twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မိုးတွေရွာနေချိန်ခဏ

တဖျောက်ဖျောက်နဲ့ သဲလိုက်တဲ့ မိုးတွေ (တညလုံးပါပဲ)
မိုးစက်တွေ ခေါင်မိုးပေါ်ကျသံတွေက
ငါ့အိပ်စက်ခြင်းတွေကို သိုဝှက်သွားကြ…
မုတ်သုံတွေ ထွန်းတဲ့ ကောင်းကင်ယံမှာ ညှို့အုံ့မှိုင်းနေသလို
အလျားလိုက် ရှိနေတဲ့ ငါ့အတွေးတွေကလဲ တစုံတစ်ယောက်ဆီကို ရီဝေမှုံလို့….
သစ်ပင် အစိမ်းရွက်ဖားတွေပေါ် စွတ်စိုနေတဲ့
မိုးပေါက်လေးများက လျှောကနဲ နိမ့်ဆင်းသွားတော့
ငါ့ စိုတိစိုဖတ် အလွမ်းတွေလဲ ယောင်ယမ်းပြီး လှပ်ခနဲဖြစ်သွားလေရဲ့….
ဟောဒိ မိုးစက်တွေကတော့ ဘယ်သူမှ မခိုင်းပေမယ့်လဲ
ကျဆင်းနေဆဲပါပဲ..
ဒီလိုပါပဲ ကောင်မလေးရယ်….
မင်းမသိပေမယ့်
အဲဒိ လူမသိသူမသိ ရပ်ဝန်းမှာလေ …
ငါဟာ….အသံတိတ် သွန်း…ဖြိုး…နေခဲ့…..။

Read Users' Comments (1)comments

1 Response to "မိုးတွေရွာနေချိန်ခဏ"

  1. ပန်းခရေ says:
    February 1, 2008 at 3:18 PM

    မိုးတွေရွာနေချိန်ခဏ
    လူမသိသူမသိရပ်ဝန်းမှာ
    အသံတိတ်သွန်းဖြိုးမနေပဲ....
    ချစ်သူ့လက်ကိုဆွဲကိုင်ရင်း
    လွမ်းခွင့်ရချင်သား.....
    ဟိဟိ
    ရေးလိုက်ြုပီ...
    မင်းယွန်းဂွတ်လားဟိ