူတို့ ရှုစားလို့ ရအောင် ရိုက်ထားတယ်ဗျာ..။ အားပေးသွားကြပါအုံး။


Posted in
Labels:
Fun,
News,
Today Yangon
|
Sunday, March 15, 2009
ညီအကိုတို့ရေ ဒီနေ့ည မြေနီကုန်းမှာ ဘာရွန်းမစ်ရှင်းအား ကျွန်တော် မောင်မင်းယွန်းမှ ကွန်မန်ဒို ဘလော့ဂ်ကာများအား လာရောက် စစ်ကူမည် ဖြစ်ပါသည်။ အဟိ။ / ဒီလောက်ပဲ ပါတယ်နော်..။ ပါသလောက်ပေါ့ဗျာ.။ အားလုံး ဒီညနေဆုံမယ်ဗျို့..။ ထပ်၍ လိုက်ချင်သူများ မြေနီကုန်း ၀က်မှီးဆိုင်သို့ ညနေ၆နာရီ အရောက် လာခဲ့နိုင်ကြောင်း မောင်းထု၍ ကြေငြာအပ်ပါသည်။ ဒူဝေ.. ဝေ..ဝေ..။ :P
Posted in
Labels:
poem
|
Thursday, March 12, 2009
အတုံးအရုံးပါပဲ....
အမှတ်မရှိတဲ့.. အတွက်. လောင်ကျွမ်းခံလိုက်ရပြန်တယ်...
တွန့်ခေါက်နေတဲ့ ပြဿဒါးတွေက
ပိုးစိုးပက်စက်ပဲ ဟောဒိ ရင်ဘတ်ကို ခုတ်ထစ်သွားကြရဲ့...
ရယ်သွေးသွမ်းရမလား.. ဒါမှမဟုတ် ငိုကြွေးပစ်လိုက်ရမလား
မသိတော့ပါဘူး.. ပင်လယ်ရယ်..
နုံနဲလွန်းတဲ့ အန္ဓကောင်ပါ....
မိုက်ကန်းလွန်းတဲ့.. ယဇ်ကောင်တကောင်ပါ...
ထိရှ...၊ အက်ကျေ..၊ ပျက်သုန်း သွားခဲ့ရတယ်...
မိုင်ကုန်ပါပဲ.... ဖိုသီဖတ်သီနိုင်လွန်းသွားတဲ့ နေ့လည်ခင်းတွေနဲ့
အဲ့ဒိနေ့က .....သောကြာနေ့ ဖြစ်ခဲ့တယ်။
Posted in
Labels:
News
|
Thursday, March 12, 2009
မနေ့က ဘောလုံးပွဲမကြည့်တာလဲ ကြာပြီ ချန်ပီယံလိဂ်ပွဲလဲရှိ၊ အာကြီးပွဲလဲ ရှိ၊ မီးကလဲလာ ဆိုတော့ ကျွန်တော်ဘောပွဲကြည့်ဖို့ လုပ်လိုက်တယ်။ တယောက်တည်း ကြည့်ရမှာ ပျင်းတာနဲ့ အိမ်ဘေးက သူငယ်ချင်းတွေကို ကြည့်မယ်ဆိုပြီး အဖော်ညှိလိုက်တယ်။ အိမ်မှာက ကျွန်တော်က အခုနောက်ပိုင်း ဘောလုံးပွဲတွေလဲ မကြည့်ဖြစ်ပါဘူး။ သတင်းတွေပဲ ကြည့်ဖြစ်တာ များတယ်။ အိပ်ရေးလဲ အပျက်မခံနိုင်တော့လို့ပါ။ မနေ့ကတော့ ကြည့်မယ်ဆိုပြီး တညလုံး မအိပ်ပဲ စာအုပ်ထိုင်ဖတ် ကွန်ပြူတာ ထိုင်သုံးရင်း စောင့်တာပေါ့။ ၂နာရီ လောက်ကျတော့ အိမ်ဘေးက ကောင်တွေကို သွားနှိုးပါတယ်။ ငတိတွေက ဆင်အော် တာတောင် မနိုးဘူး။ ကျွန်တော်ရဲ့ အောင်မြင်တဲ့ အသံကြီးနဲ့ အော်နှိုးတာတောင်မရဘူး။ :P နောက်ဆုံး နှိုးလို့မရတော့ ထားလိုက်တော့တယ်။ မနိုးတာလဲ ကောင်းပါတယ်။ အဟတ် သူတို့က မန်ယူသမားတွေလေ ကျွန်တော်က အာကြီးဆိုတော့ ပွဲလုနေရမှာပေါ့။ :) ဒါနဲ့ နောက်ဆုံးတော့ ခေါက်ဆွဲခြောက်တွေ ထိုင်စား၊ မုန့်တွေထိုင်စား၊ ကော်ဖီတွေ သောက်ရင်း တယောက်တည်း အားပေးလိုက်တော့တယ်။
အဲ ..ဒါနဲ့ ဘောပွဲကြည့်တယ်ပေါ့ဗျာ။ အာကြီးကို ကျွန်တော်က မြန်မာအသင်းလောက်ကို ချစ်တာဆိုတော့ ရှုံးထွက်ပွဲစဉ်လဲဖြစ်ပြန်ဆိုတော့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာပေါ့။ မနေ့က အာကြီးအခင်းအကျင်းကလဲ မဆိုးပါဘူး။ ရှေ့တန်းမှာ ဗန်ပါစီ၊ ဘန်တနာ၊ အလယ်တန်းမှာ နာဆရီ၊ အီဘိုယေး စသည်ဖြင့်ပေါ့။ အကောင်းဆုံးလို့ ပြောနိုင်တဲ့ လူစာရင်းပေါ့။ ပထမပိုင်း တပိုင်းလုံး အာကြီးပဲ တောက်လျှောက်ဖိနေတာပါ။ ဒါပေမယ့် ဒီနေရာမှာသာ တာက တော့တီတို့ ရိုးမားက သမ္ဘာနဲ့ ကစားသွားကြတယ်ဗျာ။ ပထမပိုင်း တောင်မပြီးသေးဘူး အီးဘိုယေးရဲ့ အမှား (ဟုတ်မယ်ထင်တာပဲ) ကနေ ရိုးမား တလုံးရသွားတယ်။ သေစမ်း..။ လုပ်လာပြီ အာကြီးတော့။ တော်လှ... တော်လှနဲ့ ယောင်းမမြင်းစီးထွက်တယ်။ ချန်နယ် ပြောင်းကြည့်တော့ တဘက်မှာ မန်ယူက တဂိုးရနေပြီ။ သရဲနီကတော့ အခြေအနေကောင်းနေပြီပေါ့။ ကျွန်တော့်အာကြီးသာ ဟင့်။ ဒါနဲ့ ဒုတိယပိုင်းကန်တယ်။ ရိုးမားက ဆရာတွေက တလုံးသွင်းပြီး အတင်းပိတ်ကစား နေတယ်ဗျာ။ ဘန်တနာလဲ မလှုပ်သာ၊ ဗန်ပါစီလဲ ဘာမှမတတ်နိုင်ရှာဘူး။ တချက်တချက် တန်ပြန်ထိုးဖောက်ချက်တွေက ရင်တထိတ်ထိတ်နဲ့။ အချိန်ပိုထိ ရောက်သွားတယ်။ ရိုးမကတောင် ပြန်ဖိသလို ဖြစ်နေတယ်။ ၀ဲကော့လ်တို့လဲ ပါလာတယ်။ ဒါပေမယ့် သိပ်မထူးဘူး။ သမ္ဘာကို မယှဉ်နိုင်ဘူး။ နောက်တန်းကို မကျော်နိုင်သလို ဖြစ်နေတယ်။ နောက်ဆုံး ပိန္နဲသီး အဲလေ.. ပယ်နယ်တီ ထိရောက်လာတော့ အိပ်ချင်လာတဲ့ မျက်လုံးတောင် ပြူးလာတယ်။ ဘုရား.. ဘုရား ပထမငါးလုံးစီ ကန်တာ ၂လုံးစီ မ၀င်ဘူး။ ဒါနဲ့ နောက်ထပ် ငါးလုံး ထပ်ကန်တယ်။ Tonetto (ရိုးမား) က မ၀င်ဘူး တိုင်ကျော်သွားတယ်။ ဒါနဲ့ ၇ဂိုး ငါးဂိုးနဲ့ အာဆင်နယ် ပွတ်ကာသီကာ နောက်တဆင့် တက်သွားတယ်ပေါ့ဗျာ။ အောင်မြတ်လေး အာကြီးရေ... အသဲတယားယား ကြည့်လိုက်ရတာ..။ ဟူးးးး... ဒါပေမယ့် တော်သေးတာပေါ့ :D..။
Posted in
Labels:
Knowledge,
News,
Technology
|
Monday, March 09, 2009
co.cc အကောင့်ကို ကျွန်တော်လုပ်ထားတာ ဘယ်သူမှ သိပ်မသုံးခင် ၂၀၀၇ ခုနှစ် လောက်ကတည်းကပါ.။ အခုနောက်ပိုင်း co.cc ဟာ ဘလော့တွေမှာ အတော်လေး အသုံးများ လာတာ တွေ့ရပါတယ်..။ အခု ကျွန်တော်လုပ်ထားတဲ့ အကောင့်လေးက တနေ့က ကုန်သွားပါတယ်..။ သူက renew လုပ်ဖို့ ပြောပါတယ်။ ပိုက်ဆံတောင်းတယ်ပေါ့။ ကျွန်တော် အံ့သြသွားတယ်.ကျွန်တော့်အတွက်က co.cc က လျှောက်ကလိထားတာ ဖြစ်ပေမယ့် တခြားသော ဘလော့တွေမှာ ဒိုမိန်း တပ်ထားတဲ့ သူတွေအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။

သက်တမ်းကုန်သွားလို့ renew လုပ်ခိုင်းတာပါ..။

သက်တမ်းတိုးဖို့ ပိုက်ဆံတောင်းနေပါတယ်..။
ဆိုတော့ co.cc အသုံးပြုသူများ လောလောဆယ် အလကား ဆိုပေမယ့် သက်တမ်း ကုန်တတ်ပါတယ်ခင်ဗျာ..။ co.cc နဲ့ ဘလော့ ဒိုမိန်း တပ်သူများ ခင်ဗျာ.. သက်တမ်း မကုန်ခင် အလကား သုံးလို့ရမယ့် နောက်တခုကို ရှာကြည့်ကြပါအုံး..။ co.cc ဟာ တနှစ်ကျော်ရင် ပိုက်ဆံ တောင်းတဲ့ အကြောင်း အများသိစေရန် ဝေမျှလိုက်ရပါတယ်..။
Posted in
Labels:
News,
Reference,
Today Yangon
|
Sunday, March 08, 2009
အောက်ဖော်ပြပါ သတင်းအား SoccerMyanmar ဆိုက်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါကြောင်း။
+++++++++++++++++++++++++++
ပရိုလိဂ်နှင့် ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများ (Rules & Regulations) များအား မတ်လ (၁၁)ရက်နေ့တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ Think Tank အစည်းအဝေးတွင် နောက်ဆုံး အတည်ပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ စည်းမျဉ်းစည်းကမ်း အချက်အလက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
(က) ပရိုလိဂ် စည်းမျဉ်းစည်းကမ်း စာအုပ်ကို မတ်လ (၁၁) ရက်နေ့ နောက်ဆုံးအကြိမ် Think Tank အစည်းအဝေးတွင် ဆွေးနွေးပြီးနောက် အတည်ပြု ရေးဆွဲပြီး အသင်းတိုင်းသို့ ဝေငှမည်။
(ခ) ကစားသမား၊ နည်းပြများကို MNL က သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း အတိုင်း ပြည်ပမှ ခေါ်ယူခွင့် ပြုမည်။
(ဂ) ကစားသမားများကို ပြည်ပမှ အများဆုံး (၅)ဦး ခေါ်ယူတင်သွင်း ကစားခွင့် ပြုမည်။
(ဃ) အသင်းတိုင်းက ပရိုစည်းမျဉ်းနှင့် အညီ ဖွဲ့စည်းရမည် ဖြစ်ပြီး ပြိုင်ပွဲ မတိုင်မီ နှစ်ပတ်အလိုတွင် FIFA, AFC တို့မှ ကျွမ်းကျင်သူများက အသင်းများ ဖွဲ့စည်း ထားရှိမှု အသေးစိတ်ကို လာရောက် စစ်ဆေး ကြည့်ရှုမည်။
(င) ပရိုအဆင့်မီ ဖွဲ့စည်းမှသာ ပရို အသင်းအဖြစ် သတ်မှတ်မည်ဖြစ်ပြီး၊ ပြိုင်ပွဲ ၀င်ခွင့်ပေးမည်။
(စ) ပရိုအသင်း ပိုင်ရှင်များ အနေဖြင့် ပရိုအသင်းအတွက် ပဏာမ ရင်းနှီးမြှပ်နှံငွေကို ငွေစာရင်း သီးခြားဖွင့်ကာ အနည်းဆုံး ကျပ်သိန်း (၂၀၀၀) ထားရှိပေးရမည် ဖြစ်ပြီး အဆင့်မီ ရုံးခန်း၊ ကွင်း၊ လေ့ကျင့်ရေးစင်တာများနှင့် ၀န်ထမ်းဖွဲ့စည်းပုံကိုလည်း သီးခြား ထားရှိရမည်။
(ဆ) ပရိုအသင်းနှင့် အတူ လူငယ် အသင်းများကိုလည်း စီမံချက် ရှိရှိ ကြိုတင်ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက် ထားရမည်။
(ဇ) အသင်း ပြောင်းရွှေ့ ရာတွင် Transfer Fees, Signing Fees နှင့် Player Salary, Bonus များကို သီးခြား သတ်မှတ်ပေးပြီး MNL သို့ အစီရင်ခံစာ တင်သွင်းရမည်။
(ဈ) ၀န်ကြီးဌာနများ အနေဖြင့် ကစားသမား တိုင်းကို သင့်တော်သည့် ပြောင်းရွှေ့ ကြေး သတ်မှတ်၍ ကစားသမားများ ပြောင်းကစားချင် သော အသင်းကို အနည်းဆုံး ၂နှစ်ခန့် On Loan သဘောမျိုးဖြင့် ပြောင်းရွှေ့ ခွင့် ပေးရမည် ဖြစ်ပြီး အဆင့်မြင့်တန်းမှ ကစားသမား ဖြစ်လျှင် ၀န်ကြီးဌာနသို့ Transfer Fees ကျပ် (၁၀)သိန်းစီ၊ ပထမတန်း ဆိုလျှင် (၅)သိန်းစီ ဒုတိယတန်း ဆိုလျှင် (၃)သိန်းစီ ပေးချေရမည် ဖြစ်ပြီး Signing Fees မှာ ကစားသမားနှင့် ၎င်းအား ခေါ်လိုသည့် အသင်းများ၏ သဘောတူညီ နိုင်မှု အတိုင်းဖြစ်သည်။
(ည) ၀န်ကြီးဌာနများ အနေဖြင့် မိမိတို့၏ ကစားသမား များကို ပရိုအသင်းများသို့ မဖြစ်မနေ စေလွှတ်ပေးရမည် ဖြစ်ပြီး နှစ်နှစ်ခန့် လုပ်သက်ခွင့် သဘောမျိုး လစာ ပေးချေထားရမည်။ ကစားသမားက အပြီးပြောင်းချင် ပါကလည်း ပြောင်းခွင့် ပေးရပါမည်။
(ဋ) လောလောဆယ်တွင် အေးဂျင့် မထားခိုင်းသေးဘဲ ပြည်ပမှ ခေါ်လိုသော ကစားသမား နည်းပြများနှင့် ပတ်သက်၍ MNL (MFF) မှ တဆင့် သက်ဆိုင်ရာ နိုင်ငံ/ကလပ် အသင်းသို့ Bio Data များ တောင်းခံပြီး သက်ဆိုင်ရာ ဘောလုံး အဖွဲ့အစည်းများ၏ ထောက်ခံစာ (Commence) ရှိမှသာ အပြောင်းအရွှေ့  လုပ်ခွင့်ရမည် ဖြစ်သည်။
(ဌ) ကလပ် အသင်း တစ်သင်း (လောလောဆယ် ၈သင်းအတွက်) A အဆင့် သတ်မှတ်ထားသည့် လက်ရွေးစင် ကစားသမား (၃၂)ဦးအား တစ်သင်းတွင် ၄ဦး၊ B အဆင့် သတ်မှတ်ထားသည့် လက်ရွေးစင်ဟောင်း ကစားသမား (၁၆)ဦးအား နှစ်ဦးစီ ရွေးချယ် ခေါ်ယူခွင့် ရှိပြီး ကျန်ကစားသမား များကို စိတ်ကြိုက် ညှိနှိုင်း ခေါ်ယူခွင့် ရှိပါသည်။
Link Ref :www.soccermyanmar.com
Posted in
Labels:
Fun,
Knowledge,
Technology
|
Saturday, March 07, 2009
ကျွန်တော့်ရဲ့ www.minnyoonthit.net ဒိုမိန်းကို ၀ယ်ထားတာ ၁နှစ်ကျော်ပြီ နောက်တနှစ်စာတောင် ထပ်ဝယ်ပြီးပြီ။ ကျွန်တော့် ဒိုမိန်းကို ကိုဇေယျာရဲ့ Ideal Technology Co,Ltd ကနေ ၀ယ်ထားတာပါ။ အဟတ် ကျွန်တော့် ဒိုမိန်းက ၀ယ်ကတည်းက ကို ကျွန်တော်က Google Apps မှာ လျှောက်ကလိထား တော့ တခါ ပြဿနာ တက်ပါသေးတယ်။ ဒီအကြောင်းတောင် ကျွန်တော် ဒီမှာ ရေးထားပါသေးတယ်။ မျောက်အုံးသီး ဒိုမိန်းလေ ဟိဟိ။ ဒိုမိန်းနဲ့ ပတ်သက်လို့ ကွိုင်တက်တိုင်း ကိုဇေယျာဆီ နားပူ နားဆာ လုပ်လေ့ရှိပါတယ်။ :P သူမို့လို့ ကျွန်တော့်ကို စိတ်ရှည်တာ တခြား သူသာဆို ကျွန်တော် ကဂျီကကြောင် ကျတာနဲ့ စိတ်ရှည်မှာ မဟုတ်ဘူး။ ကျွန်တော်က ကလိကလဲ ကလိ အမေးအမြန်းကလဲ ထူ။ နောက်တခု ကျွန်တော့် ဒိုမိန်းကို ၀ယ်ကတည်းက မရတဲ့ ပြဿနာ တခုက ကျွန်တော့် ဘလော့ကို www.minnyoonthit.net ဆိုရင် ရပြီး minnyoonthit.net (www မပါရင်) မရပါဘူး။ အဲ့ဒိ ကိစ္စကို ကျွန်တော်က Ideal ကိုလဲ အကြိမ်ကြိမ်သွား နိုင်ဂျံကား ရောက်နေတဲ့ ကိုဇေယျာ့ကိုလဲ လုပ်ပါအုံး ဘာလို့မရတာလဲ ဘာညာပေါ့ အဟီး သွားရစ်နေတာ။ သူ့ကတော့ ကျွန်တော်မေးတိုင်း စိတ်ရှည်ရှည် ရှင်းပြရှာပါတယ်။ ဟီး အားလည်း နာတယ် ခင်လဲ ခင်တယ်။ ဒီနေ့လဲ ကျွန်တော် သတိရလို့ သူ့ကို အွန်လိုင်းတွေ့တော့ ထပ်မေးပါတယ်။ သူကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးပြန်ပါတယ်။ ဟီး။ ဒါနဲ့ ကျွန်တော်လဲ တခုခုတော့ လွဲနေတာ သေချာပြီ။ ကိုဇေယျာက သူတို့ဘက်က အကုန်လုပ်ပေးပြီး သွားပြီတဲ့။ ကျွန်တော်လဲ ထပ်မေးရမှာ အားနာလာတယ်။ ဒါနဲ့ ဟိုရှာ၊ ဒီရှာ ပြီးတော့ သူငယ်ချင်းဆီကို ဖုန်းဆက်မေးတော့မှ လိပ်ပတ်လည် သွားတယ်။ သူ့သူငယ်ချင်း တယောက်နဲ့ ဖုန်းပြောတာ သူလဲ အဲ့လို ကလိဘူးတယ်။ ဒီလို အဲယာ တက်ဖူးပါတယ် ဆိုမှ သေချာ သဘောပေါက်သွားတော့တယ်။ (ဟီး ပေါက်သွားပြီနော်.. ကိုကြီး ဇေယျာ :D) အင်း နောက်ဆုံးတော့.. ဘလော့ကာ ကြောင့်ဆိုတာ သိသွားတယ် ဗျာ။ ဟုတ်တယ် blogger မှာ ဒိုမိန်းထည့်ရင် www.yourname.com ဆိုတာမျိုးပဲ ရပြီး www မပါတဲ့ ဟာတွေကို ဒီလို Error လာပြတယ်ဗျာ။

အော် ဘလော့တွေကို ကိုယ်တုံးလုံး ဒိုမိန်းတွေမှာ ဟို့စ် မလုပ်ပေးပါဘူးတဲ့။ :P (ဟီး တော်တယ်နော် ဘာသာပြန်တာ။) အဲ အနှစ်ချုပ် အနေနဲ့ ပြောရရင် ဘလော့ကာမှာ www မပါပဲ ဟို့စ်လို့ မရပါဘူး ခင်ဗျာ။ လူရှိန်အောင် လုပ်လို့ မရပါဘူး။ Wordpress မှာတော့ ရပါလိမ့်မယ်။ အဟဲ.. ဆိုတော့ ကိုကြီးဇေယျာရေ ညီလေး သိသွားပါပြီ ခင်ညာ..။ :D အဟဲ ဒိုမိန်းလေးများ ၀ယ်ချင်ရင် ကိုဇေယျာ့ဆီမှာ ၀ယ်ပါခင်ဗျာ..။ မေးချင်တာ မေးလို့ ရပါတယ်။ ကိုဇေယျာက သဘော အရမ်းကောင်းပါတယ်..။ ဟီး
Posted in
Labels:
News,
Today Yangon
|
Thursday, March 05, 2009
မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) သည် မတ်လ ၄ရက်နေ့တွင် ဆီဒိုးနား ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ သတင်းစာ ရှင်းလင်းချက်အရ “မြန်မာနေရှင်နယ်လိဂ်” ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်း ကိုယ်စားပြု ကလပ်ရှစ်သင်းဖြင့် ကနဦး ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၁-၂၀၁၂ ရာသီတွင် ၁၂ သင်းအထိ တိုးချဲ့ သွားရန် အစီအစဉ် ရှိကြောင်း ရှင်းလင်း ပြောကြား သွားသည်။ ပြိုင်ပွဲဝင် အသင်းကြီးများ ဖွဲ့စည်းရာတွင်လည်း အသက် ၂၀ အောက် လူငယ် အသင်းများကို ပါ ထည့်သွင်း ဖွဲ့စည်းရန် လျာထားကြောင်း သိရှိရပါတယ်။ ယခု ကနဦး ရှစ်သင်းကို မြန်မာနိုင်ငံ ၏ ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖြစ်ကြသော ဦးတေဇ(ထူး)၊ ဦးအောင်ကိုဝင်း(ကမ္ဘောဇ)၊ ဒေါက်တာ စိုင်းဆမ်ထွန်း(Alpine) ၊ ဦးထွန်းမြင့်နိုင် (Asia World) ၊ ဦးဌေးမြင့်(ယုဇန)၊ ဦးအောင်မိုးကျော် (IBTC) ၊ ဦးချစ်ခိုင်(ဧဒင်) ၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း) တို့၏ ကိုယ်ပိုင် ကလပ် အသင်းများဖြင့် ပါဝင်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ ဒေါက်တာစိုင်းခမ်ထွန်း၏ ရတနာပုံ F.C အသင်း (မန္တလေးတိုင်း) တွင် ယခုဆို ဘယ်လ်ဂျီယမ် လူမျိုး နည်းစနစ် ဒါရိုက်တာ တစ်ဦး၊ ပြင်သစ်လူမျိုး နည်းပြတစ်ဦး၊ အိုင်ဗရီကို့စ် ကစားသမား နှစ်ဦးနှင့် နိုက်ဂျီးရီးယား ကစားသမား သုံးဦးတို့ကို ခေါ်ယူထားပြီးဖြစ်ကြောင်း ယနေ့ထုတ် Bi-Weekly Eleven တွင် ဖော်ပြပါရှိပါတယ်။ မြန်မာဘောလုံး လောက အတွက် ၀မ်းသာစရာ ပြောင်းလဲမှု တခုလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ကဲ ကျွန်တော်တို့ မြန်မာနေရှင်နယ် လိဂ်ကြီးကို စောင့်မျှော် ကြည့်ကြ တာပေါ့ ခင်ဗျာ..။

Ref: First Eleven
Posted in
Labels:
memories,
Minnyoonthit,
Record
|
Tuesday, March 03, 2009

၂၀၀၇ခုနှစ် မတ်လ ၄ရက်နေ့က စရေးတဲ့ ကျွန်တော့် ဘလော့လေးဟာ အခုတော့ ၂နှစ်ပြည့်သွားပါပြီ။ My TLMS ၂နှစ်ပြည့် မွေးနေ့လေးပေါ့ဗျာ.။ ဘလော့ရေးလာတာ ၂နှစ်အတွင်းမှာ ဘလော့လောကကို ကျောခိုင်းသွားတဲ့ သူငယ်ချင်းများကိုလဲ လွမ်းပါတယ်။ အခုထိ ကျန်ရှိနေသေးသော ကျွန်တော်၏ သူငယ်ချင်း ဘလော့ကာ များအတွက်လဲ ဂုဏ်ယူပါတယ်။ ကျွန်တော်တော့ ဘလော့လောက လေးကနေ လောလောဆယ် ထွက်ခွာသွားဖို့ မရှိပါဘူး။ ဘလော့စွဲတဲ့ ရောဂါကလဲ နေမြင့်လေ အရူးရင့်လေ ဖြစ်နေပြီကိုး။ :) ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ တိုလီမုတ်စ ဘလော့လေးကို လာရောက်လည်ပတ် ဖတ်ရှုသူ သူငယ်ချင်းများကိုလဲ အထူးကျေးဇူးတင်ပါတယ်။ (သူတို့သာ အားမပေးဘူး ဆိုရင် ကျနော်လဲ ဆက်ရေးဖို့ ခွန်အားတွေ ရှိမှာ မဟုတ်ပါဘူး)။ ကျွန်တော့် ဘလော့လေးဟာ ထင်ရှားကျော်ကြားတဲ့ ဘလော့စာရင်းထဲမှာ မပါပါဘူး။ ကျွန်တော့်ဘလော့လေးဟာ ကိုယ်ထင်ရာ ကိုယ်ရေးနေတဲ့ ဘလော့လေး တခုသက်သက်ပါ ခင်ဗျာ..။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အိမ်လေးနဲ့ တူတဲ့ ဘလော့လေးအတွက် ဂုဏ်ယူပါတယ်။ ဆက်လဲ ရေးချင်ရာ ရေးသွားပါအုံးမယ်ခင်ဗျာ..။ Happy Birthday ပါ My TLMS ရေ...။ အားလုံးကို ကျေးဇူး..။ :)
P.S (ရေးပြီးမှ... စာကြွင်းလေး..ထပ်ရေးချင်လို့.. edit လုပ်ပြီး ပြန်ရေးလိုက်တယ်...နော်.. အောက်ပါ ကဗျာလေးက ကျနော်ဘလော့ရဲ့ ပထမဆုံးပို့စ်ပေါ့..။ အမှန်တော့ သူ့ရှေ့မှာရှိတယ်.. မကြိုက်လို့ ပြန်ဖျက်ပစ်လိုက်တာ..။ ဆိုတော့ ဒီဟာလေးက ပထမဆုံးပို့စ်ပေါ့။ မြန်မာလို မရေးတတ်ခင် တုန်းက ဓာတ်ပုံနဲ့ ကဗျာတင်ထားတာ)
ဆောင်းသင့်ခဲ့ပြီ....
နှင်းကြွေတဲ့ ခရမ်းရောင် ရပ်ဝန်းမှာ...
ငြိမ်သက်စွာ ယီးလေးခိုတော့...
မိုးခေါင်ခဲ့.. ဟောဒိ ရင်ခွင်လဲ...
အစိမ်းလိုက်ပဲ... သေဆုံးခဲ့ရတယ်...။
(ဘာကဗျာလေးမှန်း မသိဘူး.. အဟိ ဟိုတုန်းက လက်ရာလေး ဆိုပါတော့..) :)